ယောကျ်ားတွေနဲ့ မိန်းမတွေဟာ သူတို့ရဲ့အချစ်ကို ဖော်ပြပုံ၊ ဖော်ပြနည်းချင်း မတူညီကြပါဘူး။

ယောကျ်ားတွေနဲ့ မိန်းမတွေဟာ သူတို့ရဲ့အချစ်ကို ဖော်ပြပုံ၊ ဖော်ပြနည်းချင်း မတူညီကြပါဘူး။ ဒါပေမယ့် တချို့ထူးထူးခြားခြား ယောကျ်ားတချို့ကလွဲရင် ယောကျ်ားအများစုကတော့ သူတို့အချစ်ကို ဖော်ပြပုံချင်း တူညီကြပါတယ်။

 

ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေဟာ တွေးပုံတွေးနည်းချင်းမတူညီကြတဲ့အတွက် ယောကျ်ားတစ်ယောက် တကယ်ချစ်တတ်ရင် လုပ်တတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သင့်စကားကို သေချာနားထောင်မယ်

8_Confessions_That_Reveal_Why_People_Cheat_08-1-1.jpg 

ယောကျ်ားလေးအများစုက မိန်းကလေးတွေ စေတနာနဲ့ပြောတဲ့စကားတွေကို ဆရာလုပ်တယ်။ အပိုတွေ လာပြောနေတယ်လို့ ထင်တတ်ကြပြီး ဟိုဘက်နားကဝင်၊ ဒီဘက်နားက ပြန်ထုတ်တတ်ကြပါတယ်။ တကယ်ချစ်တဲ့ ယောကျ်ားလေးတွေကတော့ မိမိပြောနေတဲ့စကားကို သေချာအာရုံစိုက်နားထောင်ပြီး လိုက်လုပ်ပေးတတ်ကြပါတယ်။

ယောကျ်ားလေးတွေက သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာတွေဆိုရင် သေချာအာရုံစိုက်လုပ်တတ်ကြပါတယ်။ ဥပမာ... ဂိမ်းဆော့တာတို့၊ ဘာတို့ပေါ့။ ကွန်ပျူတာမော်နီတာကို အာရုံစိုက်သလိုမျိုး ကိုယ့််အပေါ် အာရုံစိုက်လာပြီ ဆိုရင်တော့ သူကိုယ့်ကို တကယ်ချစ်နေတာလို့ သိနိုင်ပါတယ်။

၂။ အနစ်နာခံဖို့ ဝန်မလေးဘူး

festival-vibes_1499103979.jpg

တခြားလူတစ်ယောက်အတွက် အနစ်နာခံရတယ်ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ ကိုယ်ချစ်တဲ့သူအတွက်ပဲ အနစ်နာခံမိကြမှာပါ။ ကိုယ့်ကိုတကယ်ချစ်နေတဲ့ ယောကျ်ားတစ်ယောက်ဟာ ကိုယ်မပျော်ရွှင်မှာကို အထူးစိုးရိမ်တတ်ကြပြီး အနစ်နာခံတတ်ကြပါတယ်။ တကယ်ချစ်ပြီဆိုရင် သာတယ်၊ နာတယ် မတွေးတတ်ကြ တော့တာဟာလည်း သဘာဝပါပဲ။

၃။ သူ့ရဲ့ပျော့ကွက်ကို ထုတ်ဖော်ပြသတယ်

ယောကျ်ားအများစုက မိန်းကလေးတွေရှေ့မှာ သတ္တိရှိတယ်၊ စိတ်ကောင်းရှိတယ် စတဲ့ ကောင်းကွက်တွေကိုသာ ထုတ်ပြချင်ကြပြီး သူတို့ရဲ့မကောင်းတဲ့အချက်တွေ၊ ပျော့ကွက်တွေကိုတော့ ထုတ်ဖော်ပြသခြင်း မပြုလိုကြပါဘူး။ ကိုယ့်ကို သူတို့ရဲ့အားနည်းချက်ကို ထုတ်ပြလာတဲ့ အမျိုးကောင်းသားတစ်ဦးရှိပြီဆိုရင်တော့ စိတ်ချလက်ချသာ ချစ်လိုက်ပါ။

၄။ ဘာပဲဖြစ်ဖြစ်ချစ်တယ်

what-love-is-cover.jpg 

ပေတိပေစုတ် ခေါင်းစုုတ်ဖွားနဲ့ video call ခေါ်ရင်တောင် ချစ်ဖို့ကောင်းလိုက်တာလို့ ပြောတတ်တဲ့ ရည်းစားမျိုးရှိလား။ ကိုယ့်ကို တကယ်ချစ်တဲ့ ယောကျ်ားဆိုတာ Bruno Mars သီချင်းထဲကလို "Just the way you are" ဆိုပြီး သဘောထားနိုင်ပြီး ဘာပုံပဲပေါက်နေ ပေါက်နေ ချစ်တတ်ကြပါတယ်။

အလှတွေပြင်ထားတဲ့အခါ လှကြောင်းချီးကျူးတတ်သလို ချွေးတွေသံတွေနဲ့ ပေစုတ်နေတဲ့အခါမှာလည်း ယုံကြည်မှုလျော့နည်းမသွားအောင် အားပေးတတ်တဲ့သူတွေက ကိုယ့်ကို တကယ်ချစ်တဲ့သူတွေပါ။

See Also: 

၅။ ကိုယ့်ကို ကာကွယ်ပေးတယ်

တကယ်ချစ်တဲ့ ယောကျ်ားတစ်ယောက်ဆိုတာ ကိုယ့်ကို ထိပါးလာတဲ့သူမှန်သမျှကို ရန်တွေ့ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါဟာ လူသားတွေမှာမပြောနဲ့။ အတိတိရစ္ဆာန်တွေမှာတောင်မှ ထင်ရှားတဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့ချစ်သူကို နာကျင်အောင်လုပ်တဲ့သူကို ပြန်လည်တုံ့ပြန်လိုက်ရမှ ကျေနပ်တတ်ကြတာပါ။

၆။ လေးစားသမှုနဲ့ ဆက်ဆံတယ်

Never-Marry-A-Man-with-These-15-Habits-Even-If-You-Think-You-Love-Him-No.-4-Is-A-Deal-Breaker.jpg 

Mutual Respect (အပြန်အလှန်လေးစားမှု) ဆိုတာဟာ သမီးရည်းစားဆက်ဆံရေးမှာ အလွန်အရေးကြီးတဲ့ အရာတစ်မျိုးပါ။ ငါယောကျ်ားဆိုတဲ့ အတ္တနဲ့သာ ဆက်ဆံတတ်ပြီး ကိုယ့်ကို လေးစားသမှု မရှိဘူးဆိုရင် ပြဿနာတွေရှိလာနိုင်ပါတယ်။ တကယ်ချစ်တတ်တဲ့ ယောကျ်ားဆိုတာ ကိုယ့်အပေါ် အပြန်အလှန်လေးစားမှု ထားရှိတတ်ကြပြီး ကိုယ့်ရဲ့အမြင်ကိုလည်း အလေးထား ဆက်ဆံတတ်ကြပါတယ်။

Source: powerofpositivity

 

Share

Loading Next Article...
က္က