"အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်စုပ်ထိုး" ဆိုတာ နောင်တစ်ချိန်မှာ ပြန်ပြင်ဖို့ခက်တဲ့ အရာတွေပါ။

"အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်စုပ်ထိုး" ဆိုတာ နောင်တစ်ချိန်မှာ ပြန်ပြင်ဖို့ခက်တဲ့ အရာတွေပါ။ ဆိုလိုတာက အမှားအယွင်းမခံသင့်ပါဘူး။

 

အိမ်ထောင်တစ်ခုကို ထူထောင်တော့မယ်ဆိုရင် စဉ်းစားချင့်ချိန်စရာတွေ အများကြီးရှိသလို အိမ်ထောင်မပြုခင် မေးမြန်းထားသင့်တဲ့ မေးခွန်းတွေလည်းရှိပါတယ်။ အဲဒါတွေကတော့....

၁။ ဝါသနာတွေအကြောင်း

15815260-la_la_lend_13-1503066483-650-f3fe2894da-1504301421.jpg 

လူတစ်ယောက်နဲ့ တစ်ယောက်ပေါင်းဖက်တော့မယ်ဆိုရင် သူ့ရဲ့အားလပ်ချိန်မှာ ပြုလုပ်တတ်တဲ့ ဝါသနာတွေအကြောင်းကို သိထားဖို့လိုအပ်ပါတယ်။ ဥပမာ... ကိုယ့်ရဲ့ခင်ပွန်းလောင်းက အားလပ်ချိန်မှာ ဂိမ်းဆော့ရတာကြိုက်လား။ စာအုပ်ဖတ်ရတာ ကြိုက်လား။ ဘောပွဲကြည့်ရတာကြိုက်လား။ စသဖြင့် သတိထားခြင်းဟာ နောင်တစ်ချိန်မှာ တစ်အိမ်တည်းတူတူနေတဲ့အချိန်မှာ အရေးပါလာပါလိမ့်မယ်။

၂။ အားနည်းချက်တွေ

couple-in-a-fight-sitting-together.jpg 

တစ်ခါတရံမှာ လူတစ်ယောက်ရဲ့အားနည်းချက်ကို သိဖို့အတွက် နှစ်တွေအကြာကြီး အချိန်ယူရပါတယ်။ အဲဒီလို အားနည်းချက်တွေကို သိလိုက်ရတော့မှ မနှစ်သက်နိုင်တော့ဘဲ လင်မယားကွဲကြ၊ ကွာကြရတာလည်း မကောင်းပါဘူး။ ဒါကြောင့် လက်မထပ်ခင် အချိန်တစ်ခုယူပြီး မိမိအိမ်ထောင်ဖက်ရဲ့ အားနည်းချက်တွေကို လေ့လာကြည့်ပါ။ လက်ခံနိုင်တာသေချာမှ လက်ထပ်တာပိုကောင်းပါတယ်။ ဒါမှမဟုတ် သူ့ဘက်က ပြင်ဆင်ပေးနိုင်တာ သေချာရင်ပေါ့။

၃။ ကလေးဘယ်နယောက်ယူမလဲ/ အိမ်မွေးတိရစ္ဆာန်မွေးမှာလား

15815360-dtc_j6_138_novyy-razmer-1503056810-650-6c58526fdd-1504301421.jpg 

ဒါလည်း အရေးကြီးတဲ့ မေးခွန်းတွေပါပဲ။ ဥပမာ... ကိုယ်က ကြောင်မွှေးကို အလာ့ဂျစ်ထတတ်သူတစ်ဦး ဖြစ်နေပြီး မိမိရဲ့ အိမ်ထောင်ဖက်က ကြောင်ချစ်သူတစ်ဦးဖြစ်နေရင် ရေရှည်မှာတစ်အိမ်တည်း တူတူနေဖို့ရာ ခက်ခဲလာမှာပါ။ နောက်ပြီး မိမိက ကလေးချစ်တတ်သူတစ်ဦးဖြစ်နေပြီး အိမ်ထောင်ဖက်က ကလေးမွေးရမှာ ကြောက်ရွံ့နေတတ်တဲ့အခါ အိမ်ထောင်ရေးသာယာမှု ရရှိနိုင်မှာမဟုတ်ပါဘူး။

ဝတ်စုံအရောင်က ဖော်ပြနေတဲ့ သင့်စိတ်ထားနဲ့ အရည်အချင်း 

၄။ ငွေရေးကြေးရေး

15815410-493-1503317432-650-77edc7f08d-1504301421.jpg 

ခုခေတ်ကြီးမှာ ယောကျ်ားလေးတစ်ယောက်တည်းက အိမ်ထောင့်တာဝန်ကို ထမ်းဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ အစစအရာရာ ဈေးကြီးလာတဲ့ခေတ်ကြီးထဲမှာ ငွေရေးကြေးရေး သုံးစွဲမှုကလည်း စာရင်းဇယားနဲ့ သေချာထားသင့်ပါတယ်။ တော်ကြာနေ ယူပြီးတော့မှ မိမိရဲ့အိမ်ထောင်ဖက်က ရှာသမျှကို အလှပြင်ပစ္စည်းပဲ ထိုင်ဝယ်နေပြီး ကိုယ့်ကို ကန်စွန်းရွက်နဲ့ပဲ ကျွေးနေရင် ဒုက္ခတွေ့ရပါလိမ့်မယ်။

၅။ လိင်ကိစ္စ

o-SEX-NOT-facebook.jpg 

အိမ်ထောင်ပြုတယ်ဆိုတာမှာ ဒီကိစ္စကလည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် လိင်စိတ်ဆန္ဒနဲ့ နှစ်သက်တဲ့ပုံစံချင်း တူညီချင်မှ တူညီမှာပါ။ မယူခင်ကတည်းက တစ်ယောက်နှစ်သက်တဲ့ပုံစံကို သိထားတာလည်း မမှားပါဘူး။ မဟုတ်ရင် BDSM သမားနဲ့ တွေ့နေရင် မခက်ပါလား။

၆။ အနာဂတ်

hipster-couple-portraits-13.jpg 

ကိုယ်နဲ့ တစ်ဘဝလုံး အတူတူနေတော့မယ့် လူတစ်ယောက်က အနာဂတ်ပျောက်နေတဲ့ လူတစ်ယောက် ဖြစ်နေရင် တကယ့် ပြဿနာပါ။ ဒါကြောင့့် လက်မထပ်ခင် မေးသင့့်တဲ့ မေးခွန်းထဲမှာ အနာဂတ်ကို ဘယ်လို ရှုမြင်တယ်ဆိုတာလည်း ပါဝင်သင့်ပါတယ်။ ဥပမာ... (၅) နှစ်အတွင်း အိမ်တစ်လုံးရအောင်ဝယ်မယ်။ (၆) နှစ်ဆိုရင် ကလေးယူမယ်။ (၁၀) နှစ်ပြည့် နှစ်ပတ်လည်ကျရင် မော်လ်ဒိုက်ကျွန်းကို အပန်းဖြေခရီးထွက်မယ် အစရှိသဖြင့်ပေါ့။

Source: Brightside

 

Share

Loading Next Article...
က္က