ကိုယ်တိုင်ကလည်း အဖြစ်မရှိသေးတော့ တူ၊ တူမလေးတွေကိုပဲ သည်းသည်းလှုပ် ချစ်ပြနေရတဲ့ အန်တီလေးတွေလည်း မနည်းပါဘူး။ ;)

ဒီခေတ်ကြီးထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြတာများတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးလေး၊ အဒေါ်ဘဝ ရောက်ရသူတွေလည်း မနည်းပါဘူး။ ကိုယ်တိုင်ကလည်း အဖြစ်မရှိသေးတော့ တူ၊ တူမလေးတွေကိုပဲ သည်းသည်းလှုပ် ချစ်ပြနေရတဲ့ အန်တီလေးတွေလည်း မနည်းပါဘူး။ တူ၊ တူမလေးတွေအတွက် အန်တီလန်းလန်းလေးတစ်ယောက် ဖြစ်နေဖို့အတွက် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

၁။ သူတို့ မိဘတွေ ခေါ်မသွားမယ့် နေရာမျိုးကို ခေါ်သွားပါ

Children_Playing_in_Playground.jpg 

ရုပ်ရှင်လိုက်ပြတာ၊ ဈေးဝယ်ထွက်တာက ပျော်စရာကောင်းတယ်ဆိုပေမယ့် အဒေါ်လန်းလန်းလေးတွေကတော့ တူတွေ၊ တူမတွေကို အထူးစပယ်ရှယ်နေရာတွေကို ခေါ်သွားတတ်သူတွေ ဖြစ်ပါတယ်။ တစ်ခါတလေမှာ မိဘဆိုတော့ သားသမီးကို စိုးရိမ်ပူပင်စိတ်နဲ့ ဟိုမသွားရ၊ ဒီမသွားရ တားမြစ်တတ်ပါတယ်။ ခေတ်မီလှပတဲ့ အန်တီလေးတွေကတော့ တူလေးတွေ၊ တူမလေးတွေ ပျော်ရွှင်စေဖို့အတွက် သူတို့ကို ပျော်ရွှင်စေမယ့် နေရာတွေကို ခေါ်သွားတတ်ပါတယ်။

၂။ မိသားစုတွင်း ရိုးရာဓလေ့လေးတွေကို ဖန်တီးပါ

02-rituals-Fun-Easy-Ways-to-Be-the-Cool-Aunt_549966058-Lisovskaya-Natalia--760x506.jpg 

အန်တီလေးတွေနဲ့ တူ၊ တူမလေးတွေကြားထဲမှာ အကြိုက်တူတာတစ်ခုကို ရွေးချယ်လိုက်ပါ။ ဥပမာ... ဟော့ပေါ့ကြိုက်တာတို့၊ ဘာတို့ပေါ့။ လစာထုတ်တိုင်း တူ၊ တူမလေးတွေကို ဟော့ပေါ့လိုက်ကျွေးတာတို့၊ ဘာတို့ လုပ်ပေးမယ်ဆိုရင် အန်တီလေးတို့နဲ့ တူ၊ တူမလေးတွေကြားမှာ မိသားစုတွင်း ချစ်စဖွယ်ရိုးရာဓလေ့လေးတွေ ဖြစ်လာစေနိုင်မှာပါ။ နောက်ပြီး တစ်ခါတလေမှာ သူ့မိဘတွေ မသိအောင် ခေါ်ထုတ်သွားပြီး မုန့်လိုက်ကျွေးတာမျိုးက ကလေးတွေရဲ့အမြင်မှာ အရမ်းမိုက်တဲ့ အန်တီလန်းလန်းလေးတွေ ဖြစ်လာစေမှာပါ။

၃။ လျှို့ဝှက်ချက်တွေ မျှဝေပါ

03-confide-Fun-Easy-Ways-to-Be-the-Cool-Aunt_648805015-LOGVINYUK-YULIIA-760x506.jpg 

အန်တီလေးတွေမှာလည်း လျှို့ဝှက်ချက်တွေ ရှိမှာပေါ့။ သမီးရည်းစားရေးရာတို့၊ အလုပ်ထဲကအဆင်မပြေတာတို့ကို သူတို့လေးတွေကို ပြောပြပါ။ မိမိရဲ့လျှို့ဝှက်ချက်တွေကို ပြောပြခြင်းဖြင့် သူတို့ဟာ မိမိရဲ့ ယုံကြည်ရသူလေးတွေ ဖြစ်ကြောင်းကို သူတို့သိအောင်ပြောပြပါ။ တစ်ဆက်တည်းမှာပဲ သူတို့ရဲ့လျှို့ဝှက်ချက်လေးတွေကိုလည်း အန်တီလေးတွေကို ပြောပြဖို့ တောင်းဆိုပါ။

အဲဒီလိုလျှို့ဝှက်ချက်တွေကို သိရှိထားခြင်းဖြင့် တူ၊ တူမလေးတွေနဲ့ အန်တီလေးတွေကြားက သံယောဇဉ်ပိုမိုခိုင်မာစေနိုင်သလို သူတို့လေးတွေ မဟုတ်တာတစ်ခုခုလုပ်ရင်လည်း ကိုယ်ကအရင်ဆုံးသိထားတော့ လိုအပ်တဲ့ ကာကွယ်မှုကို ပြုလုပ်နိုင်ပါတယ်။ ဥပမာ... တူမလေးတွေ အရွယ်ရောက်လို့ ရည်းစားခိုးထားတာတို့၊ တူလေးတွေ အရွယ်ရောက်လို့ အရက်ခိုးသောက်တာတို့ပေါ့။

၄။ မွေးနေ့လက်ဆောင်ပေးရင် အမှတ်တရဖြစ်မှာလေးတွေကိုပေးပါ

06-splurge-Fun-Easy-Ways-to-Be-the-Cool-Aunt_692785126-LightField-Studios-760x506.jpg 

တူ၊ တူမလေးတွေရဲ့မွေးနေ့ပွဲမှာ မွေးနေ့လက်ဆောင်ပေးရင် ခြေအိတ်တို့၊ ဖိနပ်တို့၊ ခဲတံ၊ ဘောပင်တို့လို လက်တွေ့အရမ်းဆန်တဲ့ အရာတွေ လက်ဆောင်မပေးပါနဲ့။ အဲဒီလက်ဆောင်တွေကို အဘိုးအဘွားတွေ၊ မိဘတွေ ပေးပါလိမ့်မယ်။ အန်တီလန်းလန်း လေးတွေကတော့ တူ၊ တူမလေးတွေကို မွေးနေ့လက်ဆောင်ပေးရင် အမှတ်တရဖြစ်စေပြီး သူတို့တကယ် သုံးဖြစ်မယ့် လက်ဆောင်လေးတွေကိုပဲ ပေးပါတယ်။ အကောင်းဆုံးဥပမာကတော့ သူတို့အကြိုက်ဆုံး စူပါဟီးရိုးအရုပ်တို့ဘာတို့ပေါ့။

၅။ သရေစာလေးတွေ ဝယ်ကျွေးပါ

07-meals-Fun-Easy-Ways-to-Be-the-Cool-Aunt_581206180-HDesert-760x506.jpg 

ကလေးတွေကို ကယ်လ်ဆီယမ်ကြွယ်ဝဖို့၊ ဟင်းသီးဟင်းရွက်တွေ လုံလုံလောက်လောက်စားဖြစ်ဖို့ မိဘတွေတာဝန်ထားလိုက်ပါ။ အန်တီလေးတွေကတော့ တစ်ခါတလေမှာ ကလေးတွေကို အချိုစာလေးတွေ၊ သရေစာလေးတွေ စားခွင့်ပြုပါလိမ့််မယ်။ တစ်ပတ်တစ်ခါ အားလပ်ရက်တွေမှာ အပြင်သွားရင် မိဘတွေ စားခွင့်မပြုတဲ့၊ သူတို့အရမ်းစားချင်တဲ့ ရေခဲမုုန့် ဝယ်ကျွေးတာမျိုးပေါ့။

၆။ သူတို့နဲ့တူတူဆော့ကစားပေးပါ

6357968338432779391729201421_IMG_0769.imgopt1000x70.jpg 

ဒါဟာ သူတို့အတွက်ပဲ ပျော်စရာကောင်းတာမဟုတ်ပါဘူး။ အန်တီလေးတွေအတွက်လည်း ပျော်ဖို့ကောင်းပါတယ်။ တစ်ခါတလေမှာ ကလေးတွေနဲ့တူတူ ဆော့ကစားတာက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ကလေးတွေအမြင်မှာကျတော့လည်း သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အန်တီလေးက သူတို့နဲ့အတူ ဆော့ကစားပေးတော့ အရမ်းမိုက်တဲ့ အန်တီလေးကို ပိုင်ဆိုင်ထားတယ်လို့ ခံစားရစေမှာပါ။ ဘာပဲပြောပြော... "win-win" ပါပဲ။

Source: Reader's Digest

 

Share

Loading Next Article...
က္က