ချစ်တဲ့စိတ်တွေနဲ့ ရှေ့ဆက်နားလည်မှုယူလိုက်ပါ။

စုံတွဲတိုင်း ရန်မဖြစ်ဖူးဘူးဆိုတာ မရှိပါဘူးနော်။ ချစ်သက်တမ်း ကြာတဲ့စုံတွဲတိုင်း ရန်ဖြစ်ဖူးကြမှာပါ။ ရန်ဖြစ်ပြီဆို နှစ်ဖက်လုံး စိတ်ဆင်းရဲရတာပါပဲ။ ဒါကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာ မဒီက အကြံပေးလိုက်ပါတယ်နော်။

၁။ ပြစ်တင်ဝေဖန်ခြင်း

22016451_778437185693042_1130523998_n.jpg 

ကိုယ့်ချစ်သူကို ဒေါသတကြီး ပြစ်တင်တော့မယ်ဆိုရင် အလျှင်စလို မလုပ်ပါနဲ့ဦး။ အဲ့လိုလုပ်လိုက်ရင် အခြေအနေက ပိုဆိုးသွားနိုင်တယ်။ သူဒီလိုတွေလုပ်ရင် ကိုယ်စိတ်မကောင်းဖြစ်ရတယ်ဆိုတာကို ပြောပြလိုက်ပါ။ ဘယ်သူကမှ ကိုယ့်ချစ်သူ ဝမ်းနည်းမှာကို မလိုချင်ဘူးလေ။ ပြဿနာလည်း မဖြစ်တော့ဘူး။

၂။ ခံစားချက်တွေညီမျှပါစေ

22052867_778437172359710_164472398_n.jpg 

သူအော်လို့၊ ကိုယ်ပြန်အော်တယ်။ မင်းဒီလိုလုပ်လို့ ငါပြန်လုပ်ရတယ်ဆိုတဲ့ လက်စားချေတဲ့ပုံစံကြီး မလုပ်ပါနဲ့။ ရန်ဖြစ်ပြီး မခေါ်မပြောတဲ့အခါ နှစ်ယောက်လုံးစိတ်ဆင်းရဲရတယ်မဟုတ်လား။ ကိုယ်ပဲခံစားရတယ်မထင်ပါနဲ့ ၊ သူ့ခံစားချက်ကိုပါ ထည့်တွက်ပါ။

၃။ အဆိုးတွေချည်းမတွေးပါနဲ့

22054505_778437165693044_1048725762_n.jpg 

သူက ကိုယ့်အပေါ်ကောင်းမှာမဟုတ်ဘူး၊ အမြဲတမ်း ဆိုးသွမ်းနေတော့မှာပဲလို့ မတွေးလိုက်ပါနဲ့။ ချစ်တဲ့စိတ်တွေနဲ့ ရှေ့ဆက်နားလည်မှုယူလိုက်ပါ။

see also 

၄။ နှိမ့်ချပြောဆိုတာရှောင်

22053150_778437182359709_888299910_n.jpg 

ငါက မင်းထက်ပိုသိ၊ ပိုတတ်တယ်၊ မင်းအသာနေ ဆိုတာမျိုး ချစ်သူကို နှိမ့်ချတဲ့စကားတွေ မပြောပါနဲ့။ ကိစ္စတစ်ခုကြုံလာတိုင်း အတူတူ တိုင်ပင်ဆွေးနွေးပါ။

၅။ အပြစ်ပုံမချရဘူး

22014975_778437179026376_539241883_n.jpg 

ဘယ်သူအပြစ်ရှိလဲဆိုတာကို အပြန်အလှန် အပြစ်ပုံချနေတာမျိုးက မှန်ကန်တဲ့နည်းမဟုတ်ဘူးနော်။ ဖြစ်တာက ဖြစ်ပြီးသွားပြီလေ။ ရှေ့ဆက် ဘယ်လိုလုပ်ကြမလဲဆိုတာကိုပဲ ပြောသင့်တယ်။ အဆင်မပြေတာတွေ မကြိုက်တာတွေ ညှိယူကြပေါ့။

၆။ ပြီးခဲ့တဲ့အပြစ်တွေကို အစမဖော်နဲ့တော့

22014709_778437175693043_1999765017_n.jpg 

တစ်ခါတစ်လေ နားလည်မှုလွဲပြီး စကားများတာမျိုးလည်း ရှိတတ်တယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အရင်အတိတ်က တစ်ကြိမ်တစ်ခါ မှားဖူးတာကို အကြိမ်ကြိမ် အစပြန်ဖော်တာမျိုး ရှောင်သင့်တယ်။ ကြာရင် သူလည်း စိတ်ကုန်လာမှာ။

၇။ နားလည်မှု

22053124_778437169026377_325321983_n.jpg 

အပြန်အလှန်နားလည်မှုလေး ရှိသင့်ပါတယ်။ သူက ရှော့ပင်ထွက်ချင်တယ်၊ ကိုယ်က ဘောပွဲသွားချင်တယ်။ ဒီလိုဆိုရင် သူ့ကိုရှော့ပင်ထွက်တာ လိုက်ပေးပြီး ဘောလုံးပွဲကိုပါ ခေါ်ခဲ့လိုက်ပေါ့။

Source : Bright Side

Share

Loading Next Article...
က္က