ဖေ့စ်ဘုတ်မှာ Single လို့ ပြောင်းလိုက်ဦး။

ချစ်သူနဲ့လမ်းခွဲရတယ်ဆိုတာ ဘယ်တုန်းကမှ လွယ်ကူတဲ့အရာတော့ မဟုတ်ဘူး။ အမြဲတမ်း ခက်ခဲပင်ပန်းတယ်၊ နာကျင်ဝမ်းနည်းရတယ်။ စိတ်ရှုပ်စရာတွေနဲ့ စိတ်ဓာတ်ကျတဲ့အထိလည်းဖြစ်သွားနိုင်တယ်။ နှစ်တွေအကြာကြီး ချစ်လာပြီးမှ ရုတ်တရက်လမ်းခွဲလိုက်ရတဲ့အခါ ဆောက်တည်ရာမရလောက်အောင် ဖြစ်ရတယ်။ ဒီလိုအခြေအနေမျိုးမှာ အဆင်ပြေအောင်နေဖို့အတွက်တော့ အကြံဉာဏ်အချို့ ပေးလိုက်ပါတယ်။

 

၁။ ပြန်လွတ်လပ်သွားပြီ

ကိုယ့်ဗီရိုထဲကို ပြန်ကြည့်လိုက်ဦး၊ သူ့အကြိုက်ဝတ်ခဲ့ရတာတွေချည်းပဲ ပြည့်နေတယ်မို့လား။ ကိုယ့်စိတ်ကြိုက် လှလှပပလေး နေခွင့်ရသွားပြီလို့တွေးပါ။ ကိုယ်ကြိုက်တဲ့ ဖက်ရှင်ကိုဝတ်ပြီး လန်းလို့ရသွားပြီ။ ဒါကြောင့်မို့လို့လည်း မိန်းကလေးတွေက အသည်းကွဲပြီးရင် ပိုပိုလန်းလာတာ။

၂။ ကိုယ့်ရဲ့ဆွဲဆောင်မှု

502017109_univ_lsr_xl.jpg 

အရင်တုန်းက ကိုယ့်မှာ ရည်းစားငုတ်တုတ်ရှိနေလို့သာ ကောင်လေးတွေက အနားမကပ်ရဲတာ။ ပြတ်သွားပြီဆိုတာသိရင် ကိုယ့်နားက ခွာကြတော့မှာမဟုတ်ဘူး။ အဲ့လိုလူတွေထဲမှာ ကိုယ့်ကို ချစ်နေသူတွေ၊ ရင်းရင်းနှီးနှီးခင်ချင်သူတွေ အများကြီးပါပဲ။ ရည်းစားရှိနေတုန်းတော့ သူတို့နဲ့ ပတ်သက်ဖို့ မသင့်တော်ပေမဲ့ ခု ကိုယ်က လူလွတ်ဖြစ်သွားပြီလေ။ Facebook မှာ RS ဆိုတာကိုဖြုတ်ပြီး Single လို့ ပြောင်းလိုက်တော့။

၃။ အားကစားနဲ့အစားအသောက်

စိတ်ထိခိုက်နေချိန်မှာ လူက အနေအထိုင်အစားအသောက်လည်း မမှန်တော့ဘူး။ ကျန်းမာရေးဂရုစိုက်ပါ။ စိတ်ညစ်နေတာတွေ သက်သာအောင် အားကစားတစ်ခုခုလုပ်ပါ၊ Gym သွားပါ။ စိတ်ညစ်လို့ပိုစားတာမျိုး မဖြစ်ပါစေနဲ့။

၄။ သူငယ်ချင်းတွေနဲ့ Date

GNO_1920.jpg 

အရင်တုန်းကဆို မလွတ်လပ်ဘူး။ ဟိုမသွားရ ဒီမသွားရနဲ့။ ခုတော့ လွတ်လပ်သူဘဝ ပြန်ရောက်ပြီဆိုတော့ ဘော်ဒါအပေါင်းအသင်းတွေနဲ့ စိတ်ကြိုက်လျှောက်လှိမ့်လို့ရပြီ။

၅။ ခရီးသွားပါ

ခရီးထွက်ခြင်းက စိတ်ကိုအားဖြည့်ပေးပါတယ်။ နေရာသစ် အတွေ့အကြုံသစ်တွေက ကိုယ့်အတွက် ဗီတာမင်တွေပါ။

 

၆။ စာရေးစာဖတ်

WomanKissingSkypeCall.jpg 

ဘယ်မှမသွားချင်ဘူးဆိုလည်း အခန်းထဲမှာနေပြီး ရုပ်ရှင်ကြည့်ပါ။ စာတွေဖတ်ပါ။ ပြီးရင် ကိုယ့်အမြင်တွေကို လူမှုကွန်ရက်တွေ၊ ဘလော့တွေမှာ မျှဝေပါ။ ကိုယ့်အတွက် ဝါသနာကောင်းတစ်ခုလည်း ရလာမှာ အသေအချာပါပဲ။

Share

Loading Next Article...
က္က