မြွေ အကိုက်ခံပြီးနောက်မှာ live လွှင့်သွားခဲ့ပါသေးတယ်။

ရုရှားနိုင်ငံသား YouTuber တစ်ဦးဟာ ဇနီးဖြစ်သူထားသွားလို့ အသည်းကွဲရတဲ့ဒဏ်ကို ကိုယ့်ကိုယ်ကိုယ် မြွေကိုက်ခံသေကြောင်းကြံပြီး ဘဝကို အဆုံးစီရင်လိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် Arslan Valeev ဟာ မြွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပါတယ်။ မြွေတွေကို ကျွမ်းကျင်စွာကိုင်တွယ်သူအဖြစ် You Tube မှာ သူ့ကိုသိကြတယ်။ Arslan ဟာ အဆိပ်ပြင်း မန်ဘာမြွေ အကိုက်ခံပြီးနောက်မှာ live လွှင့်သွားခဲ့ပါသေးတယ်။

 

Arslan ဟာ အသက်မသေဆုံးခင်မှာ သူ့ခံစားချက်တွေကို ဇနီးသည်အတွက် ချန်သွားပါသေးတယ်။ သူနဲ့သူ့ဇနီးသည် Ekaterina 'Katya' Pyatyzhkina တို့ စကားများရန်ဖြစ်တုန်းက Arslan က Ekaterina ကို ရိုက်နှက်ခဲ့မိတယ်။ အဲ့ဒီနောက် ဇနီးဖြစ်သူက သူနဲ့ကွာရှင်းပြီး တခြားတစ်ယောက်နောက် ပါသွားပါတော့တယ်။ သူ့ရဲ့ဇနီးသည် Ekaterina ကလည်း နာမည်ကြီး YouTuber တစ်ဦးပါပဲ။

 

ဗီဒီယိုထဲမှာတော့ Arslan က မြွေကိုက်ခံလိုက်ရပုံကို မပြပါဘူး။ ထိုင်ရာက ထသွားပြီး ပြန်လာချိန်မှာတော့ လက်မှာ သွေးစို့နေတဲ့ မြွေကိုက်ရာကို ပြသခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့အမူအရာတွေက ထုံထိုင်းလေးလံနေပြီး အဆိပ်တက်လာပုံပါပဲ။

"ကျွန်တော် သူ့ကိုသိပ်ချစ်ခဲ့တယ်လို့ Katya ကို ပြောပေးကြပါ" ဆိုတဲ့ စကားနဲ့အတူ ဇနီးဟောင်းရဲ့ ဖုန်းနံပတ်ကိုပါ ရွတ်ပြသွားပါတယ်။ ဗီဒီယိုကို ကြည့်နေသူတစ်ဦးက လူနာတင်ယာဉ်ကို ဖုန်းဆက်အကြောင်းကြားပေးခဲ့ပေမဲ့ လူနာတင်ကားရောက်လာချိန်မှာတော့ Arslan ကတော့ အသက်မရှိတော့ပါဘူး။

Arslan ရဲ့ သူငယ်ချင်းတစ်ဦးကတော့ သူ့သူငယ်ချင်း Arslan ဟာ ခုလိုမျိုး ဘဝကို အဆုံးစီရင်ဖို့ မတန်ဘူးလို့ ဝမ်းနည်းစွာနဲ့ ဆိုပါတယ်။ သူငယ်ချင်း Arslan ဟာ မြွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူဖြစ်ကာ အဆိပ်ပြင်းမြွေတွေနဲ့ နှစ် ၂၀ အတူနေထိုင်လာတာမို့ မတော်တဆ အကိုက်ခံလိုက်ရတာမဟုတ်ဘဲ တမင်သက်သက် အကိုက်ခံခဲ့တာသာဖြစ်ရမယ်လို့ သူက ပြောပါတယ်။

 

သူအသည်းကွဲနေတဲ့အကြောင်းကိုလည်း ရှေ့ရက်က video မှာ ပြောသွားခဲ့တာကြောင့် တမင် မြွေကိုက်ခံခဲ့တာ ဖြစ်ရမယ်လို့ ယူဆရပါတယ်။ သူ့ဇနီးဟောင်းကတော့ ဗီဒီယိုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးတာမျိုး မလုပ်သေးပါဘူး။

Source : Mail Online

Share

Loading Next Article...
က္က