လွန်ခဲ့တဲ့ ၆ လတည်းက တခြားမိန်းမနှစ်ယောက်နဲ့ ဖောက်ပြန်နေခဲ့တယ်လို့ ဝန်ခံတယ်။

အချိန်က မနက် ၂ နာရီခွဲ ၊ ကမ်းဘရစ်ချ် MA က ဘားတစ်ခုရဲ့ အပြင်က ကားထဲမှာ ကျွန်မနဲ့ ကျွန်မယောက်ျား ထိုင်နေတုန်း ကျွန်မယောက်ျားက ပြောလာတယ်။ " ငါတို့ အိမ်ထောင်ရေး ဘယ်လိုမှ ရှေ့ဆက်လို့ရတော့မယ်မထင်ဘူး" တဲ့။ အဲ့ဒီမတိုင်ခင် တစ်နာရီလောက်က ကျွန်မ သူ့ရဲ့ဖုန်းကို ယူကြည့်ခဲ့သေးတယ်။ တစ်ညလုံး တောက်လျှောက် ဘယ်သူ့ကိုစာတွေပို့နေတာလဲဆိုပြီး သိချင်လို့လေ။ အဲ့ဒီနောက်မှာတော့ သူဟာ လွန်ခဲ့တဲ့ ၆ လတည်းက တခြားမိန်းမနှစ်ယောက်နဲ့ ဖောက်ပြန်နေခဲ့တယ်လို့ ဝန်ခံတယ်။

 

ဒီစကားတွေဟာ Your Tango ဝက်ဘ်ဆိုက်မှာ အမျိုးသမီးတစ်ဦးက ရေးသားထားတဲ့ ကိုယ်တွေ့အဖြစ်အပျက်တွေပါ။ သူမရဲ့ အိမ်ထောင်ရေးဟာ ဖောက်ပြန်တတ်တဲ့ ယောက်ျားကြောင့် အဆုံးသတ်ခဲ့ရတယ်။ သူ့ယောက်ျားက ကွာရှင်းဖို့ ပြောလာတော့မှပဲ သူ့ယောက်ျားရဲ့ ပြောင်းလဲမှုတွေကို ပြန်စဉ်းစားမိခဲ့တယ်လေ။ သူကတော့ ယောက်ျားတွေ ဖောက်ပြန်လာပြီဆိုရင် ဒီလိုတွေ ပြောင်းလဲလာတယ်လို့ ကိုယ်တွေ့အဖြစ်အပျက်ကို ဝေငှခဲ့တယ်။

၁။ ရှိုးထုတ်လာတယ်

17.jpg 

ယောက်ျားတစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် နေတာ ဘာအပြစ်မှမရှိဘူး။ ဒါပေမဲ့ အရင်တုန်းက ဖြစ်သလိုနေတဲ့ ယောက်ျားက Gym သွားပြီး လေ့ကျင့်ခန်းတွေလုပ်လာတယ်လေ။ အရင်တုန်းက တစ်ခါမှ မလုပ်ဖူးတာတွေ လုပ်လာပြီး အရမ်းကို လှချင်ပချင်လာတာ။

၂။ ပွဲလမ်းတွေကို မခေါ်တော့ဘူး

အရင်ကဆိုရင် အလုပ်နဲ့ပတ်သက်တဲ့ ပွဲတွေကို ကိုယ်က အတူတက်ရတယ်။ နောက်တော့ သူက မခေါ်တော့ဘူး။

၃။ ဒေါသတွေ

27.jpg 

ကိုယ့်အပေါ်ကို အပြစ်တွေမြင်လာတယ်။ အလိုလိုနေရင်း ဒေါသတွေ ထွက်ပြတယ်။ ကိုယ်လုပ်သမျှအရာတွေကို သူမကြိုက်တော့ဘူး။

၄။ ပုံစံပြောင်းတယ်

ချစ်တင်းနှောချိန်တွေမှာ အရင်က မလုပ်ဖူး၊ မပြောဖူးတဲ့ အပြုအမူတွေ လုပ်လာတယ်။ ဥပမာ အမွေးတွေ မရိတ်ဘူးလားတို့ ဘာတို့ ပြောလာတယ်။ တစ်သက်လုံး မရိတ်ခဲ့တဲ့ဥစ္စာ ခုမှ ပြောပုံထောက်ရင် တခြားတစ်ယောက်နဲ့ နယ်ကျွံလာလို့ပါပဲ။

၅။ ကိုယ့်ကို အချိန်မပေးတော့ဘူး

ဆေးလိပ်၊ အရက်ကို ပိုသောက်လာတယ်။ ကိုယ့်ကို အချိန်မပေးတော့ဘူး။ ကိုယ်က စကားပြောရင်တောင် ရှောင်တတ်လာတယ်။

၆။ လျှို့ဝှက်ချက်

10.jpg 

ရုတ်တရက် ဖုန်းရဲ့ password ပြောင်းလိုက်တယ်။ အရင်တုန်းကဆို ယူကြည့်လို့ရသေးတယ်။ အခု ဖုန်းကို ကိုယ်နဲ့မခွာ ဆောင်ထားပြီး password ကိုပါ ပြောင်းလိုက်တယ်။

Source : Your Tango

Share

Loading Next Article...
က္က