ကိုယ့်ကိုတကယ်ပဲ အာရုံစိုက်ထားလား၊ ပေါ်ပင်ဟန်ပြလားဆိုတာတော့ ခွဲတတ်တယ်မို့လား။

အရာအားလုံးကတော့ မတူညီကြဘူးပေါ့။ သူနဲ့ တွဲသင့်မသင့်ဆိုတာ လေ့လာပြီးမှ ဘယ်လိုအရာတွေနဲ့ ဆုံးဖြတ်ချက်ချမလဲ။ သူ့အပြုအမူတွေကိုသိရအောင်၊ သူ့စိတ်ကိုသိရအောင် တွေ့ကြည့် အကဲခတ်ကြတာပေါ့။ သူ့ဘက်ကလည်း ကိုယ်နဲ့တွဲချင်စိတ် ရှိနေမလားဆိုတာကတော့ ဒီအချက်တွေနဲ့ ဆုံးဖြတ်လို့ရလောက်ပါတယ်။

၁။ ခံစားချက်တွေပွင့်လင်းတယ်

40.jpg 

သူဘယ်လိုခံစားနေရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတယ်။ အဲ့လိုပြောလိုက်ရတဲ့အတွက်လည်း သူ့ဘက်က သက်တောင့်သက်သာရှိတယ်။ အစတည်းက လိမ်ညာဖုံးကွယ်တာတွေ ရှိနေကြရင် ဘယ်လိုမှအဆင်မပြေဘူးလေ။

၂။ တခြားမိန်းမတွေနဲ့ အီစီကလီမလုပ်တော့ဘူး

28.jpg 

သူ့ဘာသာ အရင်က ဘယ်လိုပဲရှုပ်ခဲ့ပါစေ ခုချိန်မှာ အဲ့တာတွေကို ရပ်လိုက်ပါပြီ။ တခြားမိန်းကလေးတွေနဲ့လည်း အီစီကစီ မလုပ်တော့ဘူး။ ကိုယ်အထင်ကြီးအောင် နေပြတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ့်ကိုတကယ်စိတ်ဝင်စားလို့ တခြားမိန်းကလေးတွေကို လျစ်လျူရှုလိုက်တာလည်းဖြစ်နိုင်တယ်။

၃။ အဆက်အသွယ်မပြတ်ဘူး

ကိုယ်က မက်ဆေ့ပို့လိုက်ရင် ပြန်ပို့တယ်။ မက်ဆေ့ကိုမြင်တာနဲ့ ချက်ခြင်းပြန်ပို့တာပါပဲ။ ပြီးတော့ သူ့ဘက်စပြီး မက်ဆေ့ပို့ဖို့၊ ဖုန်းခေါ်ဖို့ကိုလည်း ဝန်မလေးပါဘူး။

၄။ သူ့ဘဝအကြောင်း

50.jpg 

သူ့ဘဝထဲကို ဆွဲခေါ်လာပါလိမ့်မယ်။ အဲ့ဒီအတွက် သူ့အကြောင်းတွေကို ပြောပြတယ်။ သူဝါသနာပါတဲ့အရာတွေကို သင့်ကိုလည်း မျှဝေတယ်။

Share

Loading Next Article...
က္က