လူတစ်ယောက်ကို တကယ်ချစ်ပြီဆိုရင် အချိန်ပေးတာက အကောင်းဆုံး သက်သေပြနည်းပါ။

ချစ်သူအဖြစ် ရွေးဖို့ဆိုရင် လူချင်း တွေ့ဆုံပြီး (date ပြီး) မှ ဆုံးဖြတ်ချက်ချတာ အမှန်ဆုံးပါပဲ။ တစ်ယောက်ကိုတစ်ယောက် သဘောကျနေပြီဆိုရင် လူချင်း အေးအေးဆေးဆေးတွေ့ကြည့်ပါ။ တကယ်လို့ သူ့ဘက်က ဒါတွေလုပ်လာပြီဆိုရင် သူကသင့်ကို တကယ်ချစ်ပြီး အတည်တွဲဖို့ဆိုတာ သေချာပါတယ်။

၁။ အချိန်ပေးတယ်

43.jpg 

လူတစ်ယောက်ကို တကယ်ချစ်ပြီဆိုရင် အချိန်ပေးတာက အကောင်းဆုံး သက်သေပြနည်းပါ။ သူ့ဘေးမှာရှိမနေဘူးဆိုရင်တောင် ဖုန်းနဲ့ဖြစ်ဖြစ် အွန်လိုင်းနဲ့ဖြစ်ဖြစ် သူက အချိန်ပေးပြီး စကားပြောနေမှာ။

၂။ အစီအစဉ်တွေ

ကိုယ်နဲ့ ဘာတွေဆက်လုပ်ချင်တယ်၊ ဘယ်တော့ ထပ်တွေ့မယ် ဆိုတာတွေကို သူကပဲ ဦးဆောင်ပြီး အစီအစဉ်တွေ ချနေတတ်တယ်။ ကိုယ့်ကို ထပ်တွေ့ချင်တယ်ဆိုတာ အရမ်းသိသာတယ်မဟုတ်လား။

၃။ ဖြောင့်မတ်တယ်

21.jpg 

ကိုယ့်ကို လိမ်ညာတာတွေ မလုပ်တော့ဘူး။ ကောင်းတာရော ဆိုးတာပါ အမှန်တိုင်းပြောတယ်။ ကိုယ့်နောက်ကွယ်မှာလည်း တခြားတစ်ယောက်နဲ့ တွဲတာမျိုး ၊ date တာမျိုး မလုပ်တော့ဘူး။

၄။ ဦးစားပေး

လူတိုင်းမှာ ကိုယ့်အကြိုက်ကိုယ်စီရှိတယ်။ အတ္တကိုယ်စီရှိကြတယ်။ ဒါပေမဲ့ အဲ့တာတွေကို နောက်ဆုတ်ပြီး တစ်ယောက်ယောက်ကို ဦးစားပေးမိပြီဆိုရင် ချစ်လို့တစ်ခုပဲရှိတယ်။

၅။ မျှဝေတယ်

47.jpg 

သုခတွေ ဒုက္ခတွေ အားလုံးကို မျှဝေတယ်။ ကောင်းတာလေး ရှိလာတဲ့အခါ မျှဝေသလို စိတ်ညစ်စရာတွေကိုလည်း တိုင်ပင်တတ်လာပါတော့တယ်။

Share

Loading Next Article...
က္က