ရုပ်ချောလွန်းပြန်ရင်လည်း ရည်းစားမရပါဘူး။

ရည်းစားထားတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ နှစ်ဖက်အဆင်ပြေအောင် ညှိရမယ်။ နားလည်မှုတွေ အပြန်အလှန်ထားရှိရမယ်။ နှစ်ဖက်အသိုင်းအဝိုင်းနဲ့ အဆင်ပြေအောင် ညှိယူရမယ် အစရှိသဖြင့် လူမှုရေးကိစ္စတွေ ရှုပ်ထွေးလှပါတယ်။

ဒါပေမယ့် ရည်းစားလိုချင်လို့ (၂) ပိုင်းလောက်သေနေတဲ့လူတွေက တချို့လူတွေကို ရုပ်လေးချောပါရက်နဲ့ ဘာလို့ရည်းစားမရှိလဲဆိုပြီး အံ့အားသင့်ကြပါတယ်။ ရုပ်ချောတဲ့လူတွေ ရည်းစားမထားတဲ့ အကြောင်းရင်းတွေကတော့...

၁။ ရွေးစရာများလွန်းနေလို့

1.jpg 

တချို့တွေကတော့ ရွေးချယ်စရာများပြားလွန်းတာက ပြဿနာမဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် တကယ်တော့ သမီးရည်းစား ရေးရာမှာ ရွေးချယ်စရာများပြားလွန်းခြင်းကလည်း ပြဿနာဖြစ်စေနိုင်ပါတယ်။ ဟိုတစ်ယောက်ကလည်း ဟိုနေရာမှာတော်တယ်။

ဒီတစ်ယောက်ကလည်း ဒီနေရာမှာကောင်းတယ်။ ဒီလိုတွေ တွေးနေတာနဲ့ potential အဆင့်မှာပဲထားပြီး (ကြိုးရှည်ရှည်နဲ့ လှန်ထားပြီး) ရည်းစားမထားဖြစ်တော့ပါဘူး။ ကြားနေကျစကားလေးလိုပေါ့။ "ယူရင်တစ်ယောက်ပဲရတယ်။ မယူရင် အများကြီးရတယ်" ဆိုသလိုပေါ့။

၂။ ကိုယ်ရုပ်ချောလွန်းတာကို ကြောက်ကြတယ်

maxresdefault-1.jpg 

ရုပ်ချောတဲ့လူတွေဟာ ကြိုက်မယ့်သူတွေ ပတ်ချာလည်ဝိုင်းနေတဲ့အတွက် တချို့တွေက စိတ်ထဲမှာ ကြိတ် crush နေတာတောင် မပြောရဲကြပါဘူး။ ကြိုက်တဲ့သူကို ခေါင်းခေါက်ရွေးချယ်လို့ ရနေတဲ့သူကို ချစ်နေကြောင်း ရင်ဖွင့်မိရင် အငြင်းပယ်ခံရမှာ စိုးတာကတစ်ကြောင်း၊ ကြိုက်တဲ့သူများလွန်းတဲ့အတွက် အမြဲလိုလို စိတ်မချဖြစ်နေရမှာ စိုးတာကတစ်ကြောင်းကြောင့် ဖွင့်မပြောရဲကြပါဘူး။ ဒီလိုနဲ့ ရုပ်ချောတဲ့ကိုယ်တွေ စင်ဂယ်ဘဝက မတက်တော့ပါဘူး။

၃။ ရုပ်ရည်နဲ့ ဝေဖန်သုံးသပ်ခံရတယ်

competitive friends.jpg 

လူတစ်ယောက်ရဲ့ရုပ်ရည်ဆိုတာ တွေ့တွေ့ချင်း အရင်ဆုံးမြင်ရတဲ့အရာပါ။ လူတစ်ယောက် ပညာဘယ်လောက်တတ်တယ်။ ပစ္စည်းဥစ္စာဘယ်လောက်ရှိတယ် ဆိုတာတွေကို မသိခင် သူ့ရုပ်ရည်ကို အရင်ဆုံး မြင်ရတာပါ။ ဒါကြောင့် ရုုပ်ချောတဲ့လူတွေ ကြုံရတတ်တဲ့ ပြဿနာနောက်တစ်ခုက အရာရာကို ရုပ်ရည်နဲ့တိုင်းတာပြီး အကဲဖြတ်ခံရပါတယ်။

ဥပမာ... "ရုပ်လေးက သနားကမားနဲ့" ဆိုပြီး အစချီတဲ့ အတင်းစကားမျိုးပေါ့။ နောက်တစ်ခုက ရုပ်ရည်နဲ့ အကဲဖြတ်တဲ့အတွက် တကယ့်စိတ်ရင်းတို့၊ အရည်အချင်းတို့က နောက်မှာမြုပ်နေတတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရာမှာ စိတ်နေစိတ်ထားက ပိုအရေးကြီးတဲ့အတွက် ဒါဟာ ပြဿနာတစ်ခုဖြစ်လာပါတယ်။

See also 

၄။ လူတွေက သူတို့ကို ပေါ့ပေါ့ပဲ တွေးတတ်ကြတယ်

ရုပ်ချောတဲ့လူတွေ ကြုံရတတ်တဲ့ ပြဿနာနောက်တစ်ခုက လူတွေက သူတို့ကို ပေါ့ပေါ့တန်တန်ပဲ တွေးကြပါတယ်။ သူတို့ရဲ့ရုပ်ရည်၊ သူတို့ရဲ့ခန္ဓာကိုယ်ကိုပဲ မက်မောလို့ ဘဝထဲ ဝင်လာကြတဲ့ လူတွေပဲ များပြီး ဒါတွေမရှိတော့တဲ့တစ်နေ့ကျရင် စွန့်ခွာသွားကြမှာပါ။ ဒါတွေကိုတွေးမိပြီး ရည်းစားမထားမိကြတော့ပါဘူး။

၅။ လူတွေရဲ့တကယ့်စိတ်ရင်းကို ခန့်မှန်းဖို့ခက်လာတယ်

what-love-is-cover.jpg 

ရုပ်ချောတဲ့လူတွေအတွက်တော့ လူတွေက ကိုယ့်ကို တကယ်ချစ်လို့ ချဉ်းကပ်လာတာလား။ ရုပ်ရည်ရူပကာကို မက်လို့ချဉ်းကပ်လာတာလား။ ခန္ဓာကိုယ်အချိုးအစားကို မက်လို့ ချဉ်းကပ်လာတာလား ဆိုတာကို ခန့်မှန်းရခက်ခဲလာပါတယ်။ ဒီလိုတွေ တွေးပြီး သံသယတွေဝင်လာတဲ့အတွက် အတည်တကျရည်းစားထားဖို့ ခက်ခဲလာမှာပါ။

Source: PowerOfPositivity

 

Share

Loading Next Article...
က္က