အနေဝေးပြီး အခေါ်အပြောသိပ်မလုပ်တော့တဲ့ အမျိုးတွေကို မင်္ဂလာဆောင်တော့မှ ဖိတ်ကြည့်ပါလား။ လက်ဖွဲ့လိုချင်လို့ လာဖိတ်တယ်လို့ အပြောခံရမှာ။

မင်္ဂလာဧည့်ခံပွဲဆိုတာ မိန်းကလေးတွေအတွက်တော့ ဘဝနဲ့ချီပြီး အရေးပါတဲ့ ကိစ္စတစ်ခုပါနော်။ ငယ်ငယ်လေးတည်းက သတို့သမီးဝတ်စုံတွေမြင်ပြီး စိတ်ကူးယဉ်ခဲ့ကြတယ်။ အချိန်တန်အရွယ်ရောက်လာလို့ မင်္ဂလာပွဲစီစဉ်ရပြီဆိုရင်တော့ အရမ်းပဲ ခေါင်းခြောက်ရပြီ။ ကိုယ့်မင်္ဂလာဆောင်မှာ ဆိုရင်တော့ ဒီလိုလူတွေကို မဖိတ်ဘူးလို့ပဲ တွေးထားတယ်။

 

၁။ ရည်းစားဟောင်း

ဘယ်လိုတွေချစ်ခဲ့တယ်၊ ဘယ်လောက်ထိချစ်ခဲ့တယ် ဆိုဦးတော့ ပြတ်သွားပြီးပြီလေ။ သူငယ်ချင်းတွေအဖြစ်နဲ့ ဆက်ပြီး ပတ်သက်ချင်လို့ မင်္ဂလာပွဲကို ဖိတ်မယ်လို့လည်း မစဉ်းစားပါနဲ့။ ကိုယ့်ခင်ပွန်းလောင်းက ဘယ်ကြည်ဖြူပါ့မလဲ။

see also 

၂။ အနေစိမ်းသွားတဲ့ ဆွေမျိုးတွေ

regan-colin-wedding-ceremony-aisle-2655-6271213-0217_horiz.jpg 

တချို့တွေကတော့ သာရေး/နာရေးရှိရင် အမျိုးတွေ ပြန်ပေါင်းစည်းတယ်လို့ ထင်ကြတယ်။ တကယ်လည်း ပြန်ဆုံကြပါတယ်။ ဒါပေမဲ့ အနေဝေးပြီး အခေါ်အပြောသိပ်မလုပ်တော့တဲ့ အမျိုးတွေကို မင်္ဂလာဆောင်တော့မှ ဖိတ်ကြည့်ပါလား။ လက်ဖွဲ့လိုချင်လို့ လာဖိတ်တယ်လို့ အပြောခံရမှာ။ ကိုယ်ကလည်း အလုပ်များနေမှာဆိုတော့ သူတို့ကိုအချိန်မပေးနိုင်ရင် ပိုဆိုးသွားဦးမယ်။

 

၃။ ကလေးတွေ

တချို့ကလေးတွေက တအားဆိုးတာပဲ။ လူကြားထဲ အော်ဟစ်ငိုယို သောင်းကျန်းတာမျိုး ရှိတတ်တယ်။ ဘယ်လိုမှ ချော့မရ၊ ခြောက်မရလေးတွေ။ သူတို့က အဲ့လိုတွေသောင်းကျန်းတော့ ကိုယ့်မှာလည်း တခြားဧည့်သည်တွေကို အားနာရတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ ကလေးအမေတွေက သူတို့ကလေးဂျီကျနေရင် ခေါ်မလာကြပါဘူး။

၄။ ပြဿနာကောင်

SophAdam_Wedding_LowRes-685.jpg 

နေရာတကာမှာ ပြဿနာရှာတတ်တဲ့လူတွေ။ လူကြားထဲ သူကြားထဲလည်း သောင်းကျန်းဖူးတယ်လို့ နာမည်ထွက်သူတွေကိုလည်း မင်္ဂလာပွဲမှာ မဖိတ်သင့်ဘူးနော်။ ပြဿနာရှာတာက သူဆိုပေမဲ့ ကိုယ့်ဧည့်ခံပွဲဆိုတော့ ကိုယ့်မှာတာဝန်ရှိတယ်လေ။ ကိုယ်ပဲ နာမည်ပျက်ရမှာ။

Share

Loading Next Article...
က္က