ရုပ်ချင်းဆင်လို့ ပေါင်းသွားရတာထက် လက်ထပ်ပြီးတော့မှ ရုပ်ချင်းတူလာကြတာ ပိုများတယ်။

တွဲတာကြာလာတဲ့ စုံတွဲတွေ တဖြည်းဖြည်း ရုပ်ချင်းဆင်လာတာကို သတိထားမိဖူးလား။ မဒီ့အသိ စုံတွဲတွေမှာတော့ အဲ့လိုမျိုးတွေ တွေ့ဖူးတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းလည်းချစ်တယ်၊ တွဲတာလည်းကြာပြီဆို သူတို့နှစ်ယောက်က တဖြည်းဖြည်း ရုပ်ချင်းဆင်လာတော့တာ။ ချစ်သူတွေ ဖြစ်စတုန်းကနဲ့ တခြားစီပဲ။ ကြာလေလေ မျက်နှာချင်းက ဆင်တူလေလေဖြစ်လာရခြင်းကို သိပ္ပံနည်းက စဉ်းစားအဖြေရှာလိုက်တော့ ဒါတွေကြောင့်လို့ ဆိုတယ်။

၁။ အတူတူရှိနေတာကြာလို့

43.jpg 

သွားအတူ လာအတူ စားအတူ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အတူတူလုပ်ဖြစ်တဲ့အရာတွေ များလာတယ်။ စားတာတွေလည်းတူနေတော့ ပိန်တဲ့လူက ဝလာတယ်၊ ဝတဲ့လူလည်း ပိန်လာတယ်။ အကြိုက်တွေပါ မသိမသာ တူလာတော့ ပုံစံကလည်း ဆင်လာတယ်လေ။

၂။ အပြန်အလှန်မျှဝေတယ်

49.jpg

တစ်ယောက်အကြိုက်ဆုံးအရာတွေကို နောက်တစ်ယောက်က လိုက်လုပ်ဖြစ်တာ ချစ်သူတို့ သဘာဝပဲမဟုတ်လား။ ဆိုကြပါစို့ နေပူဆာလှုံရတာကြိုက်တဲ့လူကို ချစ်သူတော်ထားရတော့ ဖြူတဲ့အသားလေးလည်း ညိုစိမ့်စိမ့်ဖြစ်လာတယ်လေ။

၃။ ရုပ်ချင်းဆင်လာတာကိုလည်း သဘောကျတယ်

ဒါကြောင့်မို့လို့လည်း couple thing တွေ ရောင်းကောင်းနေတာပေါ့။ ဆင်တူလေးတွေဝတ်တယ်။ ဖက်ရှင်ဆင်တူလေးတွေ ၊ အသုံးအဆောင် ဆင်တူလေးတွေ သုံးရတာကို ပျော်လာတာကိုး။

၄။ ကိုယ်ခံစွမ်းအား

အတူတူနေချိန်တွေ များလာတယ်။ လုပ်ဆောင်မှုတွေကလည်း တူနေတယ်ဆိုတော့ ကိုယ်ခံစွမ်းအားချင်းက တူလာပြီ။ စားသောက်နေထိုင်မှုပုံစံတွေ ၊ လူမှုဘဝတွေက အတူတူဖြစ်နေတာက အဓိကအကြောင်းရင်းပါ။ အိမ်ထောင်သက်ရှည်နေတဲ့ ဇနီးမောင်နှံတွေကိုလေ့လာကြည့်တဲ့အခါ ကိုယ်ခံစွမ်းအားချင်း တူနေတာ တွေ့ရပါတယ်။

 

မတူညီမှုတွေနဲ့ တူညီမှုတွေဆိုတာ အမြဲတမ်း ရှိနေတတ်တဲ့အရာတွေပါ။ ရုပ်ချင်းတူနေသူတွေ ညားတယ်ဆိုတာလည်း ခပ်ရှားရှားပါ။ ညားသွားတဲ့လူတွေကသာ ရုပ်ချင်းတွေ ဆင်ကုန်တာပါ။ ဒါပေမဲ့ ရုပ်ချင်းမဆင်လည်း အချစ်က အချစ်ပဲမဟုတ်လား။ အချစ်စစ်ရင် ဒါတွေက အချစ်လောက် အရေးမပါတော့ဘူးဆိုတာကိုတော့ ထပ်လောင်း ပြောလိုက်ချင်ပါတယ်။

Source : Bright Side

Share

Loading Next Article...
က္က