တကယ်အဓိကျတာလေးတွေကို ပြောပြပါ့မယ်။

တစ်ယောက်ကိုတစ်ယောက် နေ့တိုင်းမြင်ချင်လာပြီ၊ ဒါမှမဟုတ်လည်း တွေ့ဖို့ ချိန်းရတာခက်ခဲလို့ စတဲ့အကြောင်းရင်းတွေကြောင့် တစ်အိမ်တည်းမှာ အတူနေကြဖို့ ဆုံးဖြတ်လိုက်ပြီဆို ဒါလေးတွေကို အရင်ဖတ်စေချင်ပါတယ်။ ချစ်သူဘဝတုန်းကတော့ အဆင်ပြေနေပြီး တစ်မိုးအောက်မှာ အတူနေတော့မှ စကားများရန်ဖြစ်တာမျိုး မဖြစ်ရအောင်ပေါ့။ တကယ်အဓိကျတာလေးတွေကို ပြောပြပါ့မယ်။

၁။ အချစ်ပဲဖြစ်ပါစေ၊ နားခိုစရာမဖြစ်ပါစေနဲ့

shutterstock_1463357692.jpg 

နေစရာအခက်အခဲကြောင့် အိမ်ပေါင်းနေလိုက်ရတာမျိုး မဖြစ်သင့်ဘူး။ မြန်မာနိုင်ငံမှာက ချစ်သူနှစ်ဦး လက်မထပ်ရသေးဘဲ တစ်အိမ်တည်းနေဖို့ဆိုတာ ထင်သလောက်မလွယ်တာလည်း ပါပါတယ်။ တကယ်ကို ချစ်လို့ အတူနေကြတာမျိုးပဲ ဖြစ်သင့်တယ်။

see also 

၂။ ငွေရေးကြေးရေး

တစ်မိုးအောက်မှု အတူနေကြပြီဆိုရင် ငွေရေးကြေးရေးကိစ္စလည်း တစ်ခါတည်း အပြတ်ရှင်းထားရမယ်။ အိမ်ငှားနေတာဆိုရင် တစ်ယောက်တစ်ဝက်စိုက်မှာလားပေါ့။ အိမ်သုံးစားရိတ်တွေရော ဘယ်လိုမျိုး ကျခံကြမလဲ။

၃။ မျှဝေရတယ်

BqnwmH1CcAAaqQP.jpg 

ကိုယ့်ပစ္စည်းတွေချည်း တစ်အိမ်လုံးထားနေလို့ ဘယ်ရမလဲ။ သူ့ပစ္စည်း ပစ္စယတွေ ထားဖို့အတွက်လည်း နေရာပေးရဦးမယ်။ တီဗီတစ်လုံးတည်းဆိုတော့ ဘယ်အချိန်ဘာကြည့်ကြမလဲဆိုတာလည်း နားလည်ပေးတတ်ရမယ်။ ဘောလုံးပွဲအရမ်းကောင်းနေတဲ့အခါ ကိုယ့်ရဲ့ ကိုရီးယားဇာတ်လမ်းတွဲကိုလည်း လျှော်ပေးလိုက်ရတာမျိုးတွေ ကြိုတွေးထားပါ။

 

၄။ သူ့ပစ္စည်းတွေကို လက်ခံပေး

တချို့က ထူးထူးဆန်းဆန်းပစ္စည်းတွေ စုဆောင်းတတ်ကြတယ်။ ဒါမျိုးတွေဆိုလည်း ကိုယ်က သည်းခံပေးလိုက်ရမှာ။

၅။ အငြင်းပွားမှုတွေ အဆုံးသတ်မှာမဟုတ်

maxresdefault.jpg 

သမီးရည်းစားဘဝမှာ သဝန်တိုကြတာ၊ စိတ်ဆိုးရန်ဖြစ်ကြတာတွေဟာ တစ်အိမ်တည်းပေါင်းနေလိုက်မယ်ဆိုလည်း ဖြစ်နေဦးမှာပါပဲ။ ဒါကို မမေ့ပါနဲ့။

Source : GQ

Share

Loading Next Article...
က္က