ကိုယ်နဲ့ လက်တွဲတော့မယ့် မိန်းမတစ်ယောက် အကြောင်းကို နည်းနည်းပဲဖြစ်ဖြစ် ပိုသိထားတာမကောင်းဘူးလား။

ကျွန်တော်တို့ ယောကျ်ားလေးအများစုကတော့ ဗေဒင်ယုံတတ်သူတွေ မဟုတ်ပါဘူး။ ယောကျ်ားလေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို လိုက်တော့မယ်ဆိုရင် သူဘာနေ့ဖွားလဲ။ ဘာရာသီခွင်လည်းတွေကို စုံစမ်းပြီး လိုက်သင့်/ မလိုက်သင့် စဉ်းစားနေကြမှာမဟုတ်ပါဘူး။ ဒီတစ်ယောက်ကို ကိုယ်သဘောကျတယ်။ ကြိုက်တယ်ဆို ရည်းစားဖြစ်ဖို့ ကြိုးစားကြတော့တာပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ လက်တွဲတော့မယ့် မိန်းမတစ်ယောက် အကြောင်းကို နည်းနည်းပဲဖြစ်ဖြစ် ပိုသိထားတာမကောင်းဘူးလား။

 

အောက်မှာဖော်ပြထားတာကတော့ ရာသီခွင်အလိုက် အကောင်းဆုံးရည်းစားနဲ့ အဆိုးဆုံးရည်းစားတွေပဲ ဖြစ်ပါတယ်။ ဒါကိုကြည့်ပြီး ရည်းစားရွေးချယ်တဲ့အခါ စဉ်းစားဆုံးဖြတ်လို့ရတာပေါ့။

၁။ မိဿ (Aries)

မိဿရာသီဖွား (မတ် ၂၁ - ဧပြီ ၂၀) တွေဟာ ခေါင်းဆောင်နိုင်စွမ်းရှိသူတွေအဖြစ် မွေးဖွားလာကြတာပါ။ ခေါင်းမာပြီး စိတ်မရှည်တဲ့ အားနည်းချက်ရှိသူတွေဖြစ်လို့ ဘာကိုပဲလုပ်လုပ် အလောတကြီး လုပ်တတ်ပါတယ်။ ဒါကြောင့်လည်း သူတို့နဲ့ချိန်းတွေ့သူတွေဟာ ဒါကို ကိုင်တွယ်နိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ တချို့လူတွေအတွက် ခက်ခဲမယ့် ကိစ္စမျိုးတွေကိုတောင် ရှေ့ကဦးဆောင်ဖြေရှင်းနိုင်သူ၊ ဖြေရှင်းလိုသူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ရဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ဓလေ့က တချို့လူတွေကို ဆွဲဆောင်နိုင်ပေမယ့် တချို့လူတွေကတော့ လန်ပြေးပါလိမ့်မယ်။

၂။ ပြိဿ (Taurus)

635959367393999898-1982660437_Girl-hugging-guy-looking-away-980x980.jpg 

ပြိဿရာသီဖွား (ဧပြီ ၂၁ - မေ ၂၁) တွေကတော့ ရာသီဖွားတွေထဲမှာ သမီးရည်းစားအဖြစ်ဆက်ဆံဖို့ အခက်ခဲဆုံးလူတွေပါပဲ။ သူတို့ဟာ တစ်ယောက်တည်းနေရတာကို ပိုနှစ်သက်ကြသူတွေဖြစ်ပြီး ရှေ့ကလည်း ဦးမဆောင်လို၊ နောက်ကလည်း လိုက်လိုသူတွေမဟုတ်ကြပါဘူး။

၃။ မေထုန် (Gemini)

မေထုန်ရာသီဖွား (မေ ၂၂ - ဇွန် ၂၁) တွေကတော့ မတူညီတဲ့ အခြမ်း (၂) ခြမ်းရှိကြပါတယ်။ တစ်ခြမ်းကတော့ ပျော်တတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်တဲ့ စရိုက်ဖြစ်ပြီး နောက်တစ်ခြမ်းကတော့ အမှောင်ထုဆန်ပြီး ခန့်မှန်းရခက်ပါတယ်။ သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ သူတို့ဟာ သူတို့ရဲ့အမှောင်ခြမ်းကိုဖုံးဖို့ တတ်နိုင်သလောက် ကြိုးစားကြပါတယ်။ ဒါကို ခင်ဗျားပြုပြင်လို့ရမှာ မဟုတ်တဲ့အတွက် လက်ခံနိုင်ဖို့ပဲ ကြိုးစားရမှာပါ။

၄။ ကရကဋ် (Cancer)

How-to-tell-if-a-girl-really-likes-you.jpg 

(ဇွန် ၂၂ - ဇူလိုင် ၂၂) အတွင်း မွေးဖွားခဲ့တဲ့ ကရကဋ်ရာသီဖွားတွေကတော့ တက်ကြွဖျတ်လတ်သူတွေပါ။ လူတွေကို အယုံမလွယ်တဲ့အတွက် ခင်ဗျား သူ့ကို တကယ်ချစ်တာပါလို့ လေကုန်ခံပြီး ဘယ်လောက် ပြောပြော၊ လွယ်လွယ်နဲ့တော့ ပစ်ကျသွားမယ့်လူမျိုး မဟုတ်ပါဘူး။

၅။ သိဟ် (Leo)

ခင်္သြေ့ရုပ်နဲ့ကိုယ်စားပြုတဲ့ သိဟ်ရာသီဖွား (ဇူလိုင် ၂၃ - သြဂုတ် ၂၃) တွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး စမတ်ကျသူတွေပါ။ သိဟ်ရာသီဖွားမိန်းကလေးတွေကျပြန်တော့ ရိုမန်းတစ်အရမ်းဆန်သူတွေ ဖြစ်နေပြန်ပါတယ်။ သူမရဲ့ခင်ဗျားအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကတော့ ပုံမှန်တော့မဆန်ပါဘူး။ သူမလို ရည်းစားမျိုးကတော့ ချစ်မိရင် ပစ်ယုံပြီး လိုအပ်သမျှ ဖြည့်ဆည်းပေးချင်တဲ့သူမျိုးပါ။

၆။ ကန် (Virgo)

204141-2121x1414-flirty-tteens.jpg 

ကန်ရာသီဖွား (သြဂုတ် ၂၄ - စက်တင်ဘာ ၂၂) အမျိုးသမီးတွေကတော့ ရာသီဖွားတွေအားလုံးထဲမှာ အာရုံအစိုက်သင့်ဆုံုးပါပဲ။ သူတို့ဟာ သူတို့စိတ်ဝင်စားနေတဲ့သူတစ်ယောက်အတွက် သူတို့ဟာ မသင့်တော်ဘူးလို့ ခံစားနေရတဲ့အတွက် သမီးရည်းစားဆက်ဆံရာမှာ ခက်ခဲစေပါတယ်။ သူတို့ဟာ စိတ်ညစ်ဖို့ကောင်းလောက်အောင် စိတ်မလုံခြုံမှုရှိပြီး သဝန်လည်းအရမ်းတိုတတ်တဲ့အတွက် သမီးရည်းစားပြတ်ဆဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

၇။ တူ (Libra)

ချိန်ခွင်လေးနဲ့ ဖော်ပြလေ့ရှိတဲ့ တူရာသီရဲ့သင်္ကေတလေးဟာ တူရာသီဖွား (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၃)တွေရဲ့ စိတ်ထားကို ညွှန်ပြတာပါ။ မျှမျှတတတွေးခေါ်တတ်ပြီး စိတ်ကောင်းရှိတာက သူတို့ရဲ့ အထူးအချက်ပါပဲ။ တူရာသီဖွားအမျိုးသမီးတွေဟာ အကြင်နာတတ်ဆုံးအမျိုးသမီးတွေလည်း ဖြစ်ပါတယ်။

၈။ ဗြိစ္ဆာ (Scorpio)

Arguing-couple.jpg 

(အောက်တိုဘာ ၂၄ - နိုဝင်ဘာ ၂၂) အတွင်း မွေးဖွားခဲ့တဲ့ ဗြိစ္ဆာရာသီဖွားတွေက ရဲရင့်မှုရှိသူတွေ၊ သဲကြီးမဲကြီးချစ်တတ်သူတွေပါ။ ဒါကြောင့်လည်း ရာသီဖွားအားလုံးထဲမှာ ကြောက်စရာအကောင်းဆုံးလို ဖြစ်နေတာပါ။ သူတို့ဟာ အရာတိုင်းကိုထိန်းချုပ်လိုကြပြီး သမီးရည်းစားဆက်ဆံရေးတွေကိုလည်း သူမရဲ့ထိန်းချုပ်မှုအောက်က အရာတစ်ခုလို သဘောထားတတ်ပါတယ်။

တစ်ခါတလေမှာ အေးစက်ပြီး နှလုံးသားကင်းမဲ့သူတွေလည်း ဖြစ်နေနိုင်ပါတယ်။ သူတို့ဟာ စကားကို စိတ်ထဲရှိတဲ့အတိုင်း မဆင်မခြင်လည်း ပြောတတ်သေးတဲ့အတွက် သူတို့နဲ့ ပတ်သက်မယ်လို့ ဆုံးဖြတ်ပြီးရင် အရေထူနေဖို့ပဲ လိုအပ်ပါတယ်။

၉။ ဓနု (Sagittarius)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၃ - ဒီဇင်ဘာ ၂၁) တွေကတော့ ဉာဏ်ကောင်းပြီး ဟာသဉာဏ်ရွှင်သူလေးတွေဖြစ်ပါတယ်။ သူတို့ဟာ ပါတီပွဲတိုင်းရဲ့ အသက်တစ်ခုလိုဖြစ်ပြီး သူမကြောင့်ပဲ လူတိုင်း ပျော်ရွှင်ရပါတယ်။ သူတို့ဟာ သမီးရည်းစားဆက်ဆံရေးတိုင်းကိုလည်း အသက်ဝင်အောင် ဖန်တီးပေးမှာပါ။

၁၀။ မကာရ (Capricorn)

204141-2121x1414-flirty-tteens.jpg 

(ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၂၀) အတွင်း မွေးဖွားသူတွေကတော့ မကာရရာသီခွင်ဖွားတွေဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားသာ ကြီးပျင်းဖို့အတွက် အသင့်ဖြစ်ပြီဆိုရင်တော့ မကာရ ရာသီဖွား မိန်းကလေးတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်သင့်ပါတယ်။ သူတို့မှာ မိခင်တစ်ယောက်လို ကြင်နာစောင့်ရှောက်တတ်တဲ့ ဉာဉ်ရှိပြီး သမီးရည်းစားဆက်ဆံရေးတစ်ခုမှာလည်း ဘယ်လိုနေ၊ ဘယ်လိုထိုင်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်ထားပါတယ်။

၁၁။ ကုမ် (Aquarius)

(ဇန်နဝါရီ ၂၁ - ဖေဖော်ဝါရီ ၁၈) မွေးတဲ့ ကုမ်ရာသီတွေကတော့ စစ်မှန်ရိုးသားကြတယ်။ စိတ်လိုက်မာန်ပါလုပ်လွန်းတော့ ခဏခဏ ပြဿနာတက်ရ၊ စိတ်ညစ်ရတယ်။ သူတို့ဟာ အကောင်းဆုံးရည်းစားတွေ မဟုတ်ပေမယ့် အဆိုးဆုံးလည်း မဟုတ်ပါဘူး။ အပြုအမူတွေကတော့ နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် ထူးဆန်းတယ်ဆိုတာ ဆိုးတဲ့အချက်တစ်ချက်လည်း မဟုတ်ပါဘူး။

၁၂။ မိန် (Pisces)

ငါးလေးနှစ်ကောင်နဲ့ သင်္ကေတပြထားတဲ့ မိန်ရာသီ (ဖေဖော်ဝါရီ ၁၉ - မတ် ၂၀) တွေကတောာ့ စစချင်းမှာ ခန့်မှန်းရနည်းနည်းခက်ပါတယ်။ အစောပိုင်းမှာ ခင်ဗျားကိုလုံးဝစိတ်မဝင်စားသယောင်၊ စိတ်ဝင်စားစရာတစ်ချက်မှ မရှိတဲ့ပုံစံမျိုးဖမ်းပြီး နေပြပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုတော့ မိန်ရာသီဖွား အမျိုးသမီးတွေဟာ အရမ်းရှက်တတ်လို့ပါ။ ဒါကြောင့်လည်း သူတို့ကိုယ်သူတို့ နံရံတခုခြားပြီး နံရံနောက်ကွယ်မှာ နေတတ်ကြတာပါ။ ဒါပေမယ့် အဲဒီနံရံပြိုကျသွားရင်တော့ သူမမှာ ခင်ဗျားလိုချင်တဲ့အချက်တွေအကုန် ရှိနေတာကို တွေ့ရှိရမှာပါ။

Source: Youngisthan

Share

Loading Next Article...
က္က