ဘာလို့များ ဒီအတွဲ ချစ်သူတွေဖြစ်သွားလဲဆိုတာ သိပ်ပြီးစပ်စုချင်ကြတာ။

တချို့စုံတွဲတွေရှိတယ်။ ကောင်လေးဖြစ်ဖြစ် ကောင်မလေးဖြစ်ဖြစ် တစ်ယောက်ယောက်က အရမ်းချော၊ အရမ်းငယ်နေပြီး တစ်ယောက်ကတော့ ရုပ်ဆိုးတာမျိုးလေ။ ကိုယ်တွေကတော့ ဘာလို့များ ဒီအတွဲ ချစ်သူတွေဖြစ်သွားလဲဆိုတာ သိပ်ပြီးစပ်စုချင်ကြတာ။ လူကြီးတွေ ပြောစကားနဲ့ဆိုရင် အလှအပဆိုတာ ကြည့်တဲ့သူပေါ်မှာပဲ မူတည်သတဲ့။ ဘာကြောင့် အလှအပက ကြည့်တဲ့လူရဲ့အမြင်ပေါ် မူတည်ရတာလဲ?

၁။ ချစ်တယ်

blake-lively--a.jpg 

ကိုယ်က သူ့ကိုချစ်မိတယ်။ ခိုက်နေမိတယ်ဆိုရင် သူဘာလုပ်လုပ်ကို သဘောကျနေတာ။ အချစ်ဟာ အပြစ်တွေကို ဖယ်ရှားလိုက်နိုင်စွမ်းရှိတယ်။ သူ့ရဲ့ချို့ယွင်းချက်တွေကို မမြင်နိုင်တော့လောက်အောင် ဖြစ်သွားတယ်။

၂။ ရုပ်ရည်ထက် အရည်အသွေးကအရေးကြီးတယ်

ရုပ်ကတော့ မချောပါဘူး။ ဒါပေမဲ့ အရည်အချင်းရှိတဲ့လူဖြစ်တယ်။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်မှုကသာ ကြီးမားတဲ့ ဆွဲဆောင်မှုဖြစ်နေတယ်လေ။

၃။ အကြိုက်မတူဘူး

120801125052-jay-z-beyonce-nets-horizontal-large-gallery.jpg 

ကိုယ့်မျက်စိထဲ ရုပ်ဆိုးနေပေမဲ့ သူ့မျက်စိထဲတော့ လှချင်လှနေတာလေ။ ဒါကို အမေရိကမှာရှိတဲ့ Cornell တက္ကသိုလ်က လေ့လာမှုတစ်ခု ပြုလုပ်ပြီး သက်သေပြခဲ့တယ်။ ဘာလဲဆိုတော့ ခေါင်းစဉ်တွေအမျိုးမျိုးပေးပြီး ဆွဲဆောင်မှုအပေါ် rating ပေးခိုင်းခဲ့ပါတယ်။ အဲ့ဒီမှာ ဘာတွေ့ရလဲဆိုရင် တချို့အရာတွေဟာ rating နည်းနည်းပဲ ပေးခံရတာရှိသလို rating များများ ရတာလည်း တွေ့ရတယ်။ အကြိုက်မတူတဲ့သဘောပေါ့။

See also 

၄။ လေးစားအားကျမှု

စီနီယာအိုပါးနဲ့ ဂျူနီယာ ညီမလေးတို့ရဲ့အချစ်မျိုး။ ကိုယ့်ထက်ပိုပြီး အသိပညာ ဗဟုသုတကြွယ်တယ်။ အဲ့တာတွေကိုလည်း ကိုယ်က သဘောကျအထင်ကြီးတယ်ဆိုရင် ရုပ်ရည်ဆိုတာ ခေါင်းထဲတောင်မစဉ်းစားမိဘူး။

၅။ ချစ်ရေးချစ်ရာ

maxresdefault.jpg

တချို့တွေက ရုပ်ကသာမလှတာ အရမ်းကို ရိုမန့်တစ်တာ။ ချစ်ပြတတ်လွန်းတယ်။ လူတွေရှေ့မှာရော၊ နှစ်ယောက်တည်းရှိချိန်ရော။ ကိုယ့်အကြိုက်တွေ လုပ်ပေးတယ်၊ ကိုယ့်ကိုပျော်အောင်ထားပေးနိုင်တယ်။ အဲ့ဒီတော့ သူ့ရုပ်ဆင်းသွင်ပြင် ဘာဖြစ်ဖြစ် ကိုယ့်မျက်စိထဲမှာတော့ ကြည့်လို့ကောင်းနေတော့တာပါပဲ ချစ်သူက ချစ်ပြ၊ ဂရုစိုက်ပြဖို့လည်းလိုတယ်ဆိုတာ မမေ့ပါနဲ့နော်။

Share

Loading Next Article...
က္က