သူငယ်ချင်းဇုန် (friend-zone) ဆိုတာ အင်တာနက်ဘန်းစကားတစ်ခုပါပဲ။

သူငယ်ချင်းဇုန် (friend-zone) ဆိုတာ အင်တာနက်ဘန်းစကားတစ်ခုပါပဲ။ ဒါပေမယ့် လူငယ်အများစုကတော့ ဒီစကားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ကြမှာပါ။ မိန်းကလေးတစ်ယောက် (သို့) ယောကျ်ားလေးတစ်ယောက်က ကိုယ့်ကို ချစ်သူရည်းစားအဖြစ်လည်း သဘောမထားနိုင်၊ ပက်ပက်စက်စက်တွေပြောပြီးလည်း ငြင်းမလွှတ်လိုတဲ့အခါ friend-zone ထဲ ထည့်ထားတတ်ကြပါတယ်။ (ဒီကိစ္စမှာတော့ မိန်းကလေးတွေကပဲ ယောကျ်ားလေးတွေကို friend-zone ထဲ ထည့်ကြတာများပါတယ်။)

 

အောက်မှာဖော်ပြထားတာကတော့ ရာသီခွင်အလိုက် သမီးရည်းစားစကားပြောလာရင် ငြင်းလွှတ်တတ်တဲ့ ပုံစံလေးတွေပဲ ဖြစ်ပါတယ်။

၁။ မိဿ (Aries)

မိဿရာသီဖွား (မတ် ၂၁ - ဧပြီ ၂၀) တွေ့တော့ အမြဲတမ်းအလုပ်ရှုပ်ပြနေပါလိမ့်မယ်။ သူတို့ ချေမိုးချင်ပြီဆိုရင် အမြဲတမ်းဆင်ခြေပေးပြီး ရှော်တတ်ကြပါတယ်။ တကယ်တမ်း အားလပ်နေတယ်ဆိုရင်တောင် အလုပ်ရှုပ်နေတယ်ပြောပြီး ငြင်းလွှတ်တတ်ကြပါတယ်။ သူတို့ အလုပ်ဘယ်လောက်များကြောင်း အမြဲတမ်းညည်းညူနေတတ်ပြီး ခင်ဗျားကို Friend-zone ထဲမှာပဲ ထားပါလိမ့်မယ်။

၂။ ပြိဿ (Taurus)

ပြိဿရာသီဖွား (ဧပြီ ၂၁ - မေ ၂၁) တွေကတော့ ခေါင်းမာတတ်တဲ့သူတွေပါ။ တစ်ယောက်တည်းပဲနေချင်တယ် လို့အမြဲပြောပြီး ချိန်းဆိုလာသမျှကို ငြင်းလွှတ်တတ်ကြတာပါ။ တစ်ယောက်တည်း နေရတာ ဘယ်လောက်အထီးကျန်တယ်ဆိုတာကို သိပေမယ့်လည်း သူတို့ကို ဂရုစိုက်လာတဲ့သူတွေကို ဝေးရာကို တွန်းထုတ်တတ်ကြတဲ့သူတွေပါ။ ဒီလိုလုပ်ဖို့ သူတို့သုံးတတ်တဲ့ ဆင်ခြေကတော့ "တစ်ယောက်တည်းပဲ နေချင်တယ်" ဆိုတာပါပဲ။

၃။ မေထုန် (Gemini)

Friend-zone ထဲ ပို့ချင်ပြီဆိုရင် မေထုန်ရာသီဖွား (မေ ၂၂ - ဇွန် ၂၁) တွေရဲ့ လက်သုံးစကားကတော့ "သူငယ်ချင်းလိုပဲ နေကြရအောင်" ပါတဲ့။ သူတို့ စိတ်မဝင်စားတဲ့ လူတစ်ယောက် ချဉ်းကပ်လာပြီဆိုရင် " မင်းက လူကောင်းတစ်ယောက်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါလိုအပ်နေတာက သူငယ်ချင်းတစ်ယောက်ပါပဲ။ ဒီတော့ သူငယ်ချင်းလိုပဲ ဆက်နေကြရအောင်" ဆိုပြီးပဲ ငြင်းလွှတ်တတ်ပါတယ်။ အဲဒီလိုအပြောခံရပြီဆိုရင်တော့ ဆက်မျှော်လင့်မနေပါနဲ့တော့။ ခင်ဗျားကို သူက တစ်သက်လုံး friend-zone ထဲမှာပဲ ထားတော့မှာပါ။

၄။ ကရကဋ် (Cancer)

(ဇွန် ၂၂ - ဇူလိုင် ၂၂) အတွင်း မွေးဖွားခဲ့တဲ့ ကရကဋ်ရာသီဖွားတွေကတော့ စကားပြောတော့ကောင်းပါတယ်။ ဒါပေမယ့် အတိတ်ရဲ့ဖြစ်ရပ်တွေထဲက ရှုံးမထွက်နိုင်ကြသူတွေ ဖြစ်ပါတယ်။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့၊ ဘာကိုမဆိုလက်ခံနိုင်တယ်လို့ ဘယ်လောက်ပဲပြောစေကာမူ သူတို့ကတော့ အတိတ်အကြောင်းတွေပဲ တွင်တွင်ပြောပြီး ခင်ဗျားကို သူငယ်ချင်းတစ်ယောက်လိုပဲ ဆက်ဆံပါလိမ့်မယ်။

၅။ သိဟ် (Leo)

ခင်္သြေ့ရုပ်နဲ့ကိုယ်စားပြုတဲ့ သိဟ်ရာသီဖွား (ဇူလိုင် ၂၃ - သြဂုတ် ၂၃) တွေကတော့ အမှီအခိုကင်းကြပါတယ်။ အရာရာကို ကိုယ်တိုင်ဆုံးဖြတ်လိုကြတဲ့ ဓလေ့ရှိပြီး "ငါက ကိုင်တွယ်ရခက်ခဲတယ်" ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ချဉ်းကပ်လာသူတွေကို ငြင်းလွှတ်ကြပါလိမ့်မယ်။

 

၆။ ကန် (Virgo)

ကန်ရာသီဖွား (သြဂုတ် ၂၄ - စက်တင်ဘာ ၂၂) တွေမှာ ကောင်းတဲ့အချက်တစ်ချက်ကတော့ ဒဲ့တိုးဆန်တာပါပဲ။ ခင်ဗျားကို သူက friend-zone ထဲ ပို့ချင်ပြီဆိုရင် ဒဲ့ပဲပြောမှာဖြစ်ပြီး ခင်ဗျားကို သူတို့ လုံးဝ သဘောမကျကြောင်း၊ သူငယ်ချင်းအဖြစ် ဆက်ပေါင်းလိုရင်တော့ လက်ခံပေးမယ့်အကြောင်း ပြောပါလိမ့်မယ်။ ဒါကိုလက်မခံနိုင်ရင်တော့ တခြားတစ်ယောက်ကို ပြောင်းကြိုက်ဖို့ ဆုံးဖြတ်ရပါလိမ့်မယ်။

၇။ တူ (Libra)

ချိန်ခွင်လေးနဲ့ ဖော်ပြလေ့ရှိတဲ့ တူရာသီဖွား (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၃)တွေရဲ့ စိတ်နေစိတ်ထားကတော့ ရိုးရှင်းပါတယ်။ သူတို့မကြိုက်ရင် မကြိုက်တဲ့အကြောင်း ရိုးရိုးသားသားပဲ ပြောပါလိမ့်မယ်။ သူတို့ဟာ ရိုးရှင်းပေါ့ပါးစွာ နေထိုင်တတ်တဲ့အတွက် သူတို့ရဲ့တချို့စကားလုံးတွေက ချစ်နေရသူအတွက်တော့ ထိခိုက်နာကျင်ရပါလိမ့်မယ်။ ဒါကိုလက်ခံနိုင်မှ friend-zone ထဲမှာ ဆက်နေပါ။

၈။ ဗြိစ္ဆာ (Scorpio)

(အောက်တိုဘာ ၂၄ - နိုဝင်ဘာ ၂၂) အတွင်း မွေးဖွားခဲ့တဲ့ ဗြိစ္ဆာရာသီဖွားတွေကတော့ နည်းနည်းအီတတ်သူတွေဖြစ်ပါတယ်။ အဲဒီလိုအီတာကိုလည်း ထုံးစံတစ်ခုလိုပဲ သဘောထားပြီး ခေါင်းထဲလည်း သိပ်မထည့်တတ်ပါဘူး။ ဒါပေမယ့် သူတို့အီနေတာကို ကိုယ့်ကိုကြွေနေတယ်ထင်ပြီး အတည်တွေ သွားခံစားမိရင်တော့ အသည်းကွဲဖို့သာ ပြင်ထားလိုက်ပါတော့။

၉။ ဓနု (Sagittarius)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၃ - ဒီဇင်ဘာ ၂၁) တွေကလည်း ဒီနေရာမှာတော့ libra သမားတွေနဲ့ တူတူပါပဲ။ သူတို့အတွက် ရည်းစားထားဖို့ အဆင်သင့်မဖြစ်သေးကြောင်း၊ တစ်ယောက်တည်းပဲ နေလိုကြောင်း ပြောပါလိမ့်မယ်။ နောက်ပြီး ခင်ဗျားကို friend-zone ထဲမှာပဲ ခဏထည့်ထားပါလိမ့်မယ်။ ဆက်စောင့်နေချင်လား။ မစောင့်ချင်လားကတော့ ခင်ဗျားရဲ့ဆုံးဖြတ်ချက်အတိုင်းပါပဲ။

၁၀။ မကာရ (Capricorn)

(ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၂၀) အတွင်း မွေးဖွားသူတွေကတော့ သူများတွေရဲ့ ဒရာမာတွေကို နားထောင်ပြီး ရည်းစားထားရမှာကြောက်နေကြသူတွေပါ။ သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ ကြုံတွေ့ရနိုင်တဲ့အရာတွေ၊ ရန်ဖြစ်တာတွေကို ကြိုမှန်းထားပြီး ကြောက်နေကြတာပါ။ ခင်ဗျားကို friend-zone ထဲထည့်ရင်လည်း အဲဒီဒရာမာတွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

၁၁။ ကုမ် (Aquarius)

(ဇန်နဝါရီ ၂၁ - ဖေဖော်ဝါရီ ၁၈) မွေးတဲ့ ကုမ်ရာသီတွေရဲ့ အားသာချက်ကတော့ သူများကို စိတ်ချမ်းသာအောင် ပြောတတ်တာပါပဲ။ ခင်ဗျားကို ငြင်းရင်တောင် ဒဲ့ငြင်းမှာမဟုတ်ဘဲ စိတ်ချမ်းသာအောင် ပြောပြီး ငြင်းမှာပါ။ နောက်ဆုံး ခင်ဗျားဘဝက friend-zone ထဲရောက်နေရတာကိုတောင် ပျော်နေရတဲ့အထိ ဖြစ်လာမှာပါ။

၁၂။ မိန် (Pisces)

ငါးလေးနှစ်ကောင်နဲ့ သင်္ကေတပြထားတဲ့ မိန်ရာသီ (ဖေဖော်ဝါရီ ၁၉ - မတ် ၂၀) တွေကတော့ စင်ဂယ်ဘဝမှာ အနေကြာပြီး နေပျော်နေကြသူလေးတွေပါ။ မသိစိတ်ထဲမှာ ရည်းစားထားချင်နေရင်တောင် အကြင်နာအရိပ်အယောင်လေးတွေ မြင်တာနဲ့ ကြောက်လန့်တကြား ပြန်တွန်းထုတ်တတ်ကြပါတယ်။ ဥပမာ... တစ်ယောက်ယောက်က ချိန်းတွေ့ဖို့ တောင်းဆိုလာရင်တောင် သူတို့က ငြင်းပဲ လွှတ်နေမိမှာပါ။

Source: youngisthan

 

Share

Loading Next Article...
က္က