ချစ်သူက အစစ အရာရာ လိုက်လုပ်ပေးနေတာကို မျှော်လင့်မိရင် သူ့အတွက်ရော ကိုယ့်အတွက်ပါ မကောင်းဘူး။

သဝန်တိုတာလေးက ချစ်စရာကောင်းတယ်လို့ ထင်ကြတယ်။ ချစ်လို့ သဝန်တိုတယ်ဆိုပြီးတော့လည်း ကြည်နူးမိကြတယ်လေ။ သဝန်တိုတာလည်း များလာရော သံသယတွေဝင်ပြီး ပြတ်တော့တာပဲ။ Relationship တစ်ခုမှာ ကောင်းတယ်လို့ ထင်ရပေမဲ့ အဆုံးသတ်သွားစေနိုင်တဲ့အကျင့်တွေ အများကြီးရှိပါတယ်။



၁။ နားအေးရင်ပြီးရော

20.jpg 

သူလည်း သူလုပ်ချင်ရာလုပ်၊ ကိုယ်လည်း ကိုယ်လုပ်ချင်တာလုပ်မယ်ဆိုပြီး နေကြတာက ပြဿနာတွေ မဖြစ်တာတော့ မှန်တယ်။ ချစ်သူတွေဆိုတာ နှစ်ယောက်သား ဘဝကို မျှဝေရင်း အမှတ်တရတွေ ဖန်တီးရတာလေ။ အတူပူးပေါင်းပတ်သက်တာမရှိတဲ့၊ အမှတ်တရတွေမရှိတဲ့ ဆက်ဆံရေးက သွေးအေးပြီး ဖောက်ပြန်ဖို့လွယ်တယ်။

၂။ တစ်ခုခုလုပ်မိတိုင်း ဒဏ်ခတ်တာ

55.jpg 

ကိုယ်မကြိုက်တာတွေကို ကြိုပြောထားသားနဲ့ လုပ်မိလို့ဆိုပြီး ကိစ္စတိုင်းကို ဒဏ်ခတ်တာက အချစ်ရေးတစ်ခုနဲ့ မတူဘူး။ စည်းကမ်းတင်းကျပ်လွန်းတဲ့ အကျဉ်းထောင်တစ်ခုနဲ့ တူနေပြီလို့ သူ့ဘက်က ခံစားနေရမှာ။

၃။ ဘယ်တော့မှ ရန်မဖြစ်ဘူး

21.jpg

လူဆိုတာ မနက်ကစိတ်နဲ့ ညနေမှာဖြစ်တဲ့စိတ် တစ်ယောက်တည်းတောင် ကွဲနေတတ်တာပဲ။ ကိုယ့်စိတ်နဲ့ကိုယ် မကျေနပ်တာတွေ ဒွိဟဖြစ်တာတွေရှိတယ်။ အဲ့ဒီတော့ သူနဲ့လည်း စကားများရန်ဖြစ်မှာပဲ။ အမြဲတမ်း ရန်ဖြစ်နေရမယ်လို့တော့ မဆိုလိုပေမဲ့ ရန်မဖြစ်ဘဲ စိတ်ထဲကြိတ်မှိတ်မျိုသိပ်ထားတာက ကြာလာရင် ပေါက်ကွဲမိတော့တာပဲ။

၄။ မှီခိုတယ်

17.jpg 

ချစ်သူမို့လို့ မှီခိုအားကိုးချင်တာ သဘာဝပါ။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် ကိုယ့်ချစ်သူက ကိုယ့်ကိုဂရုစိုက်စောင့်ရှောက်ပေးတာ လိုချင်တယ်။ တစ်ဖက်မှာ ဝန်ထုပ်ဝန်ပိုးလို မွန်းကြပ်ရတယ်ဆိုတာကိုတော့ မေ့နေတတ်တယ်လေ။ အပြန်အလှန် ကူညီဖေးမတာမျိုးပဲဖြစ်သင့်ပါတယ်။ ချစ်သူက အစစ အရာရာ လိုက်လုပ်ပေးနေတာကို မျှော်လင့်မိရင် သူ့အတွက်ရော ကိုယ့်အတွက်ပါ မကောင်းဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က