ချစ်သူရည်းစား၊ လင်မယားတွေ ကြားမှာလည်း မပြောသင့်တဲ့ စကားတွေရှိပါတယ်။

သမီးရည်းစားတို့ ဘာသာဘာဝ ကယုကယင်စကားလေးတွေဆိုရင်း ထသတ်ကုန်ကြတာတွေကို မြင်ဖူး၊ ကြုံဖူးကြမှာပါ။ ဒါဟာ စကားလမ်းကြောင်းရွေးချယ်မှု မှားယွင်းတာကြောင့် ဖြစ်နိုင်ခြေများပါတယ်။

 

မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြားမှာ မပြောသင့်တဲ့ စကားတွေရှိသလို ချစ်သူရည်းစား၊ လင်မယားတွေ ကြားမှာလည်း မပြောသင့်တဲ့ စကားတွေရှိပါတယ်။ အဲဒါတွေကတော့...

၁။ လမ်းခွဲမယ်လို့ ချိန်းခြောက်မယ်

Arguing-couple.jpg 

တကယ်လမ်းခွဲချင်စိတ် မရှိဘဲနဲ့တော့ မိမိရဲ့လက်တွဲဖော်ကို လမ်းခွဲမယ်လို့ ချိန်းခြောက်တာဟာ မှားယွင်းတဲ့ အရာတစ်ခုပါ။ အဲဒီလိုပြောမိခြင်းဟာ မိမိရဲ့စိတ်ထဲမှာ နောင်တတွေသာ ဖြစ်လာစေနိုင်ပြီး လက်တွဲဖော်ရဲ့စိတ်ထဲမှာ စိတ်ပိုင်းဆိုုင်ရာမလုံခြုံမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်က ထွက်သွားဖို့ ခြေလှမ်းပြင်နေပြီဆိုရင် ဘယ်လိုလုပ်ပြီး လုံခြုံမှု၊ နွေးထွေးမှုနဲ့ ပျော်ရွှင်မှုတို့ ရှိနိုင်ပါမလဲ။

၂။ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုမယ်

PF-couple-row_1949229b.jpg

လူတိုင်း လူတိုင်း ဒေါသထွက်လာတဲ့အချိန်မှာ နင်တွေ၊ ငါတွေနဲ့ စကားလုံးတွေ၊ လေသံတွေ မာထန်လာတတ်တာဟာ မဆန်းပါဘူး။ ဒါပေမယ့် ဒါဟာ မလုပ်သင့်ပါဘူး။ မိမိလက်တွဲဖော်ကို ဆိုးဝါးတဲ့ အခေါ်အဝေါ်၊ အသုံးအနှုန်းတွေနဲ့ ဆဲဆိုမိတာ၊ လေသံတွေ မာကျောခက်ထန်မိတာတွေဟာ လက်ရှိဖြစ်နေတဲ့ အခြေအနေကို ပိုမိုဆိုးဝါးသွားစေမှာပါ။ ဒါတင်မကသေးပါဘူး။ တစ်ယောက်ပေါ် တစ်ယောက် ထားရှိတဲ့ လေးစားမှုလေးကိုတောင် ဆုံးရှုံးသွားစေနိုင်မှာပါ။

See Also: 

၃။ မိသားစုအကြောင်း မကောင်းပြောမယ်

couple-communication.jpg 

သူ့အမေကြီးက နေရာတိုင်းမှာ ဝင်ပါနေတာဖြစ်ချင်ဖြစ်မယ်။ သူ့ညီမလေးက အချေရုပ်နဲ့ ကိုယ့်ကို အထက်စီးက လာဆက်ဆံနေတာ ဖြစ်ချင်ဖြစ်မယ်။ ဒါတွေကို မကြိုက်သလို ခံစားရတာဟာလည်း သဘာဝပါ။ ဒါပေမယ့် သူတို့ ဘယ်လိုပဲ ဖြစ်နေပါစေ။ အဲဒီကိစ္စတွေကို မိမိလက်တွဲဖော်နဲ့ သွားရောက်ငြင်းခုန်ခြင်း မပြုပါနဲ့။

မိသားစုက မိသားစုဖြစ်ပြီး ချစ်သူက ချစ်သူ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း အကန့်ခွဲတတ်ပါတယ်။ ကိုယ့်ဘက်ကသာ မှန်အောင်နေရင် သူ့ဘက်က ရှင်းသင့်တာတွေ ဝင်ရှင်းပေးပါလိမ့်မယ်။ ကိုယ်က ထုတ်ပြောနေဖို့ မလိုပါဘူး။

၄။ သူ့စိတ်အပြောင်းအလဲ မြန်တာကို အပြစ်တင်မယ်

ကိုယ့်ရဲ့ချစ်သူက ချိန်းထားပြီး မိနစ်ပိုင်းလေးအလိုကျမှ ပလန်ကောက်ပြောင်းလိုက်တာတို့၊ ညစာစားပြီး ပန်းကန်မဆေးဘဲ ထထွက်သွားတာတို့ လုပ်လာရင် ဒေါကန်မိမှာပါ။ ဒါပေမယ့် ကိုယ့်စိတ်ကိုယ်တောင် မပိုင်တဲ့ လောကကြီးမှာ သူများစိတ်ကို ကိုယ့်စိတ်အလိုကျအတိုင်း တောင်းဆိုဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။

တကယ်လို့ သူတို့က ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ပြုမူလာခြင်းမရှိဘူးဆိုရင်တောင် တိုက်ရိုက်အပြစ်တင်တာမျိုး မလုပ်ပါနဲ့။ ဥပမာ... "မင်းက ဘယ်တော့မှ ဒါမျိုး မလုပ်ဘူး" လို့ပြောမယ့်အစား "မင်းသာ ဒီလိုလုပ်ရင် ငါဝမ်းသာမိမှာ" လို့ ပြောင်းလဲ သုံးနှုန်းကြည့်ပါ။

၅။ ငါမလုပ်ပေးနိုင်ဘူး လို့ ဘယ်တော့မှ မပြောပါနဲ့

05-Things-All-Couples-Fight-About—and-How-to-Fix-Them-1024x683.jpg 

ငါမလုပ်ပေးနိုင်ဘူး ဆိုတဲ့ စကားမျိုးဟာ ဒေါသထွက်နေတဲ့မိဘက သားသမီးကို ပြောရတာမျိုးပါ။ သမီးရည်းစားချင်း စကားပြောရင် သုံးရတာမျိုး မဟုတ်ပါဘူး။ တစ်ခါတလေ မိမိချစ်သူက လုပ်ပေးစေချင်တဲ့ အရာတစ်ခုကို လုပ်ပေးဖို့ အဆင်မပြေတာမျိုး ရှိတတ်ပါတယ်။

အဲဒီအခါမျိုးမှာ ငါ မလုပ်ပေးနိုင်ဘူးလို့ ဒဲ့ပြောမယ့်အစား နောက်ကျမှ လုပ်ပေးမယ်တို့၊ ဒါမှမဟုတ် အခု ဘာကြောင့် မလုပ်ပေးနိုင်သေးတယ်ဆိုတဲ့ အကြောင်းကို ပြေပြေလည်လည်ရှင်းပြတာမျိုးပဲ လုပ်သင့်ပါတယ်။

Source: Bustle

 

Share

Loading Next Article...
က္က