တချို့လူတွေရဲ့စိတ်ကူးတွေက ထူးဆန်းလွန်းလို့ ယုံတောင်ယုံနိုင်မှာ မဟုတ်ပါဘူး။

အာဝါဟ ဝိဝါဟမင်္ဂလာဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်တော့ မင်္ဂလာတစ်ပါးပါပဲ။ အချိန်တန်အရွယ်ရောက်လို့ တခြားတစ်ယောက်နဲ့ လက်ထပ်ထိန်းမြားကြတာဟာ သဘာဝဖြစ်သလို မိဘဝတ္တရား (၅) ပါးထဲမှာလည်း ထိန်းမြားခြင်းလျှင် ဆိုတဲ့အချက်ပါဝင်နေပါတယ်။ ဒီတော့ လက်ထပ်ခြင်းဆိုတာ ဆန်းလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

 

ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ လက်ထပ်ထိန်းမြားခြင်းတွေကတော့ ထူးဆန်းလွန်းလို့ ယုံတောင်ယုံနိုင်မှာမဟုတ်ပါဘူး။ ပုံမှန် ကျွန်တော်တို့သိထားတဲ့ လက်ထပ်ခြင်းဆိုတာ ယောကျ်ားနဲ့ မိန်းမ လက်ထပ်ခြင်းကိုပဲ သိထားကြတာပါ။ နောက်ဆုံး ကုန်ကုန် ပြောရရင် နိုင်ငံတိုင်းက အသိအမှတ်မပြုသေးပေမယ့် အတွေးအမြင်လွတ်လပ်တဲ့ နိုင်ငံတွေမှာဆိုရင် ယောကျ်ား-ယောကျ်ားချင်း၊ မိန်းမ-မိန်းမချင်း လက်ထပ်တာတွေကိုတောင် ခွင့်ပြုနေကြပါပြီ။ ဒါပေမယ့် အောက်မှာဖတ်ရမယ့် လက်ထပ်ခြင်းတွေကတော့ အဲဒါတွေထက် အများကြီးပိုထူးဆန်းပါတယ်။

၁။ အရုပ်မနဲ့လက်ထပ်ခဲ့တဲ့ အဘိုးကြီး

Weird-1.jpg 

ဒါဟာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ ၂၀၀၀ ခုနှစ်တုံးက အသက် (၅၅) နှစ်အရွယ် အဘိုးကြီးက လူနဲ့ခွဲမရအောင်တူတဲ့ အရုပ်မ (၁၂) ရုပ်ကို ဝယ်ယူခဲ့ပါတယ်။ ဝယ်ယူခဲ့ရုံနဲ့ အားမရသေးပါဘူး။ ၂၀၀၈ ခုနှစ်ကျတော့ သူဟာ သူဟာ သူမရဲ့အနှစ်သက်ဆုံးအရုပ်မနဲ့ သူနဲ့ကြားက ဆက်ဆံရေးကို တစ်ဆင့်ထပ်တိုးဖို့ ဆုံးဖြတ်ခဲ့ပြီး အရုပ်မနဲ့ လက်ထပ်ခဲ့တဲ့အတွက် တစ်ကမ္ဘာလုံး အံ့အားသင့်ခဲ့ရပါတယ်။

၂။ လင်းပိုင်တစ်ကောင်နဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီး

Weird-2.jpg 

နောက်တစ်ခုကလည်း အံ့သြစရာပါပဲ။ ၂၀၀၅ ခုနှစ်မှာ အမျိုးသမီးတစ်ဦးဟာ စင်ဒီလို့အမည်ရတဲ့ လင်းပိုင်တစ်ကောင်နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူတွေက သူမရဲ့လက်ထပ်မှုအကြောင်းကို မေးတဲ့အခါ သူမက "ကျွန်မဟာ ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူတစ်ယောက်ပါပဲ။ နောက်ပြီး ကျွန်မက နှာဘူးတစ်ယောက်လည်း မဟုတ်ပါဘူး" လို့ ပြန်ဖြေခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတာ တစ်ခုကတော့ လင်းပိုင်လေးဟာ အခုချိန်မှာတော့ မရှိတော့ပါဘူး။

၃။ သူ့ကိုယ်သူပြန်လက်ထပ်ခဲ့တဲ့ အမျိုးသား

Weird-3.jpg 

ကောင်းပြီ။ ကိုယ့်ကိုယ်ကိုယ် FA ပါလို့ ထင်နေတဲ့သူတွေအားလုံး နှစ်ခေါက်လောက်ပြန်စဉ်းစားကြည့်ပါဦး။ ဒီလူလုပ်သလို လုပ်ရဲပြီလား။ သူ့ဘဝမှာ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ဘူး။ ဘယ်သူ့ကိုမှ မလိုအပ်ဘူးဆိုတဲ့ အထိန်းအမှတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လက်ထပ်ခဲ့ပါတယ်။ သတို့သမီးဝတ်စုံဝတ်ထားတဲ့ သူ့ရဲ့ဓာတ်ပုံကို ဆိုဒ်ကြီးနဲ့ print ထုတ်ပြီး လက်ထပ်ခဲ့တာပါ။

၄။ အီဖယ်မျှော်စင်နဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီး

Weird-4-1.jpg 

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က အီဖယ်မျှော်စင်ဟာ ကမ္ဘာကျော်နေရာတစ်ခုပါပဲ။ ရောက်ဖူးသူတိုင်းလည်း မျှော်စင်ကို ချစ်ခင်နှစ်သက်ကြမှာပါ။ ဒါပေမယ့် ဒီအမျိုးသမီးလောက်တော့ အီဖယ်မျှော်စင်ကို ဘယ်သူမှ ချစ်နိုင်မှာမဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်တုံုးက Erika ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ အီဖယ်မျှော်စင်နဲ့ လက်ထပ်ခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာစိတ်ခံစားချက်ပါဝင်လို့မဟုတ်ဘဲ အီဖယ်မျှော်စင်ကို စိတ်ပိုင်းဆိုင်ရာခံစားချက်တစ်ခု ရှိနေလို့သာ လက်ထပ်ခဲ့တာပါလို့ သူမကဆိုပါတယ်။

၅။ ထရပ်ကားနဲ့လက်ထပ်ခဲ့တဲ့ အမျိုးသမီး

Weird-5-1.jpg 

သူများတွေရဲ့ဝေဖန်မှုတွေကို ခံစားနိုင်စွမ်းမရှိတော့တဲ့အခါ ဒီလိုတွေ ဖြစ်လာတော့တာပါပဲ။ နဂိုတည်းက သူမကိုယ်တိုင်လည်း မော်တော်ယာဉ်တွေကို စိတ်ဝင်စားတဲ့အတွက် ဖို့ဒ်ကားတစ်စီးကို ဝယ်ယူပြီး သူငယ်ချင်းတစ်ယောက်ရဲ့ရှေ့မှာပဲ အဲဒီမော်တော်ယာဉ်ကို လက်ထပ်ယူခဲ့ပါတယ်။

၆။ မိမိရဲ့အိမ်မွေးခွေးနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသား

Weird-6-1.jpg 

"ခွေးတစ်ကောင်ဆိုတာ လူတစ်ယောက်အတွက် အကောင်းဆုံးမိတ်ဆွေတစ်ဦးပါပဲ" တဲ့။ ဒါဆိုရင် ဒီအမျိုးသားက သူ့ရဲ့အကောင်းဆုံးမိတ်ဆွေနဲ့ ပြန်လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့။ တစ်ခါတုံးက ဂျိုးဇက် (Joseph) ဆိုတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့အိမ်မွေးခွေးနဲ့အတူ ပန်းခြံတစ်ခုထဲမှာ လမ်းလျှောက်နေရင်း မင်္ဂလာပွဲတစ်ပွဲကျင်းပနေတာနဲ့ တည့်တည့်တိုးခဲ့ပါတယ်။ ဒါနဲ့ပဲ သူဟာ သူ့ရဲ့လာဘရေဒါ ခွေးမလေး ဟန်နီနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ခွေးမလေးကို တစ်သက်လုံး မြတ်မြတ်နိုးနိုးချစ်သွားပါမယ်လို့ ကတိပြုခဲ့ပေမယ့် သူတို့ရဲ့လက်ထပ်ထိန်းမြားမှုမှာ လိင်ကိစ္စလုံးဝ မပါဝင်ပါဘူး လို့လည်း ဆိုခဲ့ပါတယ်။

၇။ Sex doll နဲ့ လက်ထပ်ခဲ့တဲ့အမျိုးသား

Weird-7-1-600x400.jpg 

Sex doll (လိင်ဆက်ဆံဖော်အရုပ်) ဆိုတာ အရုပ်မတစ်ရုပ်ကို လူသားတစ်ယောက်အတိုင်းဖြစ်အောင် တပ်သင့်တာတွေ တပ်ဆင်ထားပြီး အထီးကျန်နေတဲ့လူတွေ၊ စိတ်ဖြေဖျောက်လိုတဲ့ လူတွေအတွက် စီစဉ်ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီအမျိုးသားကတော့ sex doll တစ်ရုပ်ကိုဝယ်ယူထားပြီး လက်ထပ်ယူဖို့ထိပါ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့သဘာဝအတိုင်း လိင်ဆက်ဆံဖော်ထက် sex doll က သူ့အတွက် စိတ်ကျေနပ်မှုကို ပိုမိုဖန်တီးပေးနိုင်လို့ပါပဲတဲ့။

Source: youngisthan

 

Share

Loading Next Article...
က္က