သူ့အလုပ်စားပွဲလေး ရှင်းပေးလိုက်တယ်။ သူထားနေကျပစ္စည်းတွေ နေရာလွဲကုန်လို့ စိတ်ရှုပ်တယ်တဲ့။

တချို့ယောက်ျားတွေကတော့ ဒါတွေကို သည်းခံနိုင်ကြပါလိမ့်မယ်။ မရှိဘူးတော့မဟုတ်၊ ရှိတော့ရှိတယ် ရှားတယ် ဆိုသလိုပေါ့။ များသောအားဖြင့်တော့ ယောက်ျားလေးတွေဟာ သူတို့ရဲ့ချစ်သူ မိန်းကလေးက ဒီလိုတွေလုပ်နေရင် စိတ်တိုသတဲ့။

၁။ ပန်းကန်ထဲကနှိုက်စားတာ

15285810--1500961294-650-1629d528b8-1501489373.jpg 

ရိုမန့်တစ်ဆန်တယ်လို့ ထင်မိနေရင်တော့ လွဲသွားမယ်။ သူတို့တွေးနေတာက "စားချင်ရင် သပ်သပ်ထပ်မှာလေ... ဘာလို့ သူများပန်းကန်ထဲလာနှိုက်နေတာလဲ"။

၂။ အလုပ်စားပွဲရှင်းပေးတာ

မိန်းကလေးဆိုတော့ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် လုပ်ပေးချင်တာပေါ့နော်။ ကိုယ် မိန်းမပီသတာကိုလည်း ပြချင်တော့ သူ့အလုပ်စားပွဲလေး ရှင်းပေးလိုက်တယ်။ သူထားနေကျပစ္စည်းတွေ နေရာလွဲကုန်လို့ စိတ်ရှုပ်တယ်တဲ့။

၃။ အပျော်အပါး

15285910-636132258980893084690521932_maxresdefault-1500871476-650-834377c6fd-1501489373.jpg 

နှစ်ယောက်လုံးက ပါတီမှာ၊ EDM ပွဲမှာ တွေ့ပြီး ချစ်သူတွေဖြစ်သွားတယ်ဆိုရင်တော့ ချွင်းချက်ပေါ့။ သောက်စားပျော်ပါးတာကလွဲရင် တခြား ဘာမှမလုပ်တတ် ဘဝရည်မှန်းမချက်မရှိတဲ့ မိန်းကလေးတွေကိုလည်း ကြာကြာမချစ်ကြဘူး။

၄။ အတင်းအုပ်တာ

ဒါကတော့ မိန်းမသဘာဝပဲ သူတို့ဘာသာ လက်မခံနိုင်တာ မတတ်နိုင်ဘူးလေ။ အနည်းနဲ့အများဆိုသလို အတင်းလေးတော့ အုပ်မှာပေါ့နော်။

၅။ လိုချင်တာ ဒဲ့မပြောတာ

တစ်ခုခု လိုချင်ရင် တိုက်ရိုက်သာပြောပလိုက်။ "ဒီနေ့ လက်စွပ်လေးတစ်ကွင်းတွေ့ခဲ့တယ် သိပ်လှတာပဲ"လို့ ပြောမနေနဲ့။ သူတို့က နားလည်တာမဟုတ်ဘူးရယ်။ လိုချင်လို့ အရိပ်အယောင်ပြပြီး ပြောတာတောင် မဝယ်ပေးလို့ဆိုပြီး စိတ်ကောက်မယ့်အစား ဝယ်ပေးပါလို့ တိုက်ရိုက်ပြောတာကို ပိုသဘောကျကြပါတယ်။

၆။ အကြောင်းပြချက်မရှိငိုတာ

15286160--1500616235-650-b0725c3bd7-1501489373.jpg 

ထစ်ခနဲဆို ငိုချလိုက်တာပဲ။ ဘေးလူက ဘာလုပ်ပေးရမှန်းမသိဘူး။ ဒီကြားထဲ လူတွေက အထင်လွဲပြီး ဝိုင်းကြည့်တာခံရသေးတယ်။

၇။ မေးခွန်းတွေ

တစ်ခုပြီးတစ်ခု မပြီးနိုင်တဲ့ မေးခွန်းတွေက တစ်ဖက်လူ စိတ်ရှုပ်ရအောင် လုပ်နေတာပါပဲ။ အေးဆေးပေါ့။ နောင်ကျ သိလာရမယ့်ဥစ္စာ ဘာလို့ အလျင်စလို မေးနေရတာလဲ။

၈။ ပြင်ဆင်ချိန်ကြာတယ်

အပြင်တစ်ခါသွားဖို့အရေး မိတ်ကပ်လိမ်းတာ ၁ နာရီလောက် ကြာနေတာကိုလည်း သည်းမခံချင်ပါဘူး။

၉။ ကြားလူ

15286310-1431110-4-5ImageOther-article10-0-1501058987-1501058992-650-1-1501058992-650-07614cbbc1-1501489373.jpg 

နှစ်ယောက်ကြားထဲမှာဖြစ်တဲ့ ပြဿနာတွေကို ဘေးလူတွေသိအောင် လျှောက်မဖွပါနဲ့။ အချင်းချင်းပဲရှင်းပါ။ ရန်ဖြစ်တိုင်း ဖေ့စ်ဘုတ်ပေါ်တင်ပြီး လူသိအောင်ရေးတာမျိုးကို လုံးဝမကြိုက်ကြပါဘူး။

Source : Bride Side

Share

Loading Next Article...
က္က