ဖြစ်နိုင်မယ်ဆိုရင်တော့ ညီမလေးတွေကို ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစေချင်တယ်။

တချို့ကောင်မလေးတွေ လှလည်းလှတယ်၊ တော်လည်း တော်ရဲ့သားနဲ့ သူတို့နဲ့ မလိုက်ဖက်တဲ့ ခပ်ဆိုးဆိုး ကောင်လေးတွေကို ချစ်နေကြတာမျိုး မြင်ဖူးလား။ ဒါမှမဟုတ် ကိုယ်တိုင်ရော ကြုံခဲ့ဖူးလား။ ခပ်ဆိုးဆိုးကောင်လေးတွေကို ကောင်မလေးတွေ ဘာကြောင့်များ ကြွေရသလဲဆိုတာ မတွေးတတ်တော့လောက်အောင်ပါပဲ။ အဲ့လို ခပ်ဆိုးဆိုးကောင်လေးတွေကို ရွေးချယ်မိသူတွေကတော့ ဒါတွေကြောင့် ရွေးချယ်ဖြစ်ကြတယ်ဆိုတာ ပြောသွားတယ်။

၁။ မတော်တဆ

30.jpg 

တကယ်ချစ်လို့ ရွေးမိသွားတာတော့ မဟုတ်ဘူး။ လောလောလတ်လတ် ကြုံနေရတဲ့ စိတ်ညစ်စရာ၊ ပူဆွေးစရာတွေကနေ လွတ်မြောက်ချင်လို့ ရွေးမိသွားတာ။ စိတ်အပြောင်းအလဲဖြစ်မလားဆိုပြီး နီးစပ်မှုကြောင့် ကြိုက်မိသွားမျိုးက အဖြစ်များတယ်။

၂။ အချစ်ဦးမို့လို့

27.jpg 

ပထမဆုံး အချစ်ဦးကို ပြပါဆိုရင် မိဘတွေပဲ မဟုတ်လား။ ကိုယ် လူမှန်းမသိတတ်ခင်တည်းက မိဘအုပ်ထိန်းသူတွေကို အရင်ဆုံးချစ်ခဲ့ တွယ်တာခဲ့ကြတယ်။ ရင်ခုန်တတ်စအရွယ်မှာ သိပ်ပြီးတော့လည်း မစဉ်းစားမိကြဘူး။ ကိုယ့်အပေါ် ကောင်းကောင်း ဆိုးဆိုး မစဉ်းစားချင်ဘူး။ ချစ်ပဲချစ်နေချင်တာ။

၃။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားတော့တဲ့အခါ

51.jpg 

အရမ်းကို ဆိုးရွားပြင်းထန်လွန်းတဲ့ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ကြုံရတဲ့အခါ မိန်းကလေးတွေဟာ ပျက်စီးတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မထိမ်းသိမ်းနိုင်တော့ဘူး။ အရမ်းစိတ်ညစ်ပြီး လုပ်ချင်ရာ လုပ်လာကြတော့တယ်။ ဒီတော့ ကိုယ်ဆိုးတာထက် ပိုဆိုးတဲ့ကောင်လေးတွေကို တွဲဖြစ်သွားရော။ တချို့ဆို မူးယစ်ဆေး စွဲသွားကြတာမျိုးတောင် ရှိတယ်။ အတူတူ ဆိုးကြရင်း နှစ်ယောက်အတူ ပျက်စီးသွားကြရတာက သိပ်နှမျောဖို့ကောင်းပါတယ်။

Share

Loading Next Article...
က္က