စိတ်ပိုင်းဆိုင်ရာ ထိလွယ်ရှလွယ်တယ်။ အီမိုရှင်နယ်ဆန်တယ်ဆိုတာ လူတွေအမြင်မှာ မကောင်းတဲ့အရာတစ်ခုလို့ အမြင်ခံရပါတယ်။ ကျောင်းတုံးက အတန်းထဲမှာ အီမိုရှင်နယ်ဆန်လွန်းတဲ့ သူငယ်ချင်းတစ်ယောက် ပါရင်လည်း နားလည်ပေးရမယ့်အစား ဝိုင်းပြီး စနောက်ကြတာပဲများပါတယ်။ ဒါပေမယ့် ကောင်းတဲ့ဘက်က ရှုမြင်မယ်ဆိုရင်တော့ အီမိုရှင်နယ်ဆန်လွန်းတဲ့လူတွေဆိုတာ တခြားသူတွေအပေါ် စာနာနားလည်အပေးနိုင်သူတွေလည်း ဖြစ်ပါတယ်။

 

အောက်မှာဖော်ပြထားတာက နက္ခတ္တဗေဒပညာအရ အီမိုရှင်နယ်အဆန်ဆုံးလို့ ယူဆခံထားရတဲ့ ရာသီခွင်တွေပါပဲ။ ကိုယ့်သူငယ်ချင်းထဲမှာ အဲဒီရာသီခွင်ဖွားတွေ ပါနေမယ်ဆိုရင် သူတို့နဲ့ ဆက်ဆံရာမှာ သူတို့ရဲ့ခံစားချက်ကို မထိခိုက်မိစေဖို့ သတိထားရမှာဖြစ်ပါတယ်။

၁။ မိဿ (Aries)

az_img_horoscope_aries.jpg 

အဲဒီလိုဖြစ်မယ်လို့ မထင်ရပေမယ့် တကယ်တမ်းကျတော့ မိဿရာသီဖွားတွေဟာ အီမိုရှင်နယ်ဆန်တဲ့လူတွေပါပဲ။ သူတို့ဟာ စွန့်စားမှုတွေကို ဝါသနာထုံသလို ဘဝရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုတွေကို အပြည့်အဝရရှိအောင် ဘာလုပ်ရမယ်ဆိုတာကိုလည်း သိပါတယ်။ သူတို့ကိုကြည့်လိုက်ရင် အမြဲတက်ကြွလန်းဆန်းပြီး ပျော်ရွှင်နေတာကို တွေ့ရှိရမှာပါ။

ဒါပေမယ့် သူတို့ဟာ ခံစားလွယ်သူတွေ ဖြစ်တဲ့အတွက် တစ်ခုခုဆိုရင် ခံစားချက်နဲ့ အရင်တုံ့ပြန်တတ်ကြပါတယ်။ နောက်ပြီး သူတို့ရဲ့ခံစားချက်တွေကို သူများသိသွားမှာကိုလည်း မကြောက်ရွံ့ပါဘူး။ သူတို့ကို စိတ်ပိုင်းဆိုင်ရာ နာကျင်အောင် ပြုလုပ်သူတွေရှိလာရင်လည်း အရင်ဆုံး သူတို့ဘက်က အမြင်ကို သွားရှင်းပြတတ်ပါတယ်။ တခါတလေမှာတော့ ဒေါတွေမောတွေ ပါချင်ပါမှာပေါ့။

၂။ မေထုန် (Gemini)

az_img_horoscope_gemini.jpg 

မေထုန်ရာသီဖွားတွေကတော့ အရာရာတိုင်းမှာ အသေးစိတ်ကျလွန်းသူတွေဖြစ်ပါတယ်။ သူတို့မျှော်လင့်ထားသလို ဖြစ်မလာတဲ့အချိန်တိုင်းမှာ သူတို့ဟာ အလွယ်တကူ စိတ်တို၊ စိတ်ရှုပ်၊ စိတ်ဓာတ်ကျ လွယ်ကြပါတယ်။ ဝမ်းနည်းမှုကိုလည်း ဖော်ပြဖို့ရာ ဝန်မလေးတတ်ကြပါဘူး။ သူတို့ခံစားချက်တွေကို မျက်နှာပေါ်မှာ စာရေးထားသလို အမြဲပေါ်လွင်နေစေတဲ့အတွက် သူတို့နဲ့ ဆက်ဆံရတာ သိပ်အခက်ခဲကြီးတော့ မဟုတ်ပါဘူး။

၃။ ကရကဋ် (Cancer)

az_img_horoscope_cancer.jpg 

ဟုတ်ပါတယ်။ ကရကဋ်ရာသီဖွားတွေဟာလည်း အီမိုရှင်နယ်ဆန်ပြီး စိတ်ပိုင်းဆိုင်ရာ ထိလွယ်ရှလွယ်သူတွေလည်း ဖြစ်ကြပါတယ်။ တစ်ခုရှိတာက ကရကဋ်ရာသီဖွားတွေဟာ သူ တို့ရဲ့စိတ်ခံစားမှုတွေကို ကိုင်တွယ်ရာမှာ ညံ့ဖျင်းပါတယ်။ ဒါကြောင့် သူတို့စိတ်ထဲမှာ ဝမ်းနည်းသလိုခံစားလာရတိုင်း သူများတွေရှေ့မှာ အပြုံးတုလေးပြုံးပြပြီး သူတို့ပျော်နေသယောင် ထင်ရအောင် ဖန်တီးတတ်ပါတယ်။ ဒါပေမယ့် အဲဒီလို အပြုံးတုလေးပြုံးနေရင်း သူတို့ရဲ့ဝမ်းနည်းမှုတွေကို တခြားသူတွေက သတိပြုမိစေဖို့ တိတ်တိတ်လေးကျိတ်ပြီး မျှော်လင့်နေမိတတ်ပါတယ်။

၄။ ဗြိစ္ဆာ (Scorpio)

az_img_horoscope_scorpio.jpg 

ဗြိစ္ဆာရာသီဖွားတွေကတော့ ဒဲ့တိုးဆန်ပြီး ဘာကြီးပဲဖြစ်နေပါစေ။ သူတို့ရဲ့စိတ်ခံစားချက်တွေကို ဒဲ့ဖော်ပြဖို့ရာ ဝန်မလေးပါဘူး။ သေချာတာတစ်ခုကတော့ သူတို့ဟာ သင့်ကို နောက်ကျောက ဓားနဲ့ထိုးမယ့် လူစားမျိုးတွေမဟုတ်ပါဘူး။ သင့်မှာသူတို့မကြိုက်တဲ့အချက်တွေ ရှိနေရင်တောင် သူတို့က ဒဲ့တိုးပဲလာပြောမှာဖြစ်ပါတယ်။ များသောအားဖြင့် သူတို့စိတ်ထဲမှာ ဝမ်းနည်းသလိုခံစားလာရတိုင်း အပြုအမူတွေကတဆင့်ပဲ ဖော်ပြတတ်ကြပါတယ်။ သူတို့ဟာ ဒေါသလည်း ထွက်လွယ်ကြပါတယ်။

၅။ မိန် (Pisces)

az_img_horoscope_pisces.jpg 

မိန်ရာသီဖွားတွေကတော့ အီမိုရှင်နယ်အဆန်ဆုံး ရာသီဖွားတွေပါ။ သူတို့အတွက်တော့ သူများတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို အလေးမထားရင်တောင်မှ သူတို့ကတော့ သူများတွေရဲ့ စိတ်ခံစားချက်တွေကို အမြဲအလေးထားပါတယ်။ သူတို့အပေါ် သူများတွေက ဆိုးဆိုးဝါးဝါးဆက်ဆံလာတိုင်းလည်း အမြဲရင်ဘတ်ကြီးနဲ့ ခံစားလေ့ရှိကြပါတယ်။

ဘာလို့လဲဆိုတော့ သူတို့က အရမ်း စိတ်ခံစားလွယ်တတ်ကြလို့ပါပဲ။ သူများတွေရဲ့စကားတွေ၊ ဟန်ပန်အမူအရာတွေကိုလည်း အရမ်းအလေးထားပါတယ်။ သူတို့အပေါ်လေးစားမှုကိုလည်း မျှော်လင့်တတ်ကြပါတယ်။

Source: Youngisthan

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က