လက်ရှိကိုယ်တွဲနေတဲ့ ရည်းစားက ကိုယ်နဲ့ သင့်တော်မှုရှိမရှိဆိုတာကိုတော့ နဖူးပေါ်လက်တင်ပြီး သေချာစဉ်းစားသင့်ပါတယ်။

ဒီခေတ်ကြီးထဲမှာ ရည်းစားထားတယ်ဆိုတာ ဘာမှဆန်းတဲ့ကိစ္စတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် လက်ရှိကိုယ်တွဲနေတဲ့ ရည်းစားက ကိုယ်နဲ့ သင့်တော်မှုရှိမရှိဆိုတာကိုတော့ နဖူးပေါ်လက်တင်ပြီး သေချာစဉ်းစားသင့်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေ ဖြစ်နေပြီဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့ ရည်းစားတစ်ယောက်ကို ရှာသင့်နေပါပြီ။

၁။ မိတ်ဆက်ပေးမိတဲ့ လူတိုင်းက သူ့ကိုမနှစ်သက်ကြဘူး

friends.jpg 

လမ်းမှာကြုံလို့ သူနဲ့ မိတ်ဆက်ပေးမိတဲ့ အတန်းထဲက အတန်းဖော်ဟောင်းတစ်ယောက်က "နင့်ဘဲက ရုပ်ဆိုးတယ်နော်" ဆိုပြီး messenger ထဲက လာပြောတာမျိုးလောက်ကို ဆိုလိုတာမဟုတ်ပါဘူးနော်။ သူနဲ့ကြိုက်နေပြီ၊ တွဲနေပြီဖြစ်ကြောင်း အသိပေးမိတဲ့ မိမိရဲ့ social circle (လူမှုအသိုင်းအဝိုင်း) ထဲက သူငယ်ချင်း၊ အသိ၊ မိတ်ဆွေ၊ မိဘဆွေမျိုး မှန်သမျှက သူ့ကို မနှစ်သက်ဘူး ဆိုရင်တော့ ဘယ်သူ မှားနေတာလဲဆိုတာကို ပြတ်ပြတ်သားသား မြင်သင့်နေပါပြီ ညယ်မတို့ရေ။

ကိုယ့်အသိုင်းအဝိုင်းထဲက လူမှန်သမျှက ကိုယ်ဒီလူ့ကို ဘာလို့တွဲနေမှန်း နားမလည်နိုင်ဘူးပြောလာပြီဆိုရင်တော့ ဒီထက် ပိုကောင်းတဲ့သူကို ရှာဖို့ နည်းနည်းတော့ စဉ်းစားသင့်ပြီ မထင်ဘူးလား။

၂။ သူ့အတွက် ကိုယ့်ကိုယ်ကိုယ် ဆင်ခြေတွေအမြဲပေးနေရတယ်

stressed-woman.jpg 

"ဖုန်းမကိုင်တာ သူမအားလို့နေမှာပါ" "သူ အလုပ်တွေများနေလို့ ငါ့ကို စိတ်မရှည်တာဖြစ်မှာပါ" စတဲ့ ဆင်ခြေတွေကို ကိုယ့်ကိုယ်ကိုယ် အမြဲပေးနေရပြီဆိုရင်တော့ ညယ်မတို့ရဲ့ relationship ဟာ ထင်သလောက် ချောမွေ့နေတာမဟုတ်မှန်း သိနိုင်ပါပြီ။ ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုတာ အဲဒီလိုမျိုး ဆင်ခြေတွေပေးဖို့ မလိုအောင် ကိုယ့်နားမှာရှိနေပေးဖို့ ကြိုးစားပါလိမ့်မယ်။

အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေတွေလျှောက်ပေးစရာမလိုအောင် သူ့ဘက်က ကြိုတင်ဖြေရှင်းချက် ထုတ်ထားပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ သူ့အတွက် ဆင်ခြေတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်ပေးနေရပြီ ဆိုရင်တော့ ပိုကောင်းတဲ့အရာတစ်ခုကို ရှာဖွေသင့်ပါပြီ။

၃။ သူနဲ့ (၂) ယောက်တည်းတွေ့ဖို့ကို ငြင်းဆန်နေမိတယ်

texting.jpg 

ကိုယ့်ရဲ့ရည်းစားက သူငယ်ချင်းအုပ်စုလိုက်ဆုံဖြစ်ကြရင် စကားပြောကောင်းသူတစ်ဦး ဖြစ်ချင်ဖြစ်နေမယ်။ ဒါပေမယ့် (၂) ယောက်တည်း အတူရှိရတော့မယ့်အချိန်တွေကို ကိုယ်ကိုယ်တိုင် မလိုလားမိဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် မေးမြန်းပြန်ထုတ် ကြည့်သင့်ပါတယ်။ ဒါဟာ သူ့ဘက်က ချို့ယွင်းချက်တွေ ရှိခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။

ဥပမာ... နှစ်ယောက်တည်းရှိနေချိန်မှာ ကိုယ့်ကို ဘေးနားထားပြီး mobile Legend တိုက်နေတာတို့၊ ဖုန်းပွတ်နေတာတို့ကို လာလုပ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် မိန်းကလေးတွေရဲ့စိတ်ကို မသိနိုင်လောက်အောင် ထုံအနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုသာဆိုရင်တော့ သေသေချာချာပြန်စဉ်းစားသင့်ပါပြီ။

သင် ဘာကြောင့် single ဖြစ်နေရတာလဲ 

၄။ ငြင်းခုန်မှုတိုင်းမှာ သူချည်း အသာရအောင်လုပ်တယ်

fight.jpg 

သမီးရည်းစားဆက်ဆံရေးတိုင်းမှာ အငြင်းအခုန်၊ စကားကတောက်ကဆဖြစ်တာလေးတွေက ရှိမှာပါပဲ။ ဒါကလည်း ဖြစ်တတ်တဲ့ ထုံးစံပါပဲ။ ဒါပေမယ့် ငြင်းခုန်ကြတိုင်းမှာ သူဘယ်လိုမှားခဲ့တာ၊ သူ့ရဲ့ ဘယ်လို အားနည်းချက်တွေကြောင့် ဒီလိုအခြေအနေတွေ ဖြစ်ခဲ့တာ၊ သူက အပြစ်မရှိတဲ့အပြုခံလေးပါ ဆိုတဲ့ သဘောဘက် မရောက်ရောက်အောင် ဦးတည်တတ်တဲ့လူနဲ့ တွဲနေမိပြီ ဆိုရင်တော့ ပြန်စမ်းစစ်သင့်ပါပြီ။ ဒီလိုလူစားမျိုးနဲ့ မိမိတစ်ဘဝလုံး လက်တွဲချင်တာ သေချာရဲ့လားလို့။

၅။ သူ့ရဲ့အဆင်မပြေမှုတွေကို ကိုယ့်အပေါ်အမြဲပုံချတယ်

angry.jpg 

လူတိုင်းမှာ အဆင်မပြေတဲ့နေ့ရက်ဆိုတာ ရှိတတ်တာပါပဲ။ ဒါပေမယ့် သူ့ရဲ့အဆင်မပြေမှုတွေကို ကိုယ့်အပေါ်မှာ လာပုံချတတ်တဲ့ ရည်းစားမျိုးကတော့ လွမ်းလောက်စရာမရှိပါဘူး။ အဲဒီလိုလူမျိုးက အိမ်ထောင်ကျပြီးရင်တောင် အချိုးပြောင်းမှာ မဟုတ်ပါဘူး။ နောင်တစ်ချိန်မှာ သူအလုပ်ထဲမှာ အဆင်မပြေတိုင်း အရက်လေးတမြမြနဲ့ ကိုယ့်အပေါ် လက်မပါဘူးလို့ မပြောနိုင်ပါဘူး။

Source: Gurl

 

Share

Loading Next Article...
က္က