လက်ဆွဲနှုတ်ဆက်ခြင်းဆိုတာ ကမ္ဘာသုံး သင်္ကေတဘာသာစကားတစ်မျိုးုဖြစ်သလို ရင်းနှီးကျွမ်းဝင်လိုမှုကိုလည်း ဖော်ပြခြင်းလည်းဖြစ်ပါတယ်။

အလုပ်သဘော တွေ့ဆုံမှုတစ်ခုမှာ တွေ့တွေ့ချင်း မိတ်ဆက်စကားဆိုတာပဲဖြစ်ဖြစ်၊ အသိမိတ်ဆွေတစ်ယောက်က မိတ်ဆက်ပေးလို့ ခုမှရင်းနှီးတဲ့ လူတစ်ယောက်ကို ခွန်းတုံ့စကားဆိုဖို့ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ လက်ဆွဲ နှုတ်ဆက်ကြရပါတယ်။

 

တကယ်တော့ လက်ဆွဲနှုတ်ဆက်ခြင်းဆိုတာ ကမ္ဘာသုံး သင်္ကေတဘာသာစကားတစ်မျိုးုဖြစ်သလို ရင်းနှီးကျွမ်းဝင်လိုမှုကိုလည်း ဖော်ပြခြင်းလည်းဖြစ်ပါတယ်။ လက်ဆွဲနှုတ်ဆက်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်လေးတွေကတော့..

၁။ လက်ဆွဲနှုတ်ဆက်ခြင်းပေါ်ပေါက်ခဲ့တာ ကြာပါပြီ

46890d7bdb9df0176f8133fcb764d72c.jpg 

ရှေးဟောင်းဂရိအင်ပါယာဆိုတာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးအင်ပါယာကြီးတစ်ခု ဖြစ်ခဲ့သလို အီဂျစ်ခေတ်ပြီးတာနဲ့ ပေါ်ပေါက်လာခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့လည်း ပြည့်စုံတဲ့ အင်ပါယာကြီး ဖြစ်ပါတယ်။ အဲဒီခေတ်တည်းက (BC ၃၇၅- ၃၅၀) လောက်တည်းက ထုဆစ်ခဲ့တဲ့ ကျောက်ဆစ်ရုပ်ထုတစ်ခုမှာ လူနှစ်ယောက် လက်ဆွဲနှုတ်ဆက်နေတာကို ပြသထားခြင်းဖြင့် ဂရိခေတ်ကတည်းက လက်ဆွဲနှုတ်ဆက်ခြင်း ပေါ်ပေါက်နေပြီးသားလို့ အကြမ်းဖျင်းသိနိုင်ပါတယ်။

၂။ ယုံကြည်မှုကို ဖော်ပြတယ်

လက်ဆွဲနှုတ်ဆက်လိုက်ခြင်းရဲ့နောက်ကွယ်မှာရှိနေတဲ့ အဓိပ္ပာယ်တွေကတော့ လက်ဆွဲနှုတ်ဆက်လိုက်တဲ့ (၂) ယောက်စလုံးဟာ တန်းတူညီမျှဖြစ်တယ်။ နောက်ပြီး တစ်ယောက်နားမှာ တစ်ယောက် ရှိနေရတာကိုလည်း စိတ်သက်တောင့်သက်သာရှိကြတယ်။ ယုံကြည်ကြတယ်ဆိုပြီး ဖော်ပြနေပါတယ်။

See also 

၃။ လက်ဆွဲနှုတ်ပုံကိုကြည့်ပြီး အကဲခတ်လို့ရတယ်

သုတေသနတွေအရ လက်ဆွဲနှုတ်ဆက်ရာမှာ မြဲမြဲဆုပ်ကိုင်တတ်သူတွေက အကောင်းမြင်တတ်တယ်။ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တယ်။ ပြီးတော့ လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း အထူးကောင်းမွန်တယ်လို့ ယူဆသတ်မှတ်ခံခဲ့ရပါတယ်။

၄။ အင်တာဗျူးမှာ လက်ဆွဲနှုတ်ဆက်ပုံကိုကြည့်ပြီး အမှတ်ရတယ်

Business-handshake-contract.jpg 

အလုပ်အင်တာဗျူးတစ်ခုမှာ အင်တာဗျူးမယ့်သူက ကိုယ့်ကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလာရင် မိမိရဲ့တုံ့ပြန်ပုံကိုကြည့်ပြီး အင်တာဗျူးမယ့်သူရဲ့ စိတ်ထဲမှာ အမှတ်ပေးပါသတဲ့။ လက်က ချွေးစေးတွေပြန်၊ အေးစက်နေပြီး ဆုပ်ကိုင်ရာမှာလည်း လျော့တိလျော့ရဲဖြစ်နေမယ်ဆိုရင် မိမိကို ကြောက်ရွံ့တတ်သူ၊ လုပ်ငန်းခွင်အခက်အခဲတွေကို မရင်ဆိုင်နိုင်သူအဖြစ် မြင်သွားနိုင်ပါတယ်။

၅။ လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် ကိုယ်သင်းနံ့ကို အကဲခတ်တယ်

နောက်တစ်ခုက လက်ဆွဲနှုတ်ဆက်ကြပြီဆိုရင် ခန္ဓာကိုယ်ချင်း အတိုင်းအတာတစ်ခုထိ နီးကပ်ရမှာဖြစ်တဲ့အတွက် တစ်ဖက်လူရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည် အကဲခတ်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးဟာလည်း ပေါင်းသင်းဆက်ဆံရေးမှာ အများကြီးတာသွားတဲ့အတွက် ဒီတစ်ချက်ကလည်း အရေးကြီးပါတယ်။

၆။ လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းခြင်းကို ငြင်းပယ်တာရိုင်းတယ်

129811623-56a2b0d23df78cf77278d8e1.jpg 

တစ်ဖက်ဖက်က လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းလာတာကို ငြင်းပယ်တာ၊ မသိချင်ယောင်ဆောင်တာ၊ မိမိထိုင်ခုံမှာပဲ ဆက်ထိုင်နေတာတို့ဟာ လူမှုဆက်ဆံရေးမှာ ရိုင်းပျတဲ့ အပြုအမူတွေအဖြစ် အမြင်ခံရပြီး အထင်သေးခံရနိုင်ပါတယ်။ ဒါကြောင့် တစ်ဖက်က ကမ်းလှမ်းလာရင် လုပ်ချင်ချင်၊ မလုပ်ချင်ချင် လက်ဆွဲနှုတ်ဆက်လိုက်တာက အန္တရာယ်ကင်းပါတယ်။

Source: dailyinfographic

 

Share

Loading Next Article...
က္က