အချစ်ရေးမှာ အဆင်ပြေကြပါစေနော်....

အချစ်ဗေဒင်ကို စိတ်ဝင်စားတဲ့ ပျိုမေလေးတို့အတွက် ကိုယ့်ရဲ့ မွေးဖွားရာ ရာသီခွင်အလိုက် အချစ်ရေးလေးတွေကို ပြောပြမယ်ဆိုရင် စိတ်ဝင်စားမှာလား။ ကိုယ်မွေးဖွားတဲ့ရက်အလိုက် ဆယ့်နှစ်ရာသီခွင်မှာ ဘယ်ရာသီခွင်လဲဆိုတာကိုကြည့်၊ ပြီးရင် ကိုယ့်ချစ်သူရော ဘယ်ရာသီခွင်လဲဆိုတာကို ဆက်ကြည့်လိုက်ရင် သူ့စိတ်ကိုလည်း သိနိုင်ပြီပေါ့။



၁။ မိဿ (Aries) (မတ် ၂၁ - ဧပြီ ၂၀)

zodiac-dating-guide-aries.jpg 

သိဟ်၊ ဓနု၊ တူနဲ့ မိဿရာသီဖွားတို့ဟာ မတ် ၂၁ ကနေ ဧပြီ ၂၀ အတွင်း မွေးဖွားခဲ့တဲ့ မိဿရာသီဖွားတွေနဲ့ ချစ်သူဖြစ်ဖို့ အလိုက်ဖက်ဆုံးပါ။ အရမ်းချစ်တတ်တယ်။ အချစ်ကိုလည်း လက်တွေ့ဖော်ပြတတ်သူတွေ။ ဒါပေမဲ့ ကိစ္စအတော်များများကို တစ်ယောက်တည်းပဲလုပ်ချင်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘာသာလုပ်တော့ တခြားလူနဲ့ညှိနှိုင်းရခက်တယ်။

၂။ ပြိဿ (Taurus) (ဧပြီ ၂၁ - မေ ၂၁)

zodiac-dating-guide-taurus.jpg 

ချစ်သူထားမယ်ဆို ကန်၊ မကာရ၊ ကရကဋ် ရာသီဖွားတွေနဲ့ အသင့်တော်ဆုံးပဲ။ များသောအားဖြင့်တော့ ပြိဿရာသီဖွားတွေဟာ သစ္စာကြီးသူတွေပါ။ ဒါပေမဲ့ စိတ်ချင်းနီးစပ်အောင် ပေါင်းဖို့ခက်တယ်။

၃။ မေထုန် (Gemini) (မေ ၂၂ - ဇွန် ၂၁)

zodiac-dating-guide-gemini.jpg 

တူ၊ ကုမ်၊ ဓနု၊ မိဿ ရာသီဖွားတွေနဲ့ဆို အချစ်ရေးအဆင်ပြေတယ်။ အချစ်ရေးမှာ စိတ်သဘောထားပျော့ပျောင်းတယ်။ ချစ်သူအလိုကျနေတတ်တယ်။ အတွေးလွန်ပြီး ပြဿနာဖြစ်ရတာတော့ရှိတယ်။

၄။ ကရကဋ် (Cancer) (ဇွန် ၂၂ - ဇူလိုင် ၂၂)

zodiac-dating-guide-cancer.jpg 

မိန်၊ ဗြိစ္ဆာ၊ ပြိဿ၊ မကာရ ရာသီဖွားတွေကို ချစ်သူအဖြစ်ရွေးသင့်တယ်။ မြတ်မြတ်နိုးနိုးချစ်တတ်တယ်၊ အချစ်အတွက် ဘာမဆိုလုပ်မယ့်လူတွေ။ စိတ်အလိုလိုက်လွန်းတာတော့မကောင်းဘူးပေါ့။

၅။ သိဟ် (Leo) (ဇူလိုင် ၂၃ - သြဂုတ် ၂၃)

zodiac-dating-guide-leo.jpg 

မိဿ၊ ဓနု၊ ကုမ် ရာသီဖွားတွေနဲ့ ချစ်သူဖြစ်ရင် အဆင်ပြေတယ်။ သိဟ်ရာသီဖွားတွေဟာ နှလုံးသားနဲ့ပဲ ချစ်တတ်သူတွေပါ။ ချစ်သူကိုလည်း ပျော်အောင်ထားတတ်တယ်။ ဒါပေမဲ့ အလိုက်ကန်းဆိုးမသိဘူးရယ်။

၆။ ကန် (Virgo) (သြဂုတ် ၂၄ - စက်တင်ဘာ ၂၂)

zodiac-dating-guide-virgo.jpg 

မကာရ၊ ပြိဿ၊ ဗြိစ္ဆာ ရာသီဖွားတွေနဲ့ အချစ်ရေးအဆင်ပြေတယ်။ ချစ်သူ အဆင်ပြေဖို့ ဘာမဆိုလုပ်ပေးမယ့်လူတွေပါ။ ဒါပေမဲ့ လက်တွေ့မဆန်တဲ့ မျှော်လင့်ချက်တွေ များလွန်းတာကြောင့် ရေရှည်မှာ အဆင်မပြေဘူး။

၇။ တူ (Libra) (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၃)

zodiac-dating-guide-libra.jpg 

ကုမ်၊ မေထုန်၊ မိဿ ရာသီဖွားတွေနဲ့ ချစ်မယ်ဆိုရင် အရမ်းလိုက်ဖက်ညီတယ်။ တူရာသီဖွားတွေက ချစ်သူနဲ့ အဆင်ပြေပြေနေတတ်တယ်။ ချစ်သူလုပ်သမျှ အတူတူလိုက်လုပ်မယ့်လူမျိုး။ ဒါပေမဲ့ လျှို့ဝှက်ချက်များသူတွေ။

၈။ ဗြိစ္ဆာ (Scorpio) (အောက်တိုဘာ ၂၄ - နိုဝင်ဘာ ၂၂)

zodiac-dating-guide-scorpio.jpg 

ကရကဋ်၊ မိန်၊ ကန်၊ ပြိဿ ရာသီဖွားတွေနဲ့ ချစ်သူဖြစ်မယ်ဆိုရင် အသင့်တော်ဆုံးပဲ။ ဆက်စီကျတဲ့ ရာသီခွင်ဖွားတွေပါ။ ချစ်ရေးချစ်ရာ ကျွမ်းသူတွေပေါ့။ သူများစိတ်ကို သိနိုင်ပေမဲ့ သူတို့ဘာဖြစ်နေလဲဆိုတာကိုတော့ ထုတ်မပြတတ်ကြဘူး။

 

၉။ ဓနု (Sagittarius) (နိုဝင်ဘာ ၂၃ - ဒီဇင်ဘာ ၂၁)

zodiac-dating-guide-sagittarius.jpg 

မိဿ၊ သိဟ်၊ ကုမ်၊ မေထုန်ရာသီဖွားတွေနဲ့ ချစ်သူတော်သင့်တယ်။ ချစ်သူကို စိတ်လှုပ်ရှားအောင်လုပ်တတ်ကြတဲ့ ရာသီဖွားတွေပါ။ စိတ်လှုပ်ရှားရတာကြိုက်တော့ အချစ်ရေးမှာလည်း လွယ်လွယ်နဲ့ရိုးတတ်တယ်။

၁၀။ မကာရ (Capricorn) (ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၂၀)

zodiac-dating-guide-capricorn.jpg 

ပြိဿ၊ ကန်၊ ကရကဋ် ရာသီဖွားတွေဟာ မကာရရာသီဖွားတွေအတွက် ချစ်သူအဖြစ် ရွေးချယ်သင့်သူတွေဖြစ်တယ်။ သစ္စာရှိတယ်၊ အချစ်ရေးမှာ အချိန်တွေအကြာကြီးချစ်ချင်သူတွေ။ ဒါပေမဲ့ ကိုယ်ပိုင်ဘဝရည်မှန်းချက်ကို အာရုံစိုက်တော့ ချစ်သူကို အချိန်မပေးနိုင်ကြဘူး။

၁၁။ ကုမ် (Aquarius) (ဇန်နဝါရီ ၂၁ - ဖေဖော်ဝါရီ ၁၈)

zodiac-dating-guide-aquarius.jpg 

တူ၊ မေထုန်၊ မိဿနဲ့ သိဟ်ရာသီဖွားတွေဟာ ကုမ်ရာသီဖွားတွေအတွက် ချစ်သူရွေးဖို့ အသင့်တော်ဆုံးသူတွေဖြစ်ပါတယ်။ ကုမ်ရာသီဖွားတွေဟာ ချစ်သူအပေါ် သစ္စာရှိတယ်၊ မျှမျှတတ တွေးပေးတတ်တယ်။ မချစ်တော့ဘူးဆိုလည်း ဒဲ့ပြောပြီး အဆက်ဖြတ်တတ်ကြပြန်ရော။

၁၂။ မိန် (Pisces) (ဖေဖော်ဝါရီ ၁၉ - မတ် ၂၀)

zodiac-dating-guide-pisces.jpg 

ကရကဋ်၊ ဗြိစ္ဆာ၊ သိဟ်၊ ကန်ရာသီဖွားတွေနဲ့ လိုက်ဖက်ညီတယ်။ အချစ်ကို စစ်မှန်စွာနဲ့ပဲချစ်တယ်။ မာယာတွေမသုံးဘူး။ ရင်ထဲမှာသာ အချစ်တွေပြည့်နေတာ လက်တွေ့ကျ ဘာမှလည်း မလုပ်ပေးနိုင်တာတော့ သိပ်မမိုက်ဘူးပေါ့။

Source : Style Caster


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က