သစ္စာဖောက်ခြင်းကို ဘယ်လိုအတိုင်းအထွာတွေနဲ့ တိုင်းတာကြမလဲ။

သမီးရည်းစားဆက်ဆံရေး (သို့) အိမ်ထောင်ရေးတစ်ခုမှာ သစ္စာဖောက်တဲ့သူရှိရင် နှစ်ဦးနှစ်ဖက်နဲ့ ပတ်သက်ရာပတ်သက်ကြောင်း လူတွေမှာပါ စိတ်ဆင်းရဲမှု၊ သောကဝေဒနာတွေ ဖြစ်လာနိုင်ပါတယ်။ လောကမှာ ဘယ်သူမှ သစ္စာဖောက်ခံလိုကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သစ္စာဖောက်ခြင်းကို ဘယ်လိုအတိုင်းအထွာတွေနဲ့ တိုင်းတာကြမလဲ။

 

ပါတီပွဲတစ်ခုမှာ တစ်ညတာ တူတူအချိန်ဖြုန်းမိတာ (One Night Stand) မိတာကို သစ္စာဖောက်တယ်လို့ သတ်မှတ်ကြမလား။ ရည်းစားဟောင်း (သို့) အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုတွေရှိနေပြီး လိင်ဆက်ဆံမှုတော့ မရှိတာကိုကော သစ္စာဖောက်တယ်လို့ သတ်မှတ်မလား။

သမီးရည်းစားတွေ၊ အိမ်ထောင်သည်တွေကြားမှာ စိတ်ကိုအလွန်ညစ်ညူးရစေတဲ့ သစ္စာဖောက်ခြင်းနဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ချစ်သူအပေါ် စီးပွားရေးအရ မှီခိုနေရရင် သစ္စာဖောက်မိနိုင်ခြေပိုများတယ်

workable_solutions_for_couples_when_fighting_about_money.jpg 

၂၀၀၅ ခုနှစ်တုံးက American Sociological Review မှာ ဖော်ပြခဲ့ပြီး အသက် (၁၈) နဲ့ (၃၂) နှစ်ကြား လူပေါင်း (၂၈၀၀) ကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် လူတစ်ယောက်ဟာ သူ့ရဲ့ချစ်သူ/ အိမ်ထောင်ဖက်အပေါ် ဘဏ္ဍာရေးအရ လုံးဝမှီခိုနေရတယဆိုရင် သစ္စာဖောက်နိုင်ခြေပိုများတယ်လို့ ဆိုထားပါတယ်။

အဲဒီနေရာမှာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ယောက်အပေါ် ဘဏ္ဍာရေးအရ လုံးဝမှီခိုနေရတယ်ဆိုရင် ဒီအဆိုဟာ လုံးဝနီးပါး မှန်ကန်နိုင်ပါတယ်။ အမျိုးသမီးတွေမှာတော့ ရာခိုင်နှုန်းနည်းပေမယ့် ဖြစ်နိုင်ခြေကတော့ရှိပါတယ်။

၂။ ရည်းစားရှိရက်နဲ့ ကြူခြင်းအပေါ် အမျိုးသားနဲ့ အမျိုးသမီး တုံ့ပြန်ပုံတွေ မတူညီကြဘူး

06-cheating-signs-phone.jpg 

Interpersonal Relations and Group ဆိုတဲ့ ဂျာနယ်တစ်စောင်မှာဖော်ပြခဲ့တဲ့ ၂၀၀၈ ခုနှစ်က လေ့လာမှုတစ်ခုမှာတော့ ဒီလိုဖော်ပြထားပါတယ်။ ယောကျ်ားလေးတွေဟာ တခြားမိန်းကလေးတစ်ယောက်နဲ့ ကြူထားမိပြီးရင် သူတို့ရည်းစားတွေရဲ့ အလားတူအပြစ်တွေကို လက်ခံနိုင်စွမ်းပိုနည်းပြီး မိန်းကလေးတွေကတော့ တခြားလူနဲ့ကြူမိရင် ယောကျ်ားလေးတွေရဲ့ အလားတူ အပြစ်တွေကို ခွင့်လွှတ်လက်ခံနိုင်ခြေ ပိုများပါတယ်တဲ့။

၃။ သစ္စာဖောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ကွဲပြားပါတယ်

o-SEX-NOT-facebook.jpg 

၂၀၀၃ ခုနှစ်တုံးကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ အမျိုးသားနဲ့ အမျိုးသမီးတွေ မိမိတို့ရဲ့လက်တွဲဖော်ပြုလုပ်တဲ့ သစ္စာဖောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ကွဲပြားကြပါတယ်တဲ့။ အမျိုးသားတွေက မိမိတို့ရဲ့လက်တွဲဖော်ဟာ တခြားယောကျ်ားတစ်ယောက်ကို ချစ်သွားမိမှာထက် လိင်ဆက်ဆံမိသွားမှာကို ပိုမိုစိုးရိမ်တတ်ကြပါတယ်။

အမျိုးသမီးတွေကတော့ မိမိတို့ရဲ့လက်တွဲဖော် တခြားမိန်းမတစ်ယောက်နဲ့ လိင်ဆက်ဆံမိမှာထက် စိတ်ပိုင်းဆိုင်ရာအရ ချစ်မိသွားမှာကို ပိုမိုစိုးရိမ်တတ်ကြပါတယ်။ စိတ်အလိုလိုက်ပြီး လိင်ဆက်ဆံမိရင်တောင် ခွင့်လွှတ်နိုင်ပေမယ့် ချစ်မိသွားတယ် ဆိုုတာကို ခွင့်မလွှတ်နိုင်ကြတာများပါတယ်။

၄။ မျိုးရိုးဗီဇနဲ့လည်း ဆိုင်ပါတယ်

8_Confessions_That_Reveal_Why_People_Cheat_08-1-1.jpg 

ဇီဝဗေဒအရ တချို့လူတွေက သစ္စာဖောက်နိုင်ခြေပိုများပါတယ်လို့လည်း ဆိုထားပါတယ်။ ဥပမာ... Queensland တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုမှာဆိုရင် oxytocin နဲ့ vasopressin receptor အထူးမျိုးရိုးဗီဇ ရှိသူတွေမှာ သစ္စာဖောက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

Weill Cornell ဆေးဝါးကောလိပ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ Richard Friedman ကလည်း New York Times သတင်းစာကို ပြောကြားခဲ့တာက vasopressin ဆိုတာ ယုံကြည်မှု၊ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှု၊ စာနာနားလည်မှု အစရှိတဲ့ စိတ်ခံစားမှုတွေနဲ့ ဆက်နွယ်နေတဲ့ ဟော်မုန်းတွေဖြစ်ပြီး Oxytocin ကတော့ လိင်စိတ်နဲ့ အချစ်စိတ်ကိုဖြစ်စေတဲ့ ဟော်မုန်းတွေပါပဲလို့ ဆိုပါတယ်။

လေ့လာမှုရဲ့ရလဒ်အရတော့ အဲဒီလိုမျိုးရိုးဗီဇကြောင့် သစ္စာဖောက်နိုင်ခြေရှိတဲ့ သာဓကတွေကို အမျိုးသမီးတွေမှာ (၄၀) ရာခိုင်နှုန်းခန့် တွေ့မြင်ရပြီး အမျိုးသားတွေမှာတော့ (၆၀) ရာခိုင်နှုန်းခန့် တွေ့မြင်ရပါတယ်တဲ့။

Source: Independent.UK

Share

Loading Next Article...
က္က