ဆန့်ကျင်ဘက်လိင်အချင်းချင်း တစ်ယောက်ကိုယ်တစ်ယောက် ဆွဲဆောင်မှုရှိကြတာဟာ သဘာဝတရားပါပဲနော်။

ငယ်ငယ်တုံးက ကျောင်းသင်ခန်းစာထဲမှာ သင်ခဲ့ရတဲ့ သံလိုက်ရဲ့သဘောတရားလိုပါပဲ။ မျိုးတူရာချင်းဆို တွန်းကန်ပြီး မျိုးမတူရာချင်းဆို ဆွဲငင်တတ်ပါတယ်။ သမီးရည်းစားဆက်ဆံရေးမှာလည်း ဒီသဘောတရားပါပဲ။ ဆန့်ကျင်ဘက်လိင်အချင်းချင်း တစ်ယောက်ကိုယ်တစ်ယောက် ဆွဲဆောင်မှုရှိကြတာဟာ သဘာဝတရားပါပဲနော်။

 

ဒါပေမယ့် ဆန့်ကျင်ဘက်အရာတွေချည်း တစ်ယောက်ကိုယ်တစ်ယောက် ဆွဲငင်နိုင်စွမ်း ရှိကြတာမဟုတ်သေးပါဘူး။ လေ့လာမှုအသစ်တစ်ခုရဲ့အဆိုအရတော့ အချိန်အကြာကြီးတွဲလာတဲ့ စုံတွဲတွေမှာ အကြိုက်ချင်းတူညီလေ့ရှိကြပါတယ်တဲ့။

သုတေသန

happy_couple.jpg 

ပိုလန်နိုင်ငံနဲ့ ဂျာမနီနိုင်ငံက သုတေသီတွေဟာ အသက် (၁၈) နှစ်ကနေ (၆၈) နှစ်ကြား လိင်ကွဲစုံတွဲ (၁၀၀) ကျော်ကို မေးမြန်းခြင်းဖြင့် သုတေသနတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ သူတို့မေးမြန်းခဲ့တဲ့ စုံတွဲတွေထဲမှာ တွဲလာတာ (၃) လပဲရှိသေးတဲ့ အတွဲတွေပါသလို (၄၅) နှစ်ကျော်တွဲလာတဲ့ အတွဲတွေလည်း ပါပါတယ်။ သုတေသီတွေဟာ စမ်းသပ်ခံပုဂ္ဂိုလ်တစ်ဦးချင်းစီကို ထိပ်ဖျားမှာ သစ်ကြမ်းပိုးခေါက်၊ လာဗင်ဒါပန်း၊ ကိုကာကိုလာ၊ မက်မွန်သီး၊ သားရေနံ့ အစရှိတဲ့ အနံ့လေးတွေ သုတ်လိမ်းထားတဲ့ တုတ်ချောင်းလေးတွေပေးပြီး ရှူစေခြင်းဖြင့် သုတေသနပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

ပြီးတော့ သူတို့ကို အနံ့ပြင်းအားကိုလည်း (၁) ကနေ (၅) အတွင်း အဆင့်သတ်မှတ်ခိုင်းခဲ့ပါတယ်။ နောက်ပြီးတော့ စမ်းသပ်ခံ ပုဂ္ဂိုလ်တွေဟာ အချို၊ အချဉ်၊ အငန်၊ အခါး၊ အစပ် အစရှိတဲ့ အရသာလေးတွေထည့်ထားတဲ့ စပရေးဘူးလေးတွေနဲ့လည်း စမ်းသပ်ခံခဲ့ရပါတယ်။ ပြီးသွားတဲ့အခါ သုတေသီတွေက တစ်ဦးချင်းစီရဲ့တုံ့ပြန်မှုတွေကို သူတို့ရဲ့လက်တွဲဖော်ရဲ့ တုံ့ပြန်မှုတွေနဲ့ နှိုင်းယှဉ် ခဲ့ကြပါသေးတယ်။

နောက်ဆုံးရလာတဲ့ ရလဒ်တွေအရတော့ စုံတွဲတစ်တွဲဟာ အတူနေချိန်ကြာမြင့်လာလေလေ.. သူတို့နှစ်သက်တဲ့ အနံ့၊ အရသာတွေဟာ တူညီနိုင်ခြေပိုများလေလေပဲ ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အထူးသဖြင့် အရသာပိုင်းမှာ ဒီရလဒ်ဟာ လုံးဝမှန်ကန်နေတာကို တွေ့ရှိရပါတယ်။ ဒါဟာဘာကြောင့်များပါလဲ။

သုတေသီတွေကတော့ အတူတူနေခြင်းဖြင့် တစ်မိုးအောက်တည်းမှာ အေးအတူ၊ ပူအမျှနေလာခဲ့တဲ့အတွက် စုံတွဲတွေရဲ့ ကြိုက်နှစ်သက်မှုတွေဟာလည်း တူညီနေရတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဥပမာအားဖြင့် မနက်တိုင်း ကော်ဖီတူတူသောက်တဲ့ စုံတွဲတွေဟာ ကြာလာရင်အကျင့်ဖြစ်လာပြီး ခဏတာလေးဝေးရရင်တောင် ကော်ဖီသောက်ချိန်တိုင်း မိမိရဲ့ပါတနာကို သတိရနေတတ်တာမျိုးပေါ့။

အချိန်ကြာလာတာနဲ့အမျှ စတင်လက်တွဲခဲ့တဲ့အချိန်ကထက် အဲဒီလို ပတ်ဝန်းကျင်လှုံ့ဆော်မှုလေးတွေကို သူတို့အကျင့်ဖြစ်လာသလို ပိုပြီးလည်း နှစ်သက်လာပါလိမ့်မယ်။

ဝိရောဓိ

05-Things-All-Couples-Fight-About—and-How-to-Fix-Them-1024x683.jpg 

ဒါပေမယ့် တူညီတဲ့အစားအသောက်တွေ၊ တူညီတဲ့ရနံ့တွေကို နှစ်သက်တိုင်းလည်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး (သို့) ဆက်ဆံရေးတစ်ခုကို ရရှိပိုင်ဆိုင်နိုင်လိမ့်မယ်လို့လည်း တစ်ထစ်ချ ပြောလို့တော့ မရသေးပါဘူး။ ဒေတာတွေအရဆိုရင် သမီးရည်းစား (၂) ဦးဟာ တူညီတဲ့အစားအသောက်တွေကို နှစ်သက်ကြတာမှန်ပေမယ့် သူတို့ရဲ့ဆက်ဆံရေးကိုတော့ ညည်းငွေ့နေကြပြီး သဘောမကျတော့တာလည်း ဖြစ်နေနိုင်ပါတယ်။

Source: Reader's Digest

 

Share

Loading Next Article...
က္က