လူ့စိတ်သဘောအရ ပျင်းရိဖွယ်ကောင်းတဲ့ အရာတွေကို ညည်းငွေ့တတ်တဲ့အတွက် ဆက်ဆံရေးလေးခိုင်မြဲနေစေဖို့ နှစ်ဦးကြားမှာ (Quality time) ပျော်ရွှင်ဖွယ်အချိန်လေးတွေ ပုံမှန်ဖန်တီးပေးနေဖို့ လိုအပ်ပါတယ်နော်။

တစ်အိမ်တည်းမှာ တူတူနေတဲ့ လင်မယား၊ စုံတွဲ (၂) ယောက်အဖို့တော့ နေ့ရက်တိုင်းဟာ ပျော်ရွှင်ဖွယ်ဖြစ်နေဖို့ လိုပါတယ်။ လူ့စိတ်သဘောအရ ပျင်းရိဖွယ်ကောင်းတဲ့ အရာတွေကို ညည်းငွေ့တတ်တဲ့အတွက် ဆက်ဆံရေးလေးခိုင်မြဲနေစေဖို့ နှစ်ဦးကြားမှာ (Quality time) ပျော်ရွှင်ဖွယ်အချိန်လေးတွေ ပုံမှန်ဖန်တီးပေးနေဖို့ လိုအပ်ပါတယ်နော်။

 

ဒီလိုအချိန်တွေထဲမှာ အကောင်းဆုံးအချိန်ကတော့ ညအိပ်ယာဝင်ချိန်ပါပဲ။ ညအိပ်ယာဝင်ချိန်မှာ သာသာယာယာရှိနေစေဖို့အတွက် နည်းလမ်းလေးတွေကတော့...

၁။ ဖုန်းတွေကို Silent လုပ်ထားလိုက်ပါ

15882260-2312260-366063-0-1501489336-1501489344-650-1-1501489344-650-624ef94d07-1504723106.jpg 

oxytocin ဟော်မုန်းဆိုတာ ခန္ဓာကိုယ်ထဲမှာ အချစ်စိတ်တွေ နိုးကြားလာစေတဲ့ ဟော်မုန်းတစ်မျိုးပဲဖြစ်ပါတယ်။ Facebook တို့၊ Twitter တို့လို လူမှုကွန်ရက်တွေက အဲဒီဟော်မုန်းတွေ ထွက်မလာအောင် တားဆီးထားနိုင်ပါတယ်။ ဒီဟော်မုန်းဟာ လင်မယားနှစ်ယောက်ကြားမှာ ချစ်ခင်မှုနဲ့ ပေါင်းစည်းမှုတွေ ပိုမိုတိုးပွားလာစေတဲ့ ဟော်မုန်းတစ်မျိုးပါပဲနော်။ ဒါကြောင့် စိတ်ပညာရှင်တွေက (၉) နာရီထိုးတာနဲ့ ဖုန်းတွေကို ပိတ်ထားဖို့ (သို့) ဘေးဖယ်ထားဖို့ အကြံပြုထားတာဖြစ်ပါတယ်။

၂။ အလုပ်အကြောင်းတွေ ခဏမေ့ထားပါ

အိပ်ယာထဲရောက်ပြီဆိုရင် အလုပ်ကိစ္စတွေ ခေါင်းထဲကထုတ်ထားလိုက်ပါ။ နှစ်ယောက်တူတူရှိနေရမယ့်အချိန်မှာ အချိန်ကို အပြည့်အဝအသုံးချတာ ပိုကောင်းပါတယ်။ အိပ်ယာထဲမှာ စိတ်ရော၊ လူပါ အပြည့်အဝအနားယူပြီး နောက်နေ့အလုပ်ထဲမှာ ပိုအလုပ်လုပ်နိုင်ဖို့ ပြင်ဆင်တာပိုကောင်းပါတယ်။

Pillow talks လို့ခေါ်တဲ့ အိပ်ယာဝင်စကားလေးတွေက စုံတွဲတွေကို ပိုမိုနီးကပ်စေပြီး ပြဿနာတွေကို မေ့ပျောက်စေပါတယ်။ ဒါကြောင့် အလုပ်ထဲက ပြဿနာတွေ၊ ငွေရေးကြေးရေးကိစ္စတွေကို အိပ်ယာထဲမှာမပြောဘဲ ချစ်ကြောင်း၊ ကြိုက်ကြောင်းလေးတွေပဲ ပြောသင့်ပါတယ်။

တရုတ်နိုင်ငံမှာ ရုံးတစ်ရုံး ဖွင့်လှစ်သွားဖို့Facebook ကြိုးပမ်းနေ 

၃။ အိပ်ယာဝင်ချိန်တူပါစေ

15882360-2312360-366063-12-0-1501488792-1501489354-650-1-1501489354-650-624ef94d07-1504723106.jpg 

စုံတွဲတော်တော်များများဟာ တစ်နေ့လုံး တစ်ယောက်ကိုတစ်ယောက် မတွေ့ကြရသလို ညအိပ်ယာဝင်တော့လည်း တကွဲတပြားစီ အိပ်ယာဝင်ကြရပါတယ်။ စိတ်ပညာရှင်တွေရဲ့အဆိုအရတော့ ပျော်ရွှင်တဲ့စုံတွဲတွေဟာ အိပ်ယာဝင်ခါနီး သွားတူတူတိုက်သလို အိပ်ယာဝင်ချိန်မှာလည်း တူတူအိပ်ယာဝင်ကြပါတယ်တဲ့။ ဒီနည်းနဲ့ ဆက်ဆံရေးတစ်ခုရဲ့ နွေးထွေးမှုနဲ့ နီးကပ်မှုကို ထိန်းသိမ်းထားနိုင်ပါတယ်။

၄။ နှလုံးသားချင်း စကားပြောပါ

တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က နားဆင်ပေးပါ။ ပြဿနာတိုင်းကို အဖြေတန်းထုတ်ပေးတာမျိုးမဟုတ်ဘဲ သူ့ရဲ့ပြဿနာနဲ့ ရှုထောင့်ကို ဂရုတစိုက် နားဆင်ပေးပါ။ အဲဒီအချိန်မှာ လိုအပ်နေတာာ ပြဿနာကိုဖြေရှင်းနည်းထက် ချစ်ရသူရဲ့ဂရုစိုက်မှုနဲ့ ကြင်နာမှုပါ။

၅။ အိပ်ယာဝင်ခါနီးရင် အချင်းမများပါနဲ့

Arguing-couple.jpg 

အိပ်ယာဝင်ခါနီးမှာ စကားမများခြင်းက အကောင်းဆုံးပါပဲလို့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။ အိပ်ယာထဲမှာ နှစ်ယောက်သား စကားများခြင်းက ဘယ်ပြဿနာကိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ပိုဆိုးတာက ဒီလိုစကားများနေရင် နှစ်ယောက်လုံး အိပ်လို့ပျော်မှာမဟုတ်ပါဘူး။ ဒီတော့ နောက်နေ့ကျရင် ပိုစိတ်ဓာတ်ကျရမှာပါ။

Source: Brightside

Share

Loading Next Article...
က္က