မိန်းကလေးဆိုတဲ့ အမျိုးကိုက ငြိမ်နေရင် ပျင်းစရာကောင်းတယ်လို့ထင်ကြပြီး အဆင်ပြေနေရင်တော့ နည်းနည်းရစ်ပေးလိုက်ရမှ၊ ပြဿနာရှာလိုက်ရမှ နေသာထိုင်သာရှိတတ်ကြတာကိုး။

သမီးရည်းစားချင်း ရန်ဖြစ်ကြတာဟာ ဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ မိန်းကလေးဆိုတဲ့ အမျိုးကိုက ငြိမ်နေရင် ပျင်းစရာကောင်းတယ်လို့ထင်ကြပြီး အဆင်ပြေနေရင်တော့ နည်းနည်းရစ်ပေးလိုက်ရမှ၊ ပြဿနာရှာလိုက်ရမှ နေသာထိုင်သာရှိတတ်ကြတာကိုး။ ဒါပေမယ့် သမီးရည်းစားနှစ်ယောက်ကြားမှာ ပြဿနာအကြီးကြီးတက်နိုင်တဲ့ အကြောင်းအရာတွေလည်း ရှိပါသေးတယ်။

၁။ အရင်ရည်းစားနဲ့ ပတ်သက်တဲ့ အချစ်ဇာတ်လမ်းတွေ

sex-love-life-2013-10-1-couple-on-date-main.jpg 

အရင်ရည်းစားက ဘယ်လိုအပြုစု အယုယကောင်းတာတို့၊ ဘယ်လိုဂရုစိုက်တာတို့၊ ဘယ်လိုအလိုလိုက်တာတို့ဟာ လက်ရှိရည်းစားနဲ့ မပြောသင့်တဲ့ အကြောင်းအရာတွေပါပဲ။ ဒီမှတ်ဉာဏ်တွေဟာ အံ့သြဖွယ်လှပနေမှာ သေချာပေမယ့် လက်ရှိရည်းစားရှေ့မှာတော့ ထုတ်မပြသင့်တဲ့ အမှတ်တရတွေပါပဲ။ သေချာတာတစ်ခုကတော့ လက်ရှိရည်းစားဟာ ဒီအမှတ်တရတွေကို သေချာပေါက် အသေးစိတ်သိလိုမှာ မဟုတ်ပါဘူး။

၂။ ဒဲ့ထိုးဆန်လွန်းတဲ့ အမြင်တွေ

မိမိရည်းစားက ၉၀ ပြည့်နှစ်လောက်က ဆံပင်ကေအဂွမ်းကြီးကို ညှပ်လာတာလည်း ဖြစ်ချင်ဖြစ်မယ်။ သူနဲ့ ဘယ်လိုမှ လိုက်ဖက်ညီခြင်းမရှိတဲ့ အဝတ်အစားကို ဝတ်လာတာဖြစ်ချင်ဖြစ်မယ်။ အဲဒါကိုု ဒဲ့ထိုးကြီး သွားမဝေဖန်ပါနဲ့။ ပြဿနာတွေတက်ပြီး ရန်ပွဲတွေ နောင်ဂျိန်ပလေးရပါလိမ့်မယ်။

အရမ်းတွေ အရိုးသားလွန်ပြီး မိမိရဲ့အမြင်ကို ဒဲ့ထိုးကြီးသွားပြောတာကို မိမိရည်းစားကို စိတ်ဓာတ်ကျစေသလို ဒေါသလည်းထွက်လာစေနိုင်ပါတယ်။ ပြောချင်ရင်လည်း မသိမသာလေး အပေါ်ယံသကာလေး ဖုံးပြီးတော့ပြောပေါ့။

၃။ မိသားစုဝင်တွေအကြောင်း မကောင်းပြောခြင်း

Arguing-couple.jpg 

သူကိုယ်တိုင် ထုတ်ဖော်ပြောပြလာလို့ နောက်ကဖော်လိုလိုက်ပေးတာမျိုးကလွဲရင် သူ့မိသားစုဝင်တွေ၊ အချစ်ဆုံး သူငယ်ချင်းတွေအကြောင်းကို သူ့ရှေ့မှာ မကောင်းပြောခြင်းကိုလည်း ရှောင်ရှားပါ။ ဥပမာ... "ယူ့အမေကြီးကလည်း စိတ်ပျက်စရာကြီးတို့" ဘာတို့ပေါ့။

လူတိုင်းလူတိုင်းမှာ မိသားစုနဲ့ပတ်သက်လာရင် ပျော့ကွက်တစ်ခုစီရှိတတ်ကြပါတယ်။ အဲဒီပျော့ကွက်ကို သွားထိမိရင် ပေါက်ကွဲထွက်ဖို့ များပါတယ်။ တစ်ချိန်ချိန်မှာ သူ့ဘဝထဲကို ဝင်ချင်တယ်ဆိုရင် သူ့ရဲ့မိသားစုဝင်တွေ၊ အချစ်ဆုံး သူငယ်ချင်းတွေအကြောင်း မကောင်းပြောတာကိုလည်း ရှောင်ကြဉ်ပါ။

See also: 

၄။ အရင်တုံးက စကားများဖူးတဲ့အကြောင်းတွေ

အရင်တုံးက နှစ်ယောက်သားငြင်းခုန်ရန်ဖြစ်ခဲ့ကြရပြီး ပြေလည်မှုမရသေးပေမယ့် ယာယီငြိမ်းချမ်းရေးယူထားတဲ့ အကြောင်းအရာတစ်ခုကို ပြန်အစဖော်လိုက်တာဟာလည်း ပြဿနာတက်စေမယ့် လုပ်ရပ်တစ်ခုပါ။ အတိတ်ဆိုတဲ့အရာဟာ အတိတ်မှာကျန်ခဲ့တာ အကောင်းဆုံးပါပဲ။ နှစ်ယောက်လုံးမှာ အမြင်သစ်၊ အတွေးသစ်တွေ ရရှိပြီလို့ ထင်မနေသေးသရွေ့ ငြင်းခုန်ရမယ့် အကြောင်းအရာတွေကို ပြန်မပြောတာလည်း အကောင်းဆုံးပါနော်။ Frozen ကာတွန်းကားထဲက Anna လိုပဲ "Let it Go" လုပ်လိုက်ပါတော့။

၅။ အရင်ရည်းစားဟောင်းကို ဘယ်လိုလှည့်စားဖူးတာတွေ

cheating-1488225306.jpg 

အရင်တစ်ယောက်နဲ့တုံးက ကိုယ်ဟာ သစ္စာမဲ့ဖူးတယ်ဆိုတဲ့အကြောင်းကို လက်ရှိရည်းစားကို ပြောပြတာဟာ အကြံကောင်းဖြစ်မယ်လို့ ထင်ပါသလား။ ထင်နေရင်တော့ အမြင်တွေ အကြီးအကျယ်မှားနေပြီဖြစ်တဲ့အကြောင်းလေး ပြောပြပါရစေ။ "တစ်ခါ ခြံခုန်ဖူူးတဲ့နွားက ထပ်ခုန်တတ်တယ်" ဆိုတဲ့စကားအတိုင်း ကိုယ်အရင်တုံးက လုပ်ခဲ့တဲ့ အမှားတွေက လက်ရှိအချိန်မှာ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်ဆိုရင် ထုတ်မပြောတာပိုကောင်းပါတယ်။ တစ်ခါတလေမှာ နေရာတကာရိုးသားတိုင်းလည်း မကောင်းပါဘူး။

၆။ သူ့သူငယ်ချင်းကို ဆက်ဆီကျတယ်လို့ ထင်တဲ့အကြောင်း

ဝိုင်းထဲကို သူခေါ်လာတဲ့ သူ့သူငယ်ချင်းကို ဝတ်ပုံစားပုံ၊ ခန္ဓာကိုယ်အချိုးအစား ဆက်ဆီကျတယ်လို့ ထင်မိတယ်ဆိုပါစို့။ ထင်မိတဲ့အတိုင်းလေးပဲ စိတ်ထဲမှာထားပါ။ အဲဒီအကြောင်းကို ရည်းစားကို သွားပြောပြမိလို့ကတော့ မိုးမီးလောင်ပြီသာမှတ်။ သူ့ဟာသူနေ နေတဲ့စိတ်ထဲကို သံသယမျိုးစေ့လေး သွားကျဲမိသလိုဖြစ်ပြီး ဘာပဲလုပ်လုပ် သံသယမျက်လုံးနဲ့ လိုက်ကြည့်နေပါလိမ့်မယ်။ စိတ်ကျဉ်းကျပ်လာတဲ့အခါ ရန်တွေဖြစ်ကြပြီး အခန့်မသင့်ရင် ပြတ်တဲ့ထိတောင် ဖြစ်သွားနိုင်ပါတယ်။

Source: bustle

 

Share

Loading Next Article...
က္က