ချစ်တတ်လိုက်တဲ့ ဖေဖေရယ်.........

ငယ်ဘဝက ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေထဲမှာ အိမ်ဆောက်တမ်း ကစားကြတာလည်း ပါတယ်မဟုတ်လား။ ခြံထဲမှာ ကိုယ့်ဘာသာ အိမ်လေးတွေ၊ တဲလေးတွေဆောက်ပြီး ဆော့ကစားရတာ နှစ်သက်ကြတယ်လေ။ ကစားဖို့အတွက် အိမ်လေးတစ်လုံးရရှိရေးဟာ ကလေးတစ်ယောက်ရဲ့အဖြစ်ချင်ဆုံးဆန္ဒတွေထဲက တစ်ခုပါပဲ။ ဒီအိပ်မက်တွေ တကယ်ပြည့်ဝခဲ့တဲ့ ကောင်မလေးနှစ်ယောက်ရှိပါတယ်။

 

မီချီဂန်မှာ နေထိုင်တဲ့ Adam Boyd ဟာ သူ့ရဲ့ သမီးလေးနှစ်ယောက်အတွက် ကစားစရာအိမ်လေးကို တကယ့်အိမ်အစစ်အလား ဆောက်လုပ်ပေးခဲ့တဲ့ဖခင်ပေါ့။ သမီးကြီး Avery က အသက် ၅ နှစ်၊ သမီးငယ် Violet လေးက အသက် ၂ နှစ် ရှိပါပြီ။ သူ့သမီးလေးတွေကစားဖို့ ကစားစရာအိမ်ကို ခြံထဲမှာ နှစ်ထပ်အဆောက်အဦအဖြစ် ဆောက်ပေးခဲ့တာပါ။

see also 

အိမ်က ၂၄ ပေ မြင့်ပြီး မျက်နှာကျက်တွေ၊ ပရိဘောဂတွေကို ထည့်သွင်းထားတယ်။ သမီးလေးတွေအကြိုက်ဖြစ်မယ့် ပန်းရောင် ၊ ခရမ်းပြာရောင်တို့နဲ့ အတွင်းပိုင်းကို ဆေးခြယ်ထားပုံက တကယ်ကိုချစ်ဖို့ကောင်းလွန်းတယ်။

 

အိမ်ထဲမှာ လှေကားလေးတွေ၊ ခုံသေးသေးလေးတွေနဲ့ သမီးလေးတွေ အသုံးပြုမယ့်အရွယ်လေးတွေ လုပ်ပေးထားတာ။ ဘီရိုသေးသေးလေးတွေ၊ ခုံတန်းရှည်၊ စားပွဲလေးတွေက တကယ့်အိမ်ကြီးတစ်ဆောင်အလားပဲ။ အိမ်ပြင်မှာတော့ ကလေးတွေဆော့ဖို့ကိုလည်း လုပ်ပေးထားသေးတယ်။

 

အဒမ်ဟာ ရုံးပိတ်ရက်တွေနဲ့ အားလပ်ချိန်တိုင်းမှာ သမီးလေးတွေအတွက် အိမ်ကို ဆောက်နေခဲ့တာပါ။ တစ်ခါတစ်လေဆို သမီးကြီးက ဝင်ကူပေးတယ်။ အိမ်ကလေးက ကလေးတွေအတွက်ဆိုပေမဲ့ သမီးနှစ်ယောက်အပြင် အဒမ်နဲ့ဇနီးသည်တို့အတွက်ပါ အပန်းဖြေစရာလေး ဖြစ်လာခဲ့ပါတယ်။

Source : ABC

Share

Loading Next Article...
က္က