တချို့မိန်းကလေးတွေကတော့ ကိုယ့်ထက်ငယ်တဲ့ကောင်လေးတွေဆို ရင်မခုန်တတ်တဲ့ အမူအကျင့်ရှိပါတယ်။

ကိုယ့်ထက်ငယ်တဲ့ မောင်လေးတွေနဲ့ ဒိတ်ဖူးကြလား။ တချို့မိန်းကလေးတွေကတော့ ကိုယ့်ထက်ငယ်တဲ့ကောင်လေးတွေဆို ရင်မခုန်တတ်တဲ့ အမူအကျင့်ရှိပါတယ်။ တကယ်တော့ အချစ်ဆိုတာကြီးက တကယ်ကို ထူးခြားဆန်းကျယ်တဲ့အရာပါ။ ဘယ်လိုလူကိုမှ ရည်းစားတော်မယ်လို့ သန္ဓိဋ္ဌာန်တွေ ချထားပါစေ... အချစ်နဲ့ ပက်ပင်းတိုးမိတဲ့အခါမှာတော့ ဒူးထောက်လက်မြှောက် လိုက်ရတာပဲ မဟုတ်ပါလား။ တကယ်တော့ မမရဲ့မောင်လေးတွေနဲ့ ဒိတ်ရတာမှာ ကောင်းတဲ့အချက်လေးတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့...

၁။ အမျိုးသမီးတွေကို လေးစားတယ်

38.jpg 

အသက်ငယ်တဲ့ ကောင်လေးတွေဟာ မိသားစုထဲက အမျိုးသမီးတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် နေရတတ်တဲ့အတွက် (ဥပမာ... အမေ၊ အစ်မ) အမျိုးသမီးတွေအကြောင်း ပိုသိပါတယ်။ အမျိုးသမီးတွေ ဘယ်လိုအရာမျိုးကို ကြိုက်တယ်၊ ဘယ်လိုအပြုအမူမျိုးက သူတို့ကို စိတ်ရှုပ်စေတယ် စသည်ဖြင့် ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို လေးစားတဲ့ အမူအရာတွေပြပြီး ဆက်ဆံတတ်ကြပါတယ်။ ကိုယ်တင်မက ကိုယ့်အပေါင်းအသင်းတွေကိုပါ  လေးလေးစားစား ဆက်ဆံတတ်ပါလိမ့်မယ်။

၂။ နေရာတကာ ဆရာမလုပ်ဘူး

အိုပါးတွေနဲ့ မတူတဲ့အချက်က မောင်လေးတွေက သူတို့ရဲ့ မမတွေကို ဆရာမလုပ်တတ်ပါဘူး။ အချစ်ရေးမှာ တန်းတူညီမျှမှုကို လေးစားပြီး နေရာတကာ ဆရာလိုက်လုပ်တတ်တဲ့ အကျင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကလည်း မောင်လေးတွေနဲ့ ဒိတ်သင့်တဲ့ အကြောင်းတစ်ခုပဲ ဆိုပါစို့။

၃။ နားလည်မှုရှိတယ်

49.jpg 

သမီးရည်းစား ဆက်ဆံရေးတစ်ခုရဲ့ အသက်က တစ်ယောက်ပေါ်တစ်ယောက် နားလည်မှု ဘယ်လောက်ရှိလဲဆိုတာပေါ် မှီတည်နေပါတယ်။ ကိုယ့်ထက်အသက်ငယ်တဲ့ ကောင်လေးတွေဟာ ကိုယ်ပြောသမျှ စကားတိုင်းကို သင်ယူစရာအဖြစ် မှတ်ယူတတ်ပြီး ဝေဖန်စကားလို့ မယူဆတတ်ကြပါဘူး။ ဒါကြောက့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုလည်း ပိုမိုခိုင်မာနိုင်ပါတယ်။

၄။ ရန်ဖြစ်ရတာနည်းမယ်

ချာတိတ်လေးတွေက စိတ်လည်းရှည်တတ်ပါတယ်။ တစ်ခါတလေ ကိုယ်စိတ်ရှုပ်လို့ ရစ်မယ်ဆိုရင်တောင် အိုပါးတွေထက်ပိုပြီး စိတ်ရှည်နိုင်ကြပါလိမ့်မယ်။ အိုပါးတွေကို သွားဒိတ်မိရင်တော့ သူ့အလုပ်နဲ့သူ ရှုပ်နေတော့ ကိုယ်ရစ်တာကို သိပ်ခံနိုင်မှာ မဟုတ်ပါဘူး။ ကောင်လေးတွေကတော့ ရစ်တာကိုလည်း ခံနိုင်ပြီး စိတ်ရှည်သည်းခံမှု အားကောင်းကြပါလိမ့်မယ်။

၅။ ဂရုစိုက်တတ်တယ်

17.jpg 

ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှုကို ဘယ်မိန်းကလေးမဆို လိုချင်ကြမှာပါပဲ။ ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတွေက ဂရုပိုစိုက်တတ်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ချစ်သူ မမတွေ မျက်နှာမညှိုးစေဖိုု့ကို ပိုုပြီး ဂရုစိုက်ကြပါလိမ့်မယ်။ သူတို့ရဲ့ချစ်သူ ပျော်ရွှင်စေဖို့အတွက် ဘာမဆိုလုပ်ကြပါလိမ့်မယ်။

၆။ စွန့်စားလိုစိတ်ရှိတယ်

စွန့်စားလိုစိတ်ဆိုတာ ဘဝရဲ့အရသာစစ်ပါပဲ။ ဒါပေမယ့် အသက်ကြီးသူတွေကတော့ ဒီအရသာကို မေ့လျော့နေကြပါတယ်။ ဒါမှမဟုတ် စွန့်စားဖို့ကိုတောင် မအားလပ်ကြတော့ပါဘူး။ အလုပ်တွေ၊ မိသားစုတွေ၊ တာဝန်တွေနဲ့ ရှုပ်ယှက်ခတ်နေပါလိမ့်မယ်။ ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတွေကတော့ လူငယ်ပီပီ စွန့်စားလိုစိတ် အပြည့်ရှိပါလိမ့်မယ်။

တစ်ခါတလေ ကိုယ့်မှာ အလုပ်တာဝန်တွေကြောင့် စိတ်ဖိစီးမှုများနေတဲ့အခါ ချစ်သူကောင်လေးတွေက စွန့်စားခန်းတစ်ခုဆီ ခေါ်သွားပြီး စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပေးပါလိမ့်မယ်။

၇။ အများကြီး မျှော်လင့်မထားဘူး

32.jpg 

မျှော်လင့်ချက်ဆိုတာ တစ်ခါတလေမှာ အားအင်ဆိုပေမယ့် တစ်ခါတလေမှာတော့ သိပ်ကိုလေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုပါ။ ဘာကိုမှ ကြိုတင်မှန်းဆလို့ မရတဲ့ ခေတ်ကြီးထဲမှာ မျှော်လင့်ချက် လေးလေးပင်ပင်တွေ မထားတာ ပိုကောင်းပါတယ်။ ကိုယ်နဲ့ရွယ်တူ (သို့) အသက်ကြီးတဲ့ သူတွေက အိမ်ထောင်ပြုဖို့၊ ကလေးမွေးခိုင်းဖို့ ရည်မှန်းချက်တွေ ပြည့်နေပေမယ့် မောင်လေးတွေကတော့ အချစ်တစ်ခုတည်းကိုပဲ ကိုးကွယ်ပြီး မျှော်လင့်ချက်လေးလေးပင်ပင်တွေ ထားမှာမဟုတ်ပါဘူး။ သူတို့နားမှာနေရတာ ကိုယ့်ရဲ့စိတ် ပိုမိုပေါ့ပါးပါလိမ့်မယ်။

Source: Youngisthan

Share

Loading Next Article...
က္က