ဒူးနဲ့မျက်ရည် မသုတ်ချင်ရင် ဒီလိုလူစားမျိုးကို လက်ထပ်ဖို့ လုံးဝသွားမစဉ်းစားပါနဲ့.... ညယ်မတို့၊ အယ်မတိုု့ရေ။

မြှားနတ်မောင်က သူ့ရဲ့အချစ်မြှားကို လွှတ်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်မျက်စိထဲမှာတော့ အရာရာ ပြီးပြည့်စုံနေပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေက သူ့အပြစ်တွေကို ထောက်ပြတာတောင် ချစ်တဲ့စိတ်နဲ့ အရာရာဟာလှပလို့နေပါတယ်။

 

ဒါပေမယ့် သေချာစဉ်းစားကြည့်ကြပါဦး။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်စုပ်ထိုး တာဟာ နောင်တစ်ချိန်မှ ပြန်ပြင်ဖို့ခက်ခဲပါတယ်။ မဒီပျိုလေးတွေအတွက်ဆိုရင် ပိုလို့တောင်ခက်ခဲပါသေးတယ်။

အောက်မှာဖော်ပြထားတာကတော့ လက်ထပ်ဖို့ထိ မစဉ်းစားသင့်တဲ့ ယောကျ်ားတွေရဲ့ ဝိသေသလက္ခဏာတွေပဲ ဖြစ်ပါတယ်။

၁။ သံသယများတယ်

1.-He’s-suspicious.jpg 

ဆက်ဆံရေးတိုင်းဟာ ယုံကြည်မှုကို အုတ်မြစ်ချပြီး တည်ဆောက်ရတာပါနော်။ တကယ်လို့ ကိုယ်တွဲနေတဲ့ရည်းစားက ကိုယ့်ကို သံသယမျက်လုံးနဲ့ လိုက်ကြည့်နေပြီဆိုရင်တော့ ဒါက ပြဿနာပါပဲ။ သူက privacy ဆိုတာကို နားလည်မယ့်လူစားမျိုး မဟုတ်သလို ဖုန်းလေးခဏချခဲ့ပြီး အိမ်သာခဏသွားရင်တောင် ဖုန်းထဲမှာဘာရှိလဲဆိုတာကို ခိုးကြည့်မယ့်လူစားမျိုးပါ။ ဒီလိုလူစားမျိုးကို တစ်ဘဝလုံးစာ သွားလက်တွဲမိရင် ကိုယ်ပဲ စိတ်ဆင်းရဲရမှာပါ။

၂။ တိရစ္ဆာန်လေးတွေကို မချစ်တတ်ဘူး

2.-He-doesn’t-like-animals (1).jpg 

ဒီလိုလူမျိုးကို ဒိတ်မိနေပြီဆိုရင်တော့ ချက်ချင်းပဲ ထားခဲ့လိုက်ပါ။ တိရစ္ဆာန်လေးတွေကို မချစ်တတ်တဲ့လူမျိုးက ကြင်နာမှုနဲ့ စာနာမှုကင်းမဲ့သူဖြစ်ပါတယ်။ စာနာစိတ်ကင်းမဲ့သူတစ်ဦးနဲ့ လက်တွဲပြီး မိသားစုတစ်ခုကို ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာ မိန်းကလေးတွေ နဖူးတင်လက်တင်ပြီး စဉ်းစားရမယ့် ကိစ္စပါ။

၃။ စကားတွေကို ဒီဘက်နားကဝင် ဟိုဘက်နားက ပြန်ထုတ်တယ်

3.-He-doesn’t-listen-to-anything-you-say.jpg 

သမီးရည်းစားဆက်ဆံရေးတိုင်းမှာ (၂) ဦးသဘောတူ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ ရှိမှာပါပဲနော်။ ဥပမာ... အပြင်သွားရင် ပုခုံးမဖက်ရတို့၊ ကိုယ်မသိဘဲ nightout မထွက်ရတို့ အစရှိသဖြင့်ပေါ့။ တကယ်လို့ ကိုယ်တွဲနေတဲ့လူက ဒီလိုစည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာဘဲ ခဏခဏချိုးဖောက်နေရင်၊ ကိုယ်ပြောတဲ့စကားတွေကိုလည်း ဒီဘက်နားကဝင်... ဟိုဘက်နားက ပြန်ထုတ်ပစ်ရင်.. ဒါဟာ ကိုယ့်ကိုရော၊ နှစ်ဦးကြားကဆက်ဆံရေးကိုပါ မလေးမစားလုပ်တာပါပဲ... ညယ်မတို့။ ဒီလိုလူမျိုးကို ထာဝရလက်တွဲချင်လားစဉ်းစားရမှာပေါ့။

၄။ ကတိတွေဖျက်တယ်

4.-He’s-a-promise-breaker.jpg 

ကတိတွေ အလွယ်တကူပေးတတ်ပြီး ကတိတွေကို အလွယ်တကူပြန်ဖျက်တတ်တဲ့ လူစားမျိုးတွေဟာ သမီးရည်းစား ဆက်ဆံရေးတစ်ခုကို အပျော်ပဲသဘောထားပြီး ကိုယ်တွေရဲ့ခံစားချက်ကို အလေးထားတတ်တဲ့ လူမျိုးတွေမဟုတ်ပါဘူးနော်။ ဒါကြောင့် သူပေးထားတဲ့ကတိတွေကို သူကိုယ်တိုင်ပဲ ထပ်ခါထပ်ခါ ချိုးဖောက်နေမယ်ဆိုရင်တော့ သူ့ကို ဖြတ်လိုက်သင့်ပါပြီ။

၅။ ဦးစားမပေးတတ်ဘူး

Gentleman တစ်ယောက်ဆိုတာ မိန်းကလေးတစ်ယောက်ကို ဦးစားပေးတတ်တဲ့ Lady first ဆိုတဲ့ စိတ်ထားမျိုးရှိသူ ဖြစ်ပါတယ်။ အနည်းဆုံးတော့ စကားပြောပြီဆိုရင် မိန်းကလေးတစ်ယောက်ကို အလျှော့ပေးရမှာပါ။ ဒီလိုမှမဟုတ်ဘဲ နေရာတိုင်းမှာ သူပဲအသာလိုချင်၊ သူပဲအနိုင်လိုချင်နေပြီး ဦးစားမပေးတတ်တဲ့ ယောကျ်ားမျိုးဆိုရင်တော့ ဝေါင်ဝေါင်ကရှေးသင့်ပါပြီ... အောမေတို့ရေ။

၆။ ကိုယ့်ကိုယ်ကိုယ် တရားလွန်အထင်ကြီးတယ်

6.-He-believes-he’s-flawless.jpg 

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ယောကျ်ားတစ်ယောက်ဆိုတာ ဆက်ဆီကျပါတယ်။ ဒါပေမယ့် မိမိကိုယ်ကိုယ် မတရား အထင်ကြီးတတ်သူတွေကျတော့ အမြင်ကပ်ဖို့ကောင်းပါတယ်။ သူပဲ နေရာတကာာမှန်နေပြီး အရာရာမှာ ပြီးပြည့်စုံနေတယ်လို့ ထင်တဲ့ယောကျ်ားတစ်ယောက်ဟာ ဘယ်တော့မှ မဒီလေးတို့ကို အလျှော့ပေးမှာမဟုတ်သလို ခေါင်းလည်းအရမ်းမာမှာပါ။ သူနဲ့ အိမ်ထောင်ကျရင် စိတ်ဆင်းရဲနေရမှာ အသေအချာပါပဲ။

၇။ ဆင်ခြေအရမ်းပေးတယ်

7.-He’s-always-making-excuses.jpg 

ကိစ္စတိုင်းကတော့ ကိုယ်စီစဉ်ထားသလို၊ တွေးထင်ထားသလို ဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရည်းစားက ကိစ္စတိုင်းမှာ လွဲချော်နေသလို ကိစ္စတိုင်းမှာ တာဝန်ယူလိုစိတ်၊ တာဝန်ခံလိုစိတ် မရှိဘဲ ဆင်ခြေအမြဲပေးနေမယ်ဆိုရင် လက်ထပ်ဖို့ မတွေးသင့်တဲ့လူထဲ ပါသွားပါပြီ။ ဘဝမှာ အခက်အခဲတွေကြုံလာရတဲ့အခါ တာဝန်ယူချင်စိတ် ရှိမှာမဟုတ်ဘဲ ဆင်ခြေတွေပဲ ပေးနေဦးမှာပါ။

Source: stylecraze

 

Share

Loading Next Article...
က္က