အားကိုးချင်စိတ်နဲ့ ချစ်မိတာမျိုး မဖြစ်အောင်လည်း တွေးရမယ်။

ခုတွေ့၊ ခုကြိုက်ပြီး ခနနေပြတ်သွားရင် ဘယ်လိုလုပ်မတုန်း။ လူတစ်ယောက်ကိုယ့်ကိုတကယ်ချစ်မချစ် သိဖို့၊ ကိုယ်တကယ်ချစ်၊ မချစ် သိဖို့ အနည်းဆုံး အချိန် ၃ လမှ ၆လ ထိ လေ့လာသင့်ပါတယ်။ အဲ့ဒီအချိန်တွေမှာလည်း မကြာခဏ တွေ့ဆုံဖို့လိုတာပေါ့။

 

တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ပြီးရင် အကျင့်စရိုက် ဝါသနာတွေကို လေ့လာမယ်၊ ညှိလို့မရတာတွေကို ဘယ်လို နားလည်ပေးနိုင်ကြမလဲဆိုတာကို အချိန်တစ်ခု စောင့်ကြည့်ဖို့ လိုတယ်နော်။ အဆင်ပြေတဲ့အချစ်ရေးတစ်ခုကို နှစ်ယောက်အတူ ဘယ်လိုတည်ဆောက်မလဲဆိုတာ သိနိုင်ဖို့ ကြိုးစားရဦးမယ်။

 

သူဖြစ်စေ၊ ကိုယ်ဖြစ်စေ အနာဂတ်ကို အာမ မခံနိုင်ဘူးလား။ ဒီလိုဆိုရင် တော်တော်ကြီးခက်ခဲပါတယ်။ ချစ်ပြီးဝေးရတဲ့ နာကျင်မှုက ဘာနဲ့မှမတူဘူးလေ။ ယာယီ စိတ်ကစားတာမျိုးဆိုလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းထားလိုက်တာပဲ ကောင်းပါတယ်။ တချို့က အချစ်ကို လွယ်လွယ်လေးတွေးတာ။ ခုချစ်ပြီး သိပ်မကြာခင် နောက်တစ်ယောက်နဲ့တွဲချင်နေသူမျိုးဆိုရင် ဘယ်လိုလုပ်အချစ်စစ်တော့မလဲ။

 

ကိုယ့်ဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း ခက်ခဲပင်ပန်းတဲ့ အခြေအနေတစ်ခုကို လောလောလတ်လတ်ဖြတ်သန်းထားရလို့ အားကိုးချင်စိတ်နဲ့ ချစ်မိတာမျိုး မဖြစ်အောင်လည်း တွေးရမယ်။ မိန်းကလေးတွေက အဲ့လိုမျိုး ဖြစ်ကြတာများတယ်။ ကိုယ်ကလည်း အားငယ်နေချိန်၊ တစ်ဖက်ကလည်း အကူအညီတွေပေးပြီး ချစ်ရေးဆိုလာတဲ့အခါ ခေါင်းညှိမ့်မိသွားကြတယ်။ တကယ်ချစ်ရသူပေါ်လာမှ စိတ်ဆင်းရဲရရော။ အဲ့ဒီမှာတင် စနိုက်ထီးတွေ၊ ခြံခုန်တာတွေ ဖြစ်သွားမှ ပိုဆိုးမယ်။

Share

Loading Next Article...
က္က