အဲ့လိုလိမ်လည်ပြီးရင် စိတ်ထဲမှာဘယ်လိုနေသလဲ။ အပြစ်ရှိတယ်လို့ ခံစားရလား၊ အပြစ်ကို ဝန်ခံချင်စိတ်ရောဖြစ်လား။

လက်တွေ့ဘဝမှာ ရှင်သန်ရတဲ့အခါ အနည်းနဲ့အများဆိုသလို လိမ်လည်မှုလေးတွေတော့ ရှိတတ်ကြပါတယ်။ လူအများစုဟာ ဆိုရင်လည်း တစ်နည်းနည်းနဲ့တော့ လိမ်လည်တတ်ကြပါတယ်။ ကျောင်းစာမေးပွဲမှာ စာခိုးချတာ၊ ချစ်သူမသိအောင် ဖောက်ပြန်တာမျိုးတွေလိုပေါ့။

လိမ်လည်လှည့်ဖြားမှု အနည်းအများချိန်ခွင်နဲ့ ယှဉ်ကြည့်လို့ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ နောက်ဆက်တွဲကတော့ အရေးကြီးပါတယ်။ အဲ့လိုလိမ်လည်ပြီးရင် စိတ်ထဲမှာဘယ်လိုနေသလဲ။ အပြစ်ရှိတယ်လို့ ခံစားရလား၊ အပြစ်ကို ဝန်ခံချင်စိတ်ရောဖြစ်လား။ ဒါမှမဟုတ် ဘာမှမလုပ်ခဲ့သလိုမျိုး မေ့ဖျောက်လေ့ရှိသလား။

 

Archives of Sexual Behaviour အမည်ရှိ သိပ္ပံဂျာနယ်မှာတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး လေ့လာမှုတစ်ရပ်ကို ဖော်ပြခဲ့ပါတယ်။ ယင်းလေ့လာမှုမှာ လူပေါင်း ၄၈၄ ဦး ပါဝင်ပြီး ပါဝင်သူတွေကို သုတေသီတွေက အချစ်ရေးမှာ လိင်ပိုင်းဆိုင်ရာဖောက်ပြန်မှုရှိသလား ဒါမှမဟုတ် ကိုယ့်ချစ်သူက ဖောက်ပြန်နေတယ်လို့ သံသယရှိလားလို့ မေးခဲ့ပါတယ်။

 

ရလဒ်အနေနဲ့ကတော့ အတိတ်မှာ တစ်ကြိမ် ဖောက်ပြန်ဖူးသူ၊ လှည့်ဖြားဖူးသူဟာ သစ္စာရှိသူတွေနဲ့ယှဉ်လိုက်ရင် နောက်ထပ်ဖောက်ပြန်နိုင်ခြေ ၃ဆ ပိုများတာကို တွေ့ခဲ့ရပါတယ်။

Source : Mirror

Share

Loading Next Article...
က္က