တကယ့်မိတ်ဆွေကောင်းကို ရထားခြင်းဟာ တစ်နှစ်ကို ဒေါ်လာတစ်သိန်းလောက် ဝင်ငွေရတဲ့ပျော်ရွှင်မှုနဲ့ အတူတူပါပဲ.....

တချို့တွေကပြောတယ် "အလုပ်လုပ်ဖို့လာတာ အပေါင်းအသင်းရှာဖို့မဟုတ်ဘူး" ဆိုတာမျိုး။ အလုပ်ကိုအာရုံစိုက်ပြီး လုပ်ဖို့အတွက် အလုပ်ထဲမှာ အပေါင်းအသင်းတွေနဲ့ အချိန်မကုန်ချင်တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အလုပ်မှာ သူငယ်ချင်းအပေါင်းအသင်းတွေရှိဖို့လည်း အရေးကြီးတယ်။



 

လုပ်ငန်းခွင်ထဲမှာ သူငယ်ချင်းတွေရှိခြင်းဟာ မိမိရဲ့ဘဝကို ပိုမိုကောင်းမွန်စေမှာပါ။ American Time Use စစ်တမ်းကောက်ယူမှု ရလဒ်အရ အသက် ၂၅ နှစ်နဲ့ ၅၄ နှစ်ကြား အလုပ်သမားဝန်ထမ်းတွေဟာ တစ်နေ့ကို ၈.၇ နာရီနှုန်း အလုပ် ဒါမှမဟုတ် အလုပ်နဲ့ဆက်စပ်တဲ့လှုပ်ရှားမှုတွေ လုပ်နေရပါတယ်။

see also 

၇.၇ နာရီကတော့ အိပ်ချိန်ပါ။ ဒါကိုကြည့်မယ်ဆိုရင် အလုပ်လုပ်နေသူတွေရဲ့ တစ်နေ့တာအချိန် အများစုဟာ အလုပ်နဲ့ပတ်သက်ပြီး ကုန်ဆုံးနေရတယ်ဆိုတဲ့ သဘောပါပဲ။

ဒါကြောင့် အလုပ်ထဲမှာ သူငယ်ချင်းတွေ ရှိနေဖို့လိုပါတယ်။ The Atlantic မှာ ဖော်ပြဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာလည်း တကယ့်မိတ်ဆွေကောင်းကို ရထားခြင်းဟာ တစ်နှစ်ကို ဒေါ်လာတစ်သိန်းလောက် ဝင်ငွေရတဲ့ပျော်ရွှင်မှုနဲ့ အတူတူပါပဲလို့ ဆိုထားပြန်တယ်။

 

အလုပ်ကြောင့် ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေကို အချင်းချင်း တိုင်ပင်ကြရင်းနဲ့ အလုပ်ကို ပိုပြီးကောင်းကောင်းမွန်မွန်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အပေါင်းအသင်းနဲ့ချည်း လေပန်းရင်း အချိန်ကုန်လို့တော့ မဖြစ်သင့်ဘူးပေါ့။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးတဲ့သံယောဇဉ်ဆက်နွှယ်မှုရှိခြင်းဟာ အလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးမြောက်စေနိုင်တာတော့ အမှန်ပါပဲ။

Source : Fast Company


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က