စနိုက်ကြော်တွေ ရေလိုပေါတဲ့ လောကကြီးမှာ ကိုယ့်လူကိုယ် နိုင်အောင်ထိန်းတတ်ဖို့နဲ့ ကိုယ်ကိုယ်တိုင် အရှောင်အတိမ်းကျွမ်းဖို့က ခေတ်သစ်ပျိုမေတွေ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရသ (၁၈) ရပ်မှာ ပါဝင်လာပါတယ်။

၂၁ ရာစု သားပျို၊ သမီးပျိုတွေရဲ့ နိစ္စဓူဝ ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲမှာ သမီးရည်းစားရေးရာကလည်း တစ်ခု အပါအဝင်ပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားပူမိရတာနဲ့၊ အသည်းကွဲလို့ ရှပ်ကီထုရတာနဲ့... သမီးရည်းစားဆိုင်ရာ ပြဿနာလေးတွေကလည်း လိုက်မမီနိုင်လောက်အောင် ရှုပ်ထွေးလာပါတယ်။

 

ဒါပေမယ့် သမီးရည်းစားတွေ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းအခြေခံတွေကတော့ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း သိပ်တော့ ကွဲပြားမသွားသေးပါဘူး။ ပြဿနာ ရင်းမြစ်ကို သိပြီဆိုရင် ဖြေရှင်းနည်းကိုလည်း ရှှာတွေ့နိုင်မှာပဲ မဟုတ်ပါလား။

၁။ နားထောင်တတ်ဖို့ ကြိုးစားကြည့်ပါ

21.jpg 

ကိုယ့်ဘက်က ဘာတွေပေးဆပ်ခဲ့ရတာတွေ၊ ကိုယ်ဘာတွေ ဘယ်လိုခံစားနေရတာတွေက မိမိချစ်သူနဲ့ စကားများ ရန်ဖြစ်နေချိန်မှာ ခေါင်းထဲကို ပထမဆုံးရောက်လာမယ့် အကြောင်းအရာတွေပါပဲ။ ဒါပေမယ့် ပြဿနာကို ပါးပါးနပ်နပ် ကိုင်တွယ်တတ်ချင်တယ် ဆိုရင်တော့ မိမိချစ်သူရဲ့ ရှုထောင့်ကို မြင်ကြည့်ဖို့၊ သူ့ခံစားချက်တွေကို နားထောင်ပေးဖို့ ကြိုးစားကြည့်ပါ။

သမီးရည်းစားပြဿနာတွေ ပြန်ညှိမရအောင် ကြီးမားသွားရခြင်းရဲ့ အကြောင်းရင်းအများစုက ကိုယ်ကချည်းပဲ ပြောဖို့စဉ်းစားနေပြီး တစ်ဖက်လူရဲ့ ခံစားချက်ကို နားထောင်ပေးဖို့ ပျက်ကွက်တတ်ကြတာက အဓိကနေရာက ပါဝင်ပါတယ်။ ကိုယ်ဘယ်လောက်ပဲ ချစ်ချစ်၊ ကိုယ့်ကို ဥပေက္ခာပြုနေတယ်လို့ ခံစားရရင် ချစ်တာတွေကို မေ့ပြီး လမ်းခွဲလိုက်ဖို့ ဆုံးဖြတ်မိကြမှာပါပဲ။ ဒါကြောင့် ပိုပြီးနားထောင်တတ်ဖို့ ကြိုးစားကြည့့်ပါ။

၂။ သစ္စာရှိတတ်ပါစေ

10.jpg 

စနိုက်ကြော်တွေ ရေလိုပေါတဲ့ လောကကြီးမှာ ကိုယ့်လူကိုယ် နိုင်အောင်ထိန်းတတ်ဖို့နဲ့ ကိုယ်ကိုယ်တိုင် အရှောင်အတိမ်းကျွမ်းဖို့က ခေတ်သစ်ပျိုမေတွေ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရသ (၁၈) ရပ်မှာ ပါဝင်လာပါတယ်။ တကယ်တော့ အပျော်ရှာတုံးကတော့ စိတ်အလိုလိုက်ပြီး အပျော်ရှာမိပေမယ့် တစ်ဖက်လူက ရိပ်မိသွားတဲ့အချိန်မှာ ပြဿနာ သေချာပေါက်တက်ကြမှာပါပဲ။

ဒီတော့ အကောင်းဆုံးဖြေရှင်းနည်းကတော့ တစ်ယောက်ကိုယ်တစ်ယောက် သစ္စာရှိကြဖို့ပါပဲ။ လက်တွဲဖော် သစ္စာဖောက်လို့ ပြဿနာတက်ရတာတွေက နှစ်ဦးကြားက ဆက်ဆံရေးကို အဆိုးဝါးဆုံး ထိခိုက်စေနိုင်တဲ့အပြင် နှစ်ဖက်စလုံး အသည်းကွဲရပါတယ်။  ခဏတာ စိတ်အလိုလိုက်မိရင်တောင် ကိုယ်ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ကို ထိခိုက်နာကျင်စေချင်မှာ မဟုတ်တဲ့အတွက် ဒီကိစ္စမျိုးကို လုံးဝအဖြစ်မခံသင့်ပါဘူး။

ဆွဲဆောင်မှုအားကောင်းတဲ့ လူတစ်ယောက်ဖြစ်လိုတယ်ဆိုရင်

၃။ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို လက်ခံနိုင်ရပါမယ်

22.jpg 

"မြစ်တစ်ခုမှာ နှစ်ကြိမ်ရေချိုးလို့မရ" ဆိုတဲ့ ဒဿနဆန်ဆန်စကားလေးတစ်ခွန်းတောင် ရှိပါသေးတယ်။ ဆိုလိုရင်းကတော့ အရာရာတိုင်းဟာ အမြဲပြောင်းလဲနေပါတယ်တဲ့။ အဲဒီထဲမှာ လူသားတွေရဲ့ ခန္ဓာကိုယ် အချိုးအစားလည်း ပါဝင်နေနိုင်ပါတယ်။ စကြိုက်စဉ်က Six pack နဲ့ ဘာနဲ့ ဖြစ်ချင်ဖြစ်နေပေမယ့် ကိုယ်နဲ့တွဲပြီးမှ ဘီယာဗိုက်တစ်လုံး ထွက်လာတာကိုလည်း လက်သင့်ခံနိုင်ရပါမယ်။

ဘာပဲပြောပြော ကိုယ့်အပေါ်ထားတဲ့ သဘောထားလေး မပြောင်းမလဲရှိနေတာကိုပဲ ကျေးဇူးတင်ရမှာ မဟုတ်ပါလား။ တကယ်လို့ "မိမိဘယ်လိုမှ လက်မခံနိုင်ပါ" ဆိုရင်လည်း ပြောင်းလဲလာချင်အောင် စည်းရုံးယူကြည့်ပါ။ မဖြစ်နိုင်ဘူးဆိုရင်လည်း အရမ်းကြီး push မလုပ်မိပါစေနဲ့။

၄။ ငွေရေးကြေးရေးကိစ္စ အရှုပ်အရှင်းကင်းပါစေ

27.jpg 

သမီးရည်းစားတွေ အဆင်မပြေဖြစ်ရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ငွေရေးကြေးရေးကိစ္စပါပဲ။ Anniversary (နှစ်ပတ်လည်) တို့၊ မွေးနေ့တို့မှာ အရမ်းတန်ဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းတွေ ပေးတာ/ ရတာကို အကျင့်မလုပ်ထားပါနဲ့။

လူဆိုတာ အမြဲတမ်းအဆင်ပြေနိုင်မှာမဟုတ်တဲ့အတွက် တန်ဖိုးကြီးလက်ဆောင်တွေ မပေးနိုင်တော့တဲ့အခါ ဒါဟာ အချင်းချင်းကြားမှာ ပြဿနာတစ်ခု ဖြစ်လာပါလိမ့်မယ်။ နောက်တစ်ခုက တစ်ယောက်က ပိုက်ဆံဒိုင်ခံရှာပြီး နောက်တစ်ယောက်က ထိုင်ဖြုန်းတာမျိုးလည်း မဖြစ်ပါစေနဲ့။

Source: nypost

 

Share

Loading Next Article...
က္က