မျက်နှာတည်ကြီးနဲ့ နေနေတာမျိုးကို ခုပဲ ရပ်တန့်လိုက်ပါတော့။

ငါ ဘာလို့ သူ့လို မပျော်နိုင်ရတာလဲဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖူးလား။ ပျော်ရွှင်နေတဲ့လူတွေဟာ အကောင်းဆုံးအရာတွေကို ပိုင်ဆိုင်ထားရလို့ မဟုတ်ပါဘူး။ သူတို့မှာရှိတဲ့ အရာတွေကိုပဲ ကျေနပ်လက်ခံထားလို့ ပျော်နိုင်တာပါ။ ပြီးတော့ ဒီလိုအကျင့် စိတ်ထားလေးတွေလည်း ရှိကြသေးတယ်။

၁။ မျှဝေတယ်

4.jpg 

လျှို့ဝှက်ချက်တွေ အများကြီးနဲ့ တစ်ယောက်တည်း အထီးကျန်နေသူမျိုး မဟုတ်ဘူး။ ကိုယ့်ခံစားချက်တွေကို သိုဝှက်ပြီး ကျိတ်မှိတ်နာကျင်ရမယ့်အစား ချစ်ခင်သူတွေကိုလည်း ရင်ဖွင့်တယ်။ စိတ်ထဲမှာ တေးထားတာမျိုး မရှိဘူး။ သူများတွေရင်ဖွင့်လာရင်လည်း နားထောင်ပေးတတ်တယ်။

၂။ ခွင့်လွှတ်တတ်တယ်

ခွင့်လွှတ်တတ်တဲ့ နှလုံးသားဟာ အရမ်းအေးချမ်းပါတယ်။ လက်စားချေလိုစိတ်တွေ ရှိနေသမျှ လူက ပူလောင်နေရတယ်လေ။ ပျော်စရာတွေကိုလည်း မပျော်နိုင်ဖြစ်ရမှာ။

၃။ နားထောင်တတ်သူ

16.jpg 

ကိုယ်ကပဲ စကားတွေ တတွတ်တွတ် ပြောနေတာက တစ်ကိုယ်ကောင်းဆန်ပါတယ်။ သူများတွေရဲ့ ပြောစကားကို နားထောင်ပေးကြည့်ပါ။ စကားဆုံးအောင် နားထောင်ပြီးတော့မှ ကိုယ့်အမြင်ကို ပြောတတ်သူတွေဟာ သောကနဲ့ဒေါသနည်းသူတွေ ဖြစ်နေတတ်ကြတယ်။

၄။ မနာလိုဝန်တိုမှုကို ခွန်အားအဖြစ်ပြောင်းတယ်

ကိုယ့်ထက်သာနေတဲ့လူကို မနာလိုဝန်တိုစိတ်လေးတွေကတော့ လူအတော်များများမှာ ရှိတတ်ကြတယ်။ အမြဲတမ်းပြုံးပျော်နေသူတွေမှာလည်း ရှိတတ်တယ်။ ဒါပေမဲ့ သူတို့က မနာလိုမှုတွေကို ခွန်အားအဖြစ် ပြောင်းလဲလိုက်ပြီး မခံချင်စိတ်နဲ့ ပိုကြိုးစားကြတယ်။ သူများကို ပုတ်ခတ်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပိုတိုးတက်လာအောင်ပဲ ကြိုးစားတယ်။

၅။ အပြုံး

61.jpg 

ပြုံးပါ.... မျက်နှာတည်ကြီးနဲ့ နေနေတာမျိုးကို ခုပဲ ရပ်တန့်လိုက်ပါတော့။ ကိုယ့်အပြုံးကြောင့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေလည်း ပျော်ရွှင်ရတယ်။ ကိုယ်တိုင်လည်း ပျော်ရွှင်လာရတယ်။

Share

Loading Next Article...
က္က