ဖူးစာကုန်ချိန်ရောက်ပြီဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲပြတ်စဲကြရတာပါပဲ။

သမီးရည်းစားနှစ်ယောက်၊ လင်မယားနှစ်ယောက်ဆိုတာ ဖူးစာပါလို့သာ လောကကြီးထဲမှာ ဆုံတွေ့ကြရတာပါ။ ဒါပေမယ့် ဖူးစာကုန်ချိန်ရောက်ပြီဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲပြတ်စဲကြရတာပါပဲ။ သမီးရည်းစားနှစ်ယောက် လမ်းခွဲပြတ်စဲမှုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့....

၁။ စိတ်နေစိတ်ထားမတူညီဘူး

common-couple-fights-that-are-completely-normal.jpg 

Social Psychology and Personality Science ဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ အတွဲတွေပြတ်ကြတဲ့ အဓိက အကြောင်းပြချက်ကတော့ စိတ်သဘောထားချင်း မတိုက်ဆိုင်ကြလို့ပါပဲလို့ ဆိုထားပါတယ်။ ဘယ်သူမှတော့ ပြီးပြည့်စုံနိုင်ခြင်း မရှိသလို ချစ်လှပါချည်ရဲ့ဆိုတဲ့အတွဲတွေတောင် ရန်ဖြစ်ကြတာတွေ ဘာတွေရှိတတ်ကြတာပါပဲ။

ဒါပေမယ့် မိမိရဲ့လက်တွဲဖော် ပြောသမျှ လုပ်သမျှကို မနှစ်သက်တော့ဘူးဆိုရင်တော့ (သူ့ဘက်ကလည်း အဲဒီလိုပဲ ခံစားရတယ်ဆိုရင်တော့) လမ်းခွဲလိုက်တာဟာ နှစ်ယောက်လုံးအတွက် အကောင်းဆုံးပါပဲ။

၂။ အချစ်တွေကုန်ခမ်းသွားပြီ

o-COUPLE-ANGRY-facebook.jpg 

အချစ်ဆိုတာကြီးကလည်း မှော်ဝင်ရေတွင်းကြီးမှ မဟုတ်တာ။ အချိန်အတိုင်းအတာတစ်ခုရောက်လို့ ဦးနှောက်ထဲက အောက်ဆီတိုစင်ဟော်မုန်းတွေ မထုတ်လွှတ်နိုင်တော့တဲ့အခါ အချစ်ဆိုတာကြီးဟာလည်း အဆုံးသတ်သွားမှာပါပဲ။ မိမိကိုယ်တိုင် အချစ်တွေကုန်ခမ်းသွားပြီလို့ ခံစားရတာပဲဖြစ်ဖြစ်၊ လက်တွဲဖော်ကိုယ်တိုင် ထွက်သွားဖို့ကြိုးစားနေတယ်လို့ ခံစားရတာပဲဖြစ်ဖြစ် ဖြစ်လာပြီဆိုရင် အရမ်းတင်းတင်းကျပ်ကျပ်ကြီး ဆွဲမထားပါနဲ့။ အသာလေးပေးသွားလိုက်တာက နှစ်ယောက်လုံးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၃။ ကိုးကွယ်ရာဘာသာမတူလို့

Featured-Image.jpg 

ဒါတွေဟာလည်း အရေးမပါဘူးလို့ ဘယ်လောက်ပြောပြော တစ်ချိန်ချိန်မှာ အတိုင်းအတာတစ်ခုထိတော့ အရေးပါလာတာပါပဲ။ အထူးသဖြင့် နှစ်ယောက်လုံးက မိမိကိုးကွယ်ရာ ဘာသာတရားမှာ ဘာသာတရားကိုင်းရှိုင်းသူတွေ ဖြစ်နေရင်ပိုဆိုးပါတယ်။ ကြိုက်နေတုံးမှာ ပြဿနာမရှိပေမယ့် တူတူနေကြတော့မယ်၊ ကလေးတွေ မွေးကြတော့မယ်ဆိုရင်တော့ ဘာသာတရားမတူညီခြင်းက အဓိက ပွတ်တိုက်မိစရာအကြောင်းအချက် ဖြစ်လာနိုင်ပါတယ်။ ပိုဆိုးတာက စလယ်ဝင်ဖင်မမဲခင်ကတည်းက ကွဲသွားနိုင်ပါတယ်။ (စောစောပြတ်သွားနိုင်ပါတယ်။)

၄။ တစ်ယောက်က လက်ထပ်တဲ့အဆင့်ထိ မတက်ချင်ဘူး

Arguing-couple.jpg 

တွဲလာတာလည်း နှစ်တွေကြာပြီ။ အိမ်နဲ့ နီးစပ်ရာသူငယ်ချင်းတွေကလည်း ကိုယ်တွေနှစ်ယောက်ကို အတွဲတွေလို့ အသိအမှတ်ပြုထားတယ်။ ဒါပေမယ့် မိမိရဲ့လက်တွဲဖော်ကပဲဖြစ်ဖြစ်၊ မိမိကပဲဖြစ်ဖြစ် လက်ထပ်ခြင်းကို ကြောက်ရွံ့တဲ့အခါ၊ အယုံအကြည်မရှိတဲ့အခါ ပြဿနာလေးတွေ သေချာပေါက်ဖြစ်လာမှာပါ။ အထူးသဖြင့် တစ်ဖက်လူက လက်ထပ်ချင်လာတဲ့အချိန်မျိုးမှာပေါ့။ အဲဒီလိုအချိန်မျိုးမှာ ညှိမရရင် ပြတ်စဲကြမှာပါပဲ။

၅။ အသစ်တစ်ယောက်ရှိနေတယ်

8_Confessions_That_Reveal_Why_People_Cheat_08-1-1.jpg 

ဒါကတော့ ရိုးရှင်းတဲ့လက္ခဏာတစ်ခုပါပဲ။ ဟိုကဗျာစာသားထဲကလိုပေါ့။ "နှစ်ယောက်ကမ္ဘာထဲကို နောက်တစ်ကောင်ဆွဲသွင်းလိုက်ကတည်းက အကုသိုလ်တွေ သုံးပွင့်ဆိုင်တာပဲ!!!" ဆိုသလိုပေါ့။ စနိုက်ကြော်တို့၊ ကြာကူလီတို့ စွက်ဖက်နေတဲ့ ဆက်ဆံရေးတစ်ခုဟာ ဘယ်လိုမှ ပြေပြေလည်လည်ဆက် run နိုင်မှာမဟုတ်ပါဘူး။ တစ်ယောက်ယောက်က သည်းခံနားလည်ပေးလိုက်ရင်တောင် အရင်လို ပြန်မဖြစ်နိုင်တော့တာကတော့ အမှန်ပါပဲ။ သံသယတွေပါလာမယ်။ စိတ်မလုံမလဲဖြစ်ခြင်းတွေ ပါလာမယ်။ သစ္စာတရားကျိုးပေါက်ဖူးတဲ့ ဆက်ဆံရေးတစ်ခုဟာ ဘယ်လိုပဲ ဖာထေးပြုပြင်ထားပါစေ။ အချိန်မရွေး ပြန်လည်ပေါက်ပြဲသွားနိုင်ပါတယ်။

၆။ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်တွေထားတယ်

06-cheating-signs-phone.jpg 

ယုံကြည်မှုနဲ့ နားလည်မှုက လူနှစ်ယောက်ဆက်ဆံရေးမှာ အရေးအကြီးဆုံးပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လျှို့ဝှက်ချက်တွေထားရှိနေတယ်ဆိုရင် ယုံကြည်မှုကင်းမဲ့ရာရောက်ပြီး ပြဿနာလေးတွေ တက်လာနိုင်ပါတယ်။ လျှို့ဝှက်ချက်တွေထားရှိခြင်းက စိတ်ဖိအားကို ဖြစ်ပေါ်စေနိုင်ပြီး အဆုံးသတ်မှာ ပြတ်စဲသွားသည်အထိ ဖြစ်လာနိုင်ပါတယ်။

Source: Reader's Digest

 

Share

Loading Next Article...
က္က