အစ်ကိုတွေကျတော့ အဲ့လိုမဟုတ်ဘူး။

အစ်မ သို့မဟုတ် ညီမတစ်ယောက်ရှိခြင်းဟာ သင့်ကို ပိုပြီးပျော်ရွှင်စေတယ်၊ အကောင်းမြင်စိတ်ပိုဖြစ်စေတယ်လို့ လေ့လာမှုအသစ်တစ်ခုက ထုတ်ပြန်လိုက်ပါတယ်။ မိသားစုဝင်တွေထဲမှာ အနည်းဆုံး သမီးမိန်းကလေးတစ်ယောက် ပါဝင်ပြီး ကြီးပြင်းလာရတဲ့အခါ မိသားစုဝင်တွေဟာ ပြသနာတွေကို နိုင်နိုင်နင်းနင်းဖြေရှင်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

 

See also

သမီးတွေဟာ ချစ်ခင်သူတွေကို နီးနီးကပ်ကပ်ရှိနေတတ်ပြီး စိတ်ခံစားချက်တွေကို ပိုပြီး ထိထိရောက်ရောက် ပြောဆိုဆက်ဆံအောင်လည်း တိုက်တွန်းနိုင်ကြတယ်လို့ သုတေသီတွေက ယုံကြည်ပါတယ်။ ဒီလေ့လာမှုကိုတော့ University of Ulster နဲ့ De Montfort University တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။ မိသားစုထဲမှာ သမီးတစ်ယောက်ရှိနေခြင်းကြောင့်ပဲ စိတ်ခံစားချက်ကောင်းတွေ ပိုဖြစ်စေတယ်လို့ သုတေသနီတွေက ပြောပါတယ်။

 

အစ်မ၊ သို့မဟုတ် ညီမရှိတဲ့ မိန်းကလေးတွေကတော့ အမှီအခိုကင်းကင်းနဲ့ ကြိုးစားတတ်သူတွေပါ။ မိဘတွေရဲ့ အိမ်ထောင်ရေးမပြေလည်တဲ့အခါ ညီအစ်မချင်းလည်း တိုင်ပင်ဖော်ရတယ်လေ။

 

Source : Telegraph

Share

Loading Next Article...
က္က