စကားအရာမှာ လိမ္မာပါးနပ်ခြင်းဆိုတာလည်း အတတ်ပညာတစ်မျိုးပါပဲ။

စကားအရာမှာ လိမ္မာပါးနပ်ခြင်းဆိုတာလည်း အတတ်ပညာတစ်မျိုးပါပဲ။ စကားပြောတတ်သူတွေဟာ တချို့ကိစ္စတွေမှာ စကားချိုချိုသာသာလေးပြောပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ကြပါတယ်။ လူတော်တွေကျပြန်တော့ ဘယ်စကားမျိုးကို ဘယ်လိုနေရာမျိုးမှာပြောရမယ်ဆိုတာကို နားလည်ကြပြီး ပြဿနာဖြစ်မလာအောင် ရှောင်ရှားနိုင်ကြပါတယ်။ လူအများနဲ့ ဆက်ဆံရာမှာ မပြောသင့်တဲ့ စကားတွေကတော့....

၁။ "မင်းကြည့်ရတာ ပင်ပန်းနေပုံပေါ်တယ်နော်"

08-avoid-while-tired-gauging-tired1.jpg 

လူတစ်ယောက်ကို ပင်ပန်းနေပုံပေါ်ကြောင်းပြောတာဟာ ကြည့်ရဆိုးနေတယ်လို့ သွယ်ဝိုက်ပြောတာနဲ့ အတူတူပါပဲ။ ဘယ်သူမှ အဲဒီလို နှုတ်ခွန်းဆက်စကားမျိုးကို မကြားလိုကြသလို ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့ လူတော်တွေကလည်း တခြားလူတစ်ယောက်ကို ဒီလိုစကားမျိုး ပြောမှာမဟုတ်ပါဘူး။ အဲဒီလိုမေးမယ့်အစား နေကောင်းရဲ့လား ဆိုပြီး မေးတာက အများကြီးပိုပြီး သင့်လျော်ပါတယ်။

၂။ "ငါမလုပ်နိုင်ဘူး"

iStock_000016608876_Medium.jpg

အထူးသဖြင့် လုပ်ငန်းခွင်လိုနေရာမျိုးမှာ မပြောသင့်ဆုံးစကားကတော့ "ငါမလုပ်နိုင်ဘူး" ဆိုတာပါပဲ။ ဒီစကားက သင်ဟာ အလုပ်တစ်ခုကို ဘယ်လိုလုပ်ရမှန်း မသိဘူးလို့ သွယ်ဝိုက်ဝန်ခံတာ ဖြစ်နိုင်သလို လုပ်ကိုင်လိုစိတ်ကင်းမဲ့ကြောင်း ပြောဆိုတာလည်း ဖြစ်နိုင်ပါတယ်။ အလုပ်တစ်ခုကို စတောင်မစရသေးဘဲ အရှုံးပေးသလို လေသံမျိုးဖမ်းတာဟာ လူတော်တွေပြောလေ့ရှိတဲ့ စကားတစ်ခွန်း မဟုတ်ပါဘူး။ အဲဒီအစား "ငါကြိုးစားကြည့်ပါ့မယ်" လို့ပြောကြည့်ပါ။

၃။ "ဒါတော့ မတရားဘူး"

"ဒါတော့ မတရားဘူး" ဆိုတဲ့စကားဟာ ကလေးဆန်လွန်းပါတယ်။ လောကကြီးမှာ တရားတယ်။ မတရားဘူး ညည်းညူနေမယ့် အစား မတရားမှုကို မားမားမတ်မတ်ရင်ဆိုင်ပြီး ဖြေရှင်းရဲတဲ့သတ္တိကမှ တကယ်ထက်မြက်ပြီး လေးစားဖို့ကောင်းတာပါ။ အဲဒီအစား "ငါတို့ ဒီနည်းနဲ့ လုပ်ကြည့်ရင် ပိုအဆင်ပြေနိုင်တယ်" လို့ပြောကြည့်ပါ။

၄။ "ငါ ဂရုမစိုက်ဘူး"

shrugging.jpg 

ပမာမခန့်လေသံနဲ့ "ငါ ဂရုမစိုက်ဘူး" ဆိုပြီး ပြောတာဟာ လူတော်တွေရဲ့လုပ်ရပ်မဟုတ်ပါဘူး။ ဒီလိုလေသံမျိုးနဲ့ စကားမျိုးဟာ သင့်မှာ ဘာအကြံံဉာဏ်မှ ရှိမနေဘူးလို့ ဖော်ပြနေရာရောက်ပါတယ်။ အထူးသဖြင့် အစည်းအဝေးလိုနေရာမျိုးမှာ လုံးဝမပြောသင့်တဲ့ စကားမျိုးပါ။

၅။ "အရင်တံုံးကလည်း ဒီလိုပဲလုပ်နေကြတာပဲ"

Beach-Club+meeting-rooms-002.jpg 

လူတော်တွေဟာ အကြံသစ်၊ ဉာဏ်သစ်တွေနဲ့ အကြံပြုချက်တွေကို လိုလိုလားလားလက်ခံကြပါတယ်။ အစည်းအဝေးခန်းထဲမှာ လူသစ်တစ်ယောက်က မိမိထက်ကောင်းတဲ့ အကြံဉာဏ်သစ်တွေကို ချပြတဲ့အခါ "အရင်တံုံးကလည်း တို့တွေ ဒီလိုပဲ လုပ်နေကြတာပဲ" ဆိုပြီး ရှေ့ကပိတ်တတ်တာဟာ လူတော်တစ်ယောက်ရဲ့ အပြုအမူမဟုတ်ပါဘူး။ ဒီစကားမျိုးပြောလိုက်ရင် သင့်ကို စိတ်ဓာတ်ညံ့ဖျင်းတဲ့ လူတစ်ယောက်လို့ ထင်မြင်သွားနိုင်စရာရှိပါတယ်။

၆။ "ဒါ ငါ့အပြစ်မဟုတ်ဘူး"

ddd390524ff9b8727e83b8319ce6fd00.jpg 

နေရာတစ်ခုမှာ တာဝန်ကြီးကြီးယူထားရသူတစ်ဦးဆိုရင် ပိုုဆိုးပါတယ်။ "ဒါ ငါ့အပြစ်မဟုတ်ဘူး" ဆိုပြီး ပြောဆိုခြင်းဟာ မရင့်ကျက်ရာရောက်သလို တာဝန်မယူနိုင်ရာလည်း ရောက်ပါတယ်။ နောက်ပြီး "ဒါ ငါ့အပြစ်မဟုတ်ဘူး" ဆိုပြီးပြောခြင်းဟာ သင်ဟာ အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်သူတစ်ဦး မဟုတ်ကြောင်း သိသာထင်ရှားစေပါတယ်။ လုပ်ငန်းခွင်ထဲမှာတော့ ဒါဟာ ပြဿနာတစ်ခု ဖြစ်လာနိုင်ခြေ ရှိတဲ့အတွက် မပြောဆိုသင့်တဲ့ စကားတစ်ခုပါ။

Source: Reader's Digest

 

Share

Loading Next Article...
က္က