ကိုယ်ပဲ အသည်းကွဲ ကျန်ရစ်ဖြစ်ရမှာ..

FA ဘဝနဲ့လည်း မနေချင်တော့ဘူး။ သူကလည်း ချစ်တယ်လို့ ဆိုလာပြီ။ တစ်ရက်လောက် အပြင်မှာဆုံပြီး အခြေအနေလေး အကဲခတ်ကြမယ်။ မကြာခဏဆိုသလို တွေ့ကြမယ်။ Date ကြမယ်လို့ စဉ်းစားမိတယ်ဆိုရင် အခုပြောပြမယ့် ယောက်ျားမျိုးတွေကို လွယ်လွယ်နဲ့ လက်မခံစေချင်ဘူးနော်။

၁။ ကစားတတ်သူ

QQ截图20130905135712.png 

အချစ်ကို ကစားနေကြတဲ့ player တွေပေါ့။ သူတို့စိတ်ထဲမှာ အချစ်ဆိုတာ အလေးအနက်ထားစရာလို့လည်းမထင်ဘူး။ တစ်ယောက်ပြီးတစ်ယောက် တွဲနေကြတယ်။ တချို့ကျတော့လည်း တပြိုင်တည်းကို ၄ ယောက်လောက်တွဲနေတဲ့လူတွေ ရှိသေးတယ်။ သူလိုလူကိုချစ်ရင် အသည်းကွဲဖို့က ရာခိုင်နှုန်းများတယ်လေ။

၂။ ကိုကိုဘဝင်ရူး

mens-stylists.jpg 

သူ့ဘာသာသူ မိုးထိအောင်တော်တော် ပညာတွေဘယ်လောက်တတ်တတ် တစ်ဖက်သားကို မငဲ့ညှာတတ်ရင် အလကားပဲ။ သူချစ်တယ်ဆိုတာက ကိုယ့်ကို ပိုင်ဆိုင်ချင်လို့ပဲ။ ဂရုစိုက်ဖို့၊ နားလည်ဖို့ဆိုတာ ဝေလာဝေး။ သူ့ကိုယ်သူနဲ့ သူ့ရဲ့ဖြစ်တည်မှုကိုပဲ အလေးထားတဲ့လူမျိုးကို ချစ်မိရင် ကိုယ်က လုံးလုံးလျားလျား အလျော့ပေးမှပဲရမယ်။ ဖြစ်နိုင်ပါ့မလား?

၃။ ဦးစိတ်တို

daily-mail.jpg 

မိန်းကလေးတွေကို ချစ်မယ်ဆို စိတ်တိုနေလို့ မဖြစ်ပါဘူး။ ကိုယ်တွေက ကိုယ်သာစိတ်ဆိုး၊ စိတ်ကောက်ချင်တာ။ ကိုယ့်ကို လာအော်ဟောက်နေမယ့် ဦးစိတ်တိုတွေနဲ့ဆို လူကြားထဲလည်း အရှက်ကွဲရဦးမယ်။

၄။ ရေခဲတုံး

men.jpg 

ဘယ်ကိစ္စမဆို ကိုယ်ကပဲစရတယ်။ သူ့ဘာသာသူဆိုရင် မထုံတတ်သေးနဲ့။ ကြိုးစားလိုစိတ်လည်းမရှိဘူး။ ဘဝရည်မှန်းချက်ဆိုတာ သူ့ဘဝထဲမှာ ဘယ်နားမှန်းတောင်မသိဘူး။ ကိုယ်က ချစ်မိပြီး ယူမိရင် ကိုယ်ကပါ ပြန်ရှာကျွေးနေရဦးမယ်။ မဖြစ်သေးပါဘူးနော်။

Share

Loading Next Article...
က္က