ယောက်ျားလေးတွေကိုတော့ ဒီစကားတွေ မပြောဖြစ်ကြဘူး။

သိတဲ့အတိုင်းပဲ မိန်းကလေးဆိုတာမျိုးက အစားစားရင်စား ၊ မစားရင် စကားပြောနေကြတာ။ ဒါပေမဲ့ လူတိုင်းကို ပြောတာတော့ မဟုတ်ဘူး။ ပြောချင်တဲ့လူကိုမှ တတွတ်တွတ်ပြောပြီး မပြောချင်ရင် ချေမိုးနေကြသေးတာ။ စကားပြောတဲ့အခါ မိန်းကလေးချင်းပဲ ပြောလို့ရတဲ့ စကားတွေလည်း ရှိတယ်။

၁။ " သူ့ဘဲကိုကြည့်လိုက်ဦး"



ပွဲလမ်းတွေသွားပြီဆိုရင် ကိုယ်နဲ့ သိပ်မတည့်တဲ့ မိန်းကလေးသူငယ်ချင်းက သူ့ရည်းစားကို ခေါ်လာတာတွေ့တဲ့ အချိန်မျိုးမှာဆို ဘေးကလူကို လက်တို့ပြီး ပြောကြတယ်။ သူ့ဘဲက ဘယ်လိုမျိုး ပုံမလာ ပန်းမလာတာတို့ကနေ စပြီး အတင်းအုပ်တော့တာပဲ။ ဟုတ်တယ်မို့လား။

၂။ " ငါ့ထက်ပိုလှတာကျလို့"



ဒါကတော့ စနောက်လို့ပဲဖြစ်ဖြစ် ၊ မနာလိုလို့ပဲဖြစ်ဖြစ် ပြောထွက်မိကြတယ်။ ဒါပေမဲ့ ယောက်ျားလေးတွေရှေ့တော့ ဒီစကားကို လုံးဝ မပြောဘူး။ ကိုယ့်ဘေးက မိန်းကလေးသူငယ်ချင်း ၊ ညီအစ်မတွေကိုပဲ ပြောဖြစ်တာ။ ကိုယ်သဘောမကျတဲ့လူနဲ့ ကိုယ်နဲ့ဆို ကိုယ်က ပိုလှနေတာပဲ ဖြစ်ချင်တယ်။

၃။ " မိတ်ကပ်ပစ္စည်းတွေ သွားဝယ်ရအောင်"



အခုဆို မိတ်ကပ်ပစ္စည်းတွေက ဝယ်ရတာ လွယ်လာပြီ။ Beauty Diary လိုမျိုး တစ်နေရာတည်း အစုံရတဲ့ ဆိုင်တွေရော ၊ အွန်လိုင်းကနေ မှာလို့ရတာတွေရော အစုံပဲ။ Buy One, Get One Free လိုမျိုး ရှိလာပြီ ဆိုလို့ကတော့ ကိုယ့်အခင်ဆုံး မိန်းကလေးသူငယ်ချင်းကို ခေါ်တော့တာပဲ။ ဒါမျိုးကျ သိပ်စည်းလုံးတာ။

Share

Loading Next Article...
က္က