အချစ်ဆိုတာ ရင်ခုန်ခြင်းက စတာပဲလား၊ မြင်မြင်ချင်း ချစ်မိသွားတာလား။ မေးခွန်းတွေကလည်း အများကြီး ၊ အဖြေတွေကလည်းမျိုးစုံ။ ဒီမေးခွန်းတွေထဲမှာ ကိုယ်ကိုယ်တိုင် မကွဲပြားတဲ့အရာကတော့ လူကိုချစ်တာလား၊ ခန္ဓာကိုယ်ကိုလား ဆိုတာပါပဲ။ လူကိုချစ်လို့ ခန္ဓာကိုယ်ကိုချစ်တာမျိုးသာ ဖြစ်သင့်ပေမဲ့ တပ်မက်မှုတွေများနေတဲ့အချစ်ဟာ ရေရှည်မြဲမှာမဟုတ်ပါဘူး။

၁။ ရယူတာနဲ့ပေးဆပ်တာ

Love-vs-Lust-How-to-Tell-the-Difference_510772996-nd3000-760x506.jpg 

ချစ်ရင်တော့ ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ ဒါက ချစ်ရတဲ့လူကို မဆုံးရှုံးချင်တာ။ အဲ့ဒီတော့ သူ့ကို ကိုယ်ဘယ်လောက်ချစ်ကြောင်း နည်းမျိုးစုံနဲ့ပြသတယ်။ သူပျော်အောင်ထားပေးတယ်။ အချစ်မပါဘဲ တပ်မက်မှုသက်သက်ဆိုရင်တော့ သူ့ဘက်ကိုမကြည့်ဘူး။ ကိုယ်ဖြစ်ချင်တာပဲဦးစားပေးတယ်။ တစ်ကိုယ်ကောင်းဆန်တယ်။

see also 

၂။ အိပ်ရာပေါ်သွားဖို့

ချစ်တယ်ဆိုရင်တော့ လိင်ကိစ္စကတော့ အနှေးနဲ့အမြန်ဆိုသလို ပါလာတာပါပဲ။ ဒါပေမဲ့ တခြားကိစ္စတွေထက် ဒီကိစ္စကိုပဲ အရင်ဆုံးတွေးနေရင်တော့ ချစ်တာမှမဟုတ်တာ။ ခန္ဓာကိုယ်ကို တပ်မက်နေတာဆိုတော့ လိင်မှုရေးရာတွေပဲ စိတ်ဝင်စားတယ်။ စိတ်ခံစားချက်တွေ ဖလှယ်ရမယ့်အစား အိပ်ရာပေါ်သွားဖို့ပဲ တွေးနေမိတယ်ဆိုရင်တော့ ချစ်တာမဟုတ်ဘဲ တပ်မက်တာသက်သက်ပါပဲ။ ဒီလိုဆိုတော့ ချစ်သူကို တန်ဖိုးမထားရာလည်းရောက်တယ်။

၃။ အရှိကို အရှိတိုင်း

Love-vs-Lust-How-to-Tell-the-Difference_705167008-4-PM-production-760x506.jpg 

ထမီနဲ့လက်ရှည်အကျႌလေးဝတ်ထားမှ၊ ဆံပင်ရှည်မှ ချစ်တယ်ဆိုတာမျိုးက မဖြစ်သင့်ဘူး။ အပေါ်ယံတွေကို တပ်မက်လွန်းနေတာ။ အရှိကို အရှိအတိုင်းလေး ချစ်မှ ချစ်တယ်လို့ခေါ်တာ။

 

၄။ ခံစားချက်တွေမျှဝေဖြစ်လား

စိတ်ညစ်မှ ရင်ဖွင့်တာမဟုတ်ဘူး၊ ပျော်စရာရှိလာရင်ရော သူ့ကို ပြောပြဖြစ်လား။ သူကရော ကိုယ့်လိုပဲ ခံစားချက်တွေ မျှဝေသလား။ လူတစ်ယောက်ကိုချစ်တယ်ဆိုရင် အပြန်အလှန်ဖေးမကူညီတာတွေ ခံစားချက်တွေမျှဝေတာတွေ လုပ်ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့လည်း နားလည်လာမယ်၊ သံယောဇဉ်တွေ တိုးလာမှာအမှန်ပဲ။ ဒါတွေမလုပ်မှတော့ ဘယ်လိုလုပ်ချစ်သူတွေလို့ ပြောလို့ရမလဲ။

၅။ နှစ်ဘက်အသိုင်းအဝိုင်း

Love-vs-Lust-How-to-Tell-the-Difference_623793587-bbernard-760x506.jpg 

သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုဝင်တွေကရော အပြန်အလှန် သိကြရဲ့လား။ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို အသိမပေးနိုင်တဲ့၊ အသိပေးစရာမလိုတဲ့အချစ်ဆိုတာ အပျော်တွဲတာနဲ့ပဲ တူနေမှာ။ အလေးထားစရာမလိုဘူးလို့ တွေးနေလို့သာ မိတ်ဆက်မပေးတာပေါ့။ တကယ်ချစ်ရင် မိတ်လည်းဆက်ပေးတယ်၊ သူ့ဘက်က အသိုင်းအဝိုင်းကိုလည်း အဆင်ပြေအောင် သည်းခံပေါင်းပေးတတ်တယ်။

Source : RD

Share

Loading Next Article...
က္က