အိမ်ကလူကြီးတွေကို ဒီဆောင်းပါးပေးဖတ်ဖို့တော့လိုနေပြီ။

အိမ်တစ်အိမ်ရဲ့စရိတ်ကို ရှာဖွေပေးပြီး ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ဖြေရှင်းပေးတာဟာ အိမ်ဦးနတ် ယောကျ်ားသားကြီးတွေ ဆိုရင် အိမ်တစ်အိမ်ကို လက်တွေ့မောင်းနှင်နေတာကတော့ အိမ်ထောင်ရှင်မတွေပါပဲ။

အိမ်ဦးနတ်တွေက လစာရတာနဲ့ အပ်လိုက်ရင် ပြီးပြီဆိုပေမယ့် အိမ်ရှင်မတွေကတော့ ရလာတဲ့ပိုက်ဆံကို သင့်တော်သလို စီမံခန့်ခွဲရတာနဲ့၊ အဆင်ပြေသလိုဖြေရှင်းရတာနဲ့ ခေါင်းစားလွန်းပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေအပြည့်နဲ့ မိမိတို့ရဲ့ အိမ်ရှင်မတွေကို ပျော်ရွှင်လာအောင် ဖန်တီးပေးဖို့ဆိုတာ အိမ်ဦးနတ်တွေရဲ့ တာဝန်ပါပဲ။

၁။ အပြင်မှာချိန်းတွေ့ပါ

o-DATING-30S-facebook.jpg 

အိမ်ထောင်သည်တွေဖြစ်သွားလို့ သမီးရည်းစားဘဝတုံးကလို ပြန်ချိန်းတွေ့လို့မရတော့တာ မဟုတ်ပါဘူး။ သမီးရည်းစားဘဝတုံးက ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အမှတ်တရလေးတွေကို ပြန်ရရှိတာကို ဇနီးမယားတွေက နှစ်သက်ကြပါတယ်။ သမီးရည်းစားဘဝတုံးက ခဏခဏတူတူသွားစားခဲ့ဖူးတဲ့ စားသောက်ဆိုင်ကို ခေါ်သွားတာတို့၊ ရုပ်ရှင်ကြည့်ဖို့ ခေါ်သွားတာတို့ပေါ့။

၂။ ဟာသလေးတွေပြောပြပါ

happy-couple-in-bed-1024x987.jpg 

ရယ်မောခြင်းကို လူတိုင်းနှစ်သက်ကြပါတယ်။ ဇနီးဖြစ်သူကို ဟာသလေးတွေပြောပြပါ။ ဒါမှမဟုတ် အလုပ်ထဲမှာ တွေ့ကြုံခဲ့ရတဲ့ ကမောက်ကမဖြစ်ရပ်လေးတွေကို ပြောပြပါ။ ဒါတွေက သူမကို ပြုံးလာစေနိုင်မှာပါ။

၃။ လက်ဆောင်ပေးပါ

Romance-Couple-in-Love-Drinking-Images.jpg 

လက်ဆောင်ပေးတယ်ဆိုတာ အရမ်းဈေးကြီးတဲ့ပစ္စည်းတွေ ဝယ်ပေးစရာမလိုပါဘူး။ သူမအတွက် အသုံးဝင်မယ့်၊ အဓိပ္ပာယ်တစ်စုံတရာရှိမယ့် ပစ္စည်းတစ်ခုခုကို ဝယ်ပေးပါ။ သူမနှစ်သက်တဲ့ ပန်းစည်းလေးပဲဖြစ်ဖြစ်၊ သူမအရမ်းလိုချင်နေတဲ့ ရေမွှေးတစ်ပုလင်းပဲဖြစ်ဖြစ်ပေါ့။

၄။ အိမ်အလုပ်တွေကူပေးပါ

how-to-get-husband-to-help-with-chores.jpg 

အိမ်ရှင်မတွေမှာ တူညီတဲ့အချက်တစ်ချက်ကတော့ အိမ်အလုပ်တွေနဲ့ အမြဲလိုလိုု ပင်ပန်းနေတတ်တာပါပဲ။ သူမရဲ့နေ့စဉ်လုပ်ငန်းဆောင်တာ အိမ်အလုပ်တွေကို ကူညီပေးခြင်းက သူမကိုု ပြုံးပျော်ရွှင်စေမှာပါ။ အထူးသဖြင့် သူမ မလုပ်ချင်တဲ့ အလုပ်မျိုးပေါ့။ ဥပမာ... အမှိုက်ပစ်တာတို့၊ တံမြက်စည်းလှဲတာတို့။

၅။ ညစာချက်ကျွေးပါ

maxresdefault.jpg 

တစ်အိမ်လုံးအတွက် ညစာကို နေ့တိုင်းချက်ပြုတ်ဖန်တီးပေးနေတဲ့ အိမ်ရှင်မတွေကို တစ်ခါတလေမှာ အထူးစပယ်ရှယ် ညစာတစ်မျိုးကို ကိုယ်တိုင်ချက်ကျွေးခြင်းဖြင့် ဂုဏ်ပြုလိုက်ပါ။ သူမအနှစ်သက်ဆုံး ဟင်းလျာတစ်မျိုးကို စားပွဲပေါ်မှာတည်ခင်းပြီး ဖယောင်းတိုင်တွေ၊ ဘာတွေထွန်းပြီး သူမကို surprise လုပ်ကြည့်ပါ။ ဒီလို surprise ကို မနှစ်သက်တဲ့ အမျိုးသမီး ရှိမယ်မထင်ပါဘူး။

Source: youngisthan

 

Share

Loading Next Article...
က္က