လူတစ်ယောက် အိပ်စက်ပုံကို ကြည့်ပြီးလည်း သူ့ရဲ့စိတ်နေစိတ်ထားကို ခန့့်မှန်းကြည့်လို့ ရပါတယ်။

လူတစ်ယောက်ရဲ့ စကားပြောဟန်၊ စကားသံနဲ့ ပြုမူဆက်ဆံပုံတွေကိုပဲ ကြည့်ပြီး သူ့ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းလို့ရတာ မဟုတ်ပါဘူး။ လူတစ်ယောက် အိပ်စက်ပုံကို ကြည့်ပြီးလည်း သူ့ရဲ့စိတ်နေစိတ်ထားကို ခန့့်မှန်းကြည့်လို့ ရပါတယ်။ ဒီအချက်အလက် တွေကလည်း သိပ္ပံနည်းကျ သုတေသနတွေက ရရှိတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

၁။ ကလေးအိပ်သလို ကွေးကွေးလေးအိပ်မယ်

02-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

"လူအများက အိပ်နေချိန်မှာ မိခင်ဝမ်းဗိုက်ထဲမှာ နေတုံးက ကလေးလေးခွေနေသလိုမျိုး ကွေးကွေးလေးအိပ်ရခြင်း အကြောင်းရင်းက အဲဒီလိုအိပ်ရင် သူတို့ကို စိတ်လုံခြုံမှု ပေးစွမ်းနိုင်လို့ပါပဲ" လို့ Somnium Bed ရဲ့ ဒီဇိုင်နာ Susanne Flother ကဆိုပါတယ်။ ၂၀၁၃ ခုနှစ်တုံးက သုတေသနတစ်ခုအရဆိုရင် ဒီပုံစံက လူသုံးအများဆုံး အိပ်စက်ခြင်းပုံစံပါပဲတဲ့။ နောက်ပြီး ဒီလိုမျိုး အိပ်စက်တတ်သူတွေကလည်း ကိစ္စတိုင်းမှာ ထိလွယ်ရှလွယ်ဖြစ် (sensitive) ဖို့လည်း လွယ်ကူပါသတဲ့။

၂။ သစ်တုံးကြီးလို ခြေတွေလက်တွေကို တောင့်တောင့်ကြီးထားပြီး အိပ်မယ်

03-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

Dr. Idzikowski ကတော့ လက်တွေကို ခန္ဓာကိုယ်ဘေးမှာ ကပ်ထားပြီး ဘေးတစောင်းအိပ်တဲ့ပုံစံကို သစ်တုံးကြီးလို အိပ်စက်တယ်လို့ နာမည်ပေးထားပါတယ်။ တကယ်လို့ စာဖတ်သူကိုယ်တိုင် ဒီလိုအိပ်နေမိပြီဆိုရင်တော့ သင်ဟာ ပေါ့ပေါ့ပါးပါးနေတတ်သူ၊ ဆိုရှယ်ကျသူ၊ သူစိမ်းတွေကို အလွယ်တကူယုံကြည်တတ်သူ လို့ အဓိပ္ပာယ်ရနေပါသတဲ့။ တစ်နည်းအားဖြင့် ယုံလွယ်သူတစ်ဦးပါ။

၃။ လက်တွေကို ဘေးကိုဆန့်ထုတ်ထားပြီး ခန္ဓာကိုယ်ကိုတော့ တောင့်တောင့်ကြီးနေမယ်

04-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

ဒီပုံစံကိုတော့ ဆေးပညာအခေါ် "yearning log" ပုံစံလို့ခေါ်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းကို သစ်တုံးကြီးလို တဖြောင့်တည်း ထားထားပေမယ့် လက် (၂) ဖက်ကတော့ ဘေးကိုဆန့်ထုတ်ပြီး တစ်ခုခုကို ယောင်ရမ်းတမ်းတနေသလို ပုံစံမျိုးပါ။ ဒီလိုပုံစံမျိုးနဲ့ အိပ်စက်တတ်သူတွေဟာလည်း ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် မတူတာတစ်ခုက လူတွေကို အရမ်းကြီး ယုံမလွယ်တတ်ပါဘူး။ တစ်ခုခုကို ဆုံးဖြတ်ချက်ချဖို့အတွက် တွေဝေတွန့်ဆုတ်တတ်ပေမယ့် ဆုံးဖြတ်ပြီးရင်လည်း ပြန်ပြင်လေ့မရှိပါဘူး။

၄။ ဘယ်ဘက်စောင်းအိပ်မှာလား/ ညာဘက်စောင်းအိပ်မှာလား

ဘေးတစောင်း အိပ်တတ်သူတွေအတွက် မေးခွန်းတစ်ခုကတော့ ဘယ်ဘက်စောင်းအိပ်မှာလား/ ညာဘက်စောင်းအိပ်မှာလား ဆိုတာပါပဲ။ ဗြိတိန်သုတေသန တစ်ခုအရတော့ ခန္ဓာကိုယ်ဘယ်ဘက်ကို ဘေးတစောင်းထားပြီး အိပ်တတ်သူတွေက မားကက်တင်းနဲ့ ကြော်ငြာလုပ်ငန်းမှာ လုပ်ငန်းတတ်သူတွေဖြစ်ပြီး အသက် (၄၅) ဝန်းကျင်ရှိသလို ဘွဲ့ရပညာတတ်တွေလည်း ဖြစ်ပါသတဲ့။ ညာဘက်စောင်းအိပ်တတ်သူတွေကတော့ အသက် (၃၅) ဝန်းကျင်၊ သယ်ယူပို့ဆောင်ရေးနဲ့ ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်သူတွေ ဖြစ်ပါသတဲ့။ သူတို့ဟာ ဆေးလိပ်နဲ့ ကဖင်းဓာတ်ကိုလည်း နှစ်သက်ကြပါသတဲ့။

See also: 

၅။ မှောက်ခုံကြီး အိပ်မယ်

07-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

ဝမ်းဗိုက်နဲ့ မွေ့ယာကို တစ်သားတည်းကပ်ထားပြီး ခေါင်းအုံးပျော့ပျော့လေးထဲမှာ မျက်နှာကိုနှစ်မြှုပ်ပြီး အိပ်တတ်သူတွေကတော့ ရှားပါတယ်။ ကျွမ်းကျင်သူတွေကတော့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ရင်သားကြီးတဲ့ အမျိုးသမီးတွေကို ဒီလိုအိပ်စက်ခြင်း မပြုဖို့ တိုက်တွန်းထားပါတယ်။ နောက်ပြီး ခါးနာတတ်သူ၊ ဇက်ကြောတက်တတ်သူတွေဆိုရင်လည်း ဒီလိုမျိုး မအိပ်စက်သင့်ပါဘူးတဲ့။

ဘာလို့လဲဆိုတော့ ဒီလိုပံုံစံ အိပ်စက်ခြင်းက ခါးနာခြင်းကို ဖြစ်စေနိုင်လို့ပါပဲတဲ့။ သုတေသနတွေအရတော့ ဒီလိုပုံစံ အိပ်စက်တတ်သူတွေဟာ အသက် (၄၅) ဝန်းကျင် စိုက်ပျိုးရေးသမားတွေ (သို့) အရက်အလွန်အကျွံ သောက်သုံးတတ်သူတွေပဲ ဖြစ်ပါသတဲ့။ ဒါပေမယ့် Dr. Idzikowski ရဲ့ အဆိုအရတော့ မှောက်ခုံအိပ်တတ်ပေမယ့် မျက်နှာကို တစ်ဖက်စောင်းပြီး လက်ထဲမှာလည်း ခေါင်းအုံးတစ်လုံးကို ပွေ့ဖက်ထားတတ်တယ် ဆိုရင်တော့ ဖော်ရွေတတ်သူ၊ အပေါင်းအသင်းမင်သူတစ်ဦးပါတဲ့။ ဒါပေမယ့် ကိုယ့်ကို ဝေဖန်စမ်းစစ်လာတာတွေကိုတော့ မနှစ်သက်ပါဘူးတဲ့။

၆။ ပက်လက်လှန်အိပ်မယ်

08-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg

Sealy ရဲ့ သုတေသနအရတော့ ပက်လက်လှန် အိပ်စက်တတ်သူတွေ ပို့ဆောင်ရေးနဲ့ ထောက်ပို့ဘက်မှာ အလုပ်လုပ်ကိုင်သူတွေ များပါတယ်တဲ့။ နောက်ပြီး ဒီလိုအိပ်တဲ့အတွက် နိုးလာချိန်မှာ လန်းဆန်းတက်ကြွသလို ခံစားရပါတယ်တဲ့။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတာ တစ်ခုက လူငယ်လူရွယ်အများစုကပဲ ဒီလိုပုံစံ အိပ်တတ်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ပက်လက်လှန်အိပ်ရင် လည်ချောင်းနဲ့ လေပြွန်လမ်းကြောင်းက ပိုမိုကျဉ်းမြောင်းလာပြီး အိပ်နေစဉ် ဟောက်သံကို ပိုမိုကျယ်လောင်စေပါတယ်။

Source: Reader's Digest

 

Share

Loading Next Article...
က္က