တကယ်ချစ်ရင် အဲ့လိုမျိုး ဂရုစိုက်တတ်တယ်။

စိတ်ဖိစီးမှုတွေ၊ ပူပန်သောကတွေနဲ့ စိတ်ဓာတ်ကျနေတဲ့အခါ ဘယ်သူ့ကိုမှတောင် စကားမပြောချင်တော့ပါဘူး။ အဲ့ဒီအတွက် ကိုယ်ချစ်ရတဲ့သူတွေကိုလည်း ဝန်ထုတ်ဝန်ပိုးဖြစ်မှာ စိုးပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ ဘယ်သူနဲ့မှ မတွေ့ချင်လောက်အောင်ဖြစ်နေတာမို့ ချစ်ခင်ရသူတွေနဲ့လည်း ဝေးသွားတတ်တယ်။ ကံထူးတဲ့ ကောင်မလေးတစ်ဦးကတော့ သူမစိတ်ဓာတ်ကျနေချိန်မှာ ချစ်သူရဲ့ ကြင်နာမှုတွေကို ရရှိခဲ့သူပါ။

see also 

ဒါပေမဲ့ အဲ့ဒီကောင်မလေးက ဘယ်သူဘယ်ဝါဆိုတာတော့ မသိရပါဘူး။ သူ့ချစ်သူကလည်း သူ့အတွက် တန်ဖိုးကြီးလက်ဆောင်တွေနဲ့ နှစ်သိမ့်ပေးခဲ့တာ မဟုတ်ဘူး။ ချစ်ခြင်းမေတ္တာတွေ ဖြည့်ထားတဲ့ ပုလင်းလေးတစ်လုံးကို ပေးခဲ့တာသာဖြစ်ပါတယ်။

 

ပုလင်းထဲမှာတော့ ရေခဲချောင်းတုတ်တံ သစ်သားပြားလေးတွေကို ဆေးလေးတွေသုတ်ပြီး စာလေးတွေ ရေးပေးထားတာတွေ့ရပါတယ်။ သစ်သားတုတ်လေးတွေကလည်း ရောင်စုံပါပဲ။ တစ်ချောင်းချင်းစီမှာ မတူညီတဲ့ စာသားလေးတွေနဲ့ ကောင်မလေးကို အားပေးထားပါတယ်။ "ကိုယ့်စိတ်နှလုံးရဲ့တိုင်းပြည်" ၊ " မင်းကအဖိုးတန်ပါတယ်" " ခနလောက်နားလိုက်ပါဦး" စတဲ့ စာတိုလေးတွေကို ရေးထားတာပါ။ သစ်သားတံအလွတ်လေးတွေကတော့ သူ့ကောင်မလေး ရေးစေဖို့ပါတဲ့။

 

Bodaveez အမည်ရှိ Imgur ဝက်ဘ်ဆိုက်အသုံးပြုသူ ကောင်လေးတစ်ဦးက သူလုပ်ထားတဲ့လက်ဆောင်လေးကို ဓာတ်ပုံရိုက်ပြီး တင်ခဲ့တာဖြစ်ပါတယ်။ သူ့ချစ်သူ စိတ်ဓာတ်ကျနေလို့ လုပ်ပေးထားတယ်လို့လည်း ဆိုပါတယ်။ အွန်လိုင်းမှာတွေ့တဲ့ အိုင်ဒီယာလေးကို လက်တွေ့လုပ်ပြီး ချစ်သူကို အားပေးခဲ့တာနော်။ အားကျလိုက်တာ။

Source : Tee Vogue

Share

Loading Next Article...
က္က