ကိုယ်နဲ့သိတဲ့လူတွေကို Mention ခေါ်ပြလိုက်ပါဦး။

လူတစ်ယောက်ရဲ့ နာမည်ဟာ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်လေးတွေကို ဖော်ပြလေ့ရှိတယ်လို့ ယုံပါရဲ့လား။ ဥပမာ သူ့နာမည်က Su Su ဆိုရင် နာမည်အစ စာလုံးက S ပေါ့နော်။ သူ့ရဲ့နာမည်အစစာလုံး ဒါမှမဟုတ် ကိုယ်သိချင်တဲ့လူရဲ့ နာမည်အစစာလုံးကိုကြည့်ပြီး သူက ဘယ်လိုလူမျိုးလဲဆိုတာ အကဲခတ်ကြည့်ရအောင်ပါ။

A, H, I, O, Y

 

ဂျိုကာနဲ့တူတဲ့လူတွေပါ။ လူတိုင်းကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သူတွေပေါ့။ ဒါပေမဲ့ သူတို့ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေ တခြားစိတ်ခံစားချက်တွေကို ဘယ်သူမှမသိအောင် ကြိတ်ခံစားပြီး ကိုယ့်ကြောင့် သူများစိတ်မညစ်အောင် နေတတ်ကြသူတွေဖြစ်တယ်။ အမြဲတမ်းပျော်ပျော်နေပြတတ်တော့ လူချစ်လူခင်ပေါတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ရင် ကံကောင်းတယ်။ အချစ်ရေးမှာ ကျန်ရစ်ဖြစ်ခဲ့ရတာများတယ်။ စိတ်ခံစားလွယ်တဲ့အထဲမှာလည်း ပါတယ်။

see also 

B, C, L, M, N

 

သူတို့ကျတော့ လက်ဆောင်ဘူးနဲ့တူတယ်။ အထဲမှာ ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းဖို့မလွယ်ဘူး။ သူတို့ရဲ့စိတ်နေစိတ်ထားကိုလည်း တော်ရုံနဲ့မသိရဘူး။ မသိရအောင်လည်းနေတယ်။ ရုပ်မချောတာတောင် ဆွဲဆောင်မှုရှိကြသူတွေပါ။ တစ်ယောက်တည်းနေတတ်ကြတယ်။ အချစ်ရေးမှာတော့ ကိုယ့်စိတ်ကိုယ်တောင် သေသေချာချာမသိလို့ ပြဿနာတွေ အခက်အခဲတွေကြုံရလေ့ရှိတယ်။ အလုပ်ကြိုးစားပေမဲ့ အလုပ်ကံက သိပ်မကောင်းတတ်ကြဘူး။

J, K, R, T

 

သူတို့ဟာ ပင်လယ်နဲ့တူတယ်။ ပြီးပြည့်စုံခြင်းတွေနဲ့ ပြည့်နှက်နေတဲ့သဘောရှိတယ်။ ကံအကောင်းဆုံးလူတွေလို့လည်း ပြောလို့ရတယ်။ လျှို့ဝှက်ချက်နဲ့ မာယာကြွယ်သူတွေလည်းဖြစ်တယ်။ အားမနာတတ်ဘူး။ မဟုတ်မခံစိတ်ရှိသူတွေ။ အချစ်ရေးမှာ ဦးနှောက်နဲ့နှလုံးသားကို အကန့်ခွဲထားနိုင်ကြတာက သူတို့ရဲ့စူပါ ပါဝါပဲ။ ဝန်ထမ်းဘဝမှာ မပျော်မွေ့ဘဲ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်ကြသူတွေပါ။ တည်ငြိမ်ရင့်ကျက်တဲ့အသွင်ကြောင့် လူအထင်ကြီးတာလည်း ခံရတယ်။

D, E, P, Z

 

ဒီလိုနာမည်အစ စာလုံးရှိသူတွေကို ကုလားထိုင်နဲ့တူတဲ့လူတွေလို့ ဆိုကြတယ်။ ဆိုလိုတာက တစ်ယောက်တည်းနေပြီး အေးဆေးတည်ငြိမ်ကြသူတွေပေါ့။ လွတ်လပ်မှုကို မြတ်နိုးတယ်။ ကိုယ့်ကိုယ်ကိုယ်ထက် တခြားအရာတွေကိုချစ်ဖို့ စိတ်မဝင်စားဘူး။ ဇိမ်ကျကျနေရတာ သဘောကျတယ်။ အကောင်းဆုံးဆိုတာတွေကမှ လိုချင်တယ်။ စကားနည်းပေမဲ့ ဆုံးဖြတ်ချက်ခိုင်မာတယ်။ မိသားစုပတ်ဝန်းကျင်မှာ သြဇာအာဏာညောင်းတယ်။ အလုပ်ကိုလည်း အေးအေးဆေးဆေးလုပ်ရတာမျိုးပဲ လုပ်ချင်ကြသူတွေပါ။ အချစ်ရေးကျတော့ မြဲတာရှားတယ်။ ချစ်ပြီးရင်း ချစ်ရင်း ဖြစ်နေတတ်တာ။

 

F, G, S, U

 

စာကလေးနဲ့တူတဲ့လူတွေပါ။ ပိကျိပိကျိနဲ့ အရမ်းစကားများတယ်။ စကားလည်း အရမ်းတတ်တယ်။ ရုပ်မချောလည်း ချစ်စရာကောင်းနေတာ။ အမြဲလိုလို ဟာသတွေလုပ်တယ်၊ ဟာသတွေပြောတယ်။ စိတ်ဆိုးစိတ်ကောက်လွယ်သလားမမေးနဲ့။ ဒါပေမဲ့ ပြန်ချော့ရင်လည်း ခဏလေးနဲ့ပြေရော။ အလုပ်တစ်ခုတည်းမှာ အချိန်ကြာကြာလုပ်ရတာနည်းတယ်။ ဘယ်အလုပ်မှာမဆို ကြိုးကြိုးစားစားလုပ်ချင်စိတ်တော့ အပြည့်ရှိတယ်။ အချစ်ရေးမှာတော့ စိတ်ကူးယဉ်ဆန်လွန်းကြသူတွေပါ။ ကိုယ့်ကို ဖူးဖူးမှုတ်ချစ်ပြ၊ ကြင်နာယုယပေးနိုင်တဲ့လူကိုမှ ချစ်ချင်တယ်။ ကိုယ်ကလည်း ချစ်သူကို အရိပ်တကြည့်ကြည့်နဲ့ မြတ်နိုးတတ်တဲ့ ရိုမန့်တစ်အဆန်ဆုံးလူတွေ ဖြစ်ပါသတဲ့။

Share

Loading Next Article...
က္က