post ဆိုတဲ့ ခလုတ်လေးကြောင့် နောင်တအကြီးအကျယ်မရချင်ဘူးမို့လား

ဘယ်လို relationship ပဲ ဖြစ်ဖြစ် အားလုံးမှာ အဆင်ပြေချိန်၊ အဆင်မပြေချိန်ဆိုတာ ရှိစမြဲပဲ။ ချစ်သူရည်းစား စုံတွဲတွေရော သူငယ်ချင်း အပေါင်းအသင်းတွေမှာရော တည့်လွန်းချိန်တွေ၊ မတည့်တော့လို့ လမ်းခွဲချိန်တွေဆိုတာ ရှိတယ်လေ။ ဒါကြောင့်မို့လို့ ကိစ္စတိုင်းဟာ လူမြင်အောင် အွန်လိုင်းမှာ မတင်သင့်ဘူး။ နှစ်ယောက်တည်းသိရင် လုံလောက်တဲ့ ကိစ္စတွေမှာ လူတွေအများကြီးသိသွားအောင် လုပ်လိုက်တာက အမှားတစ်ခုပါပဲ။ Post ဆိုတဲ့ ခလုတ်လေးနှိပ်ပြီးမှ နောင်တမရချင်ဘူးဆိုရင် သူနဲ့ပတ်သက်တာ တင်ခါနီးတိုင်း သူ့သဘောတူညီချက်ကို တောင်းသင့်ပါတယ်။



၁။ အိပ်ရာထဲကကိစ္စ

couple-in-bed.jpg 

ဒါကတော့ လုံးဝ (လုံးဝ)ကို မတင်သင့်တဲ့ကိစ္စ။ ကိုယ်ကစပြီးလည်း မတင်နဲ့၊ သူက တင်ချင်ပါတယ်ပြောရင်တောင် ငြင်းဆန်ပစ်ပါ။

၂။ ကိုယ့်ချစ်သူရဲ့သိက္ခာကျစေမဲ့ပုံတွေ

ကိုယ်ကတော့ ကျီဆယ်လိုတဲ့သဘောနဲ့ သူအိပ်နေတဲ့ ရုပ်ပျက်ဆင်းပျက်ပုံတွေကို တင်လိုက်တယ်။ ဒါပေမဲ့ သူ့ဘက်က ဒါကို ကသိကအောင့်ဖြစ်ရတယ်ဆိုတာ သိထားသင့်တယ်။ သူ့ကိုအရှက်ခွဲတယ်လို့ ခံစားနေရရင် အချစ်တွေက အမုန်းတွေဖြစ်သွားမှာ။

၃။ သူ့မကောင်းကြောင်း

26.jpg 

သူ့ဆီမှာရှိနေတဲ့ အကျင့်ဆိုးတွေ၊ ကိုယ်မကြိုက်တဲ့ အချက်တွေဟာ နှစ်ကိုယ်ကြား ညှိနှိုင်းရမယ့် ကိစ္စတွေပါ။ လူသိအောင် ထုတ်ရေးပြလိုက်လို့ သူ့ဘက်က ပြင်သွားမှာတော့မဟုတ်ဘူး။ လူတွေကလည်း သင်တို့အတွဲကိုလှောင်မယ်။ အချင်းချင်းလည်း နာကြည်းစရာတွေ ဖြစ်ကုန်မယ်။

၄။ Screenshot

ချက်ဘောက်မှာ ပြောထားတဲ့ စကားတွေက ဘာကြောင့်မို့လို့ လူတကာသိအောင် ထုတ်ပြရမှာလဲ။ အချင်းချင်း ယုံကြည်စိတ်ချလို့တောင် မရဘူးဆိုတဲ့ ခံစားချက်ကြီးက အရမ်းဆိုးတာ။

၅။ လမ်းခွဲရတဲ့အကြောင်း အသေးစိတ်

6.jpg 

ဘယ်သူက ဘာလုပ်လို့၊ ဘယ်တုန်းက ဘယ်လိုဖြစ်သွားတာ ဆိုတာတွေကို အသေးစိတ် တင်စရာမလိုဘူး။ ပြတ်လို့ ပြတ်ပြီဆိုတာ တင်ချင်တင်လို့ရတယ်။ ဒါပေမဲ့ အသေးစိတ် တစ်ခုချင်းစီကို အစီရင်ခံစာ တင်သလိုမျိုး မတင်သင့်ဘူး။ ကိုယ့်အနာဂတ်ကိုလည်း ထိခိုက်စေတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က