အမျိုးသမီးတွေက ကမ္ဘာကြီးကို ပြောင်းလဲပစ်နေကြချိန်မှာ သူကလည်း ဟောလိဝုဒ်နဲ့ အော်စကာသမိုင်းကို ဦးဆောင်ပြောင်းလဲပစ်ခဲ့တယ်။

အနုပညာအသိုင်းအဝိုင်းမှာ အကျော်ကြားဆုံး ဆုတစ်မျိုးဖြစ်တဲ့ အော်စကာဆုရဲ့သမိုင်းမှာ မှတ်တမ်းဝင်ခဲ့သူ လူမည်းအမျိုးသမီးတစ်ဦးအကြောင်းကို အတ္ထုပ္ပတ္တိရုပ်ရှင်ကား ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ သရုပ်ဆောင် Hattie McDaniel ဟာ အော်စကာဆုရတဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်ပါတယ်။ Gone Winth the Wind ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၄၀ ခုနှစ်မှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအဖြစ် အော်စကာဆု ရခဲ့တာပါ။ သူမဟာ အော်စကာသမိုင်းမှတ်တမ်းဝင် အမျိုးသမီးတွေထဲက တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။


 

ဒီဇာတ်ကားရိုက်ကူးဖို့အတွက် Hattie McDaniel: Black Ambition, White Hollywood အတ္ထုပ္ပတ္တိစာအုပ် ရေးခဲ့သူ စာရေးဆရာ Jill Watts ဆီကနေ မူပိုင်ခွင့် ယူထားပြီးပြီလို့လည်း သိရတယ်။ ဇာတ်ကားကို ထုတ်လုပ်သူ Alysia Allen ဟာ လူမည်းအမျိုးသမီးတွေအတွက် စာဖတ်အသင်းကို မြို့အများအပြားမှာ Mocha Girls Read အမည်နဲ့လည်း ဖွင့်လှစ်ထားသူ ဖြစ်ပါတယ်။ သမိုင်းတွင်စေမယ့် အမည်ကို အော်စကာမှတ်တမ်းမှာ ရေးထိုးခဲ့တဲ့ McDaneil အကြောင်းကိုလည်း ရိုက်ကူးထုတ်လုပ်ဖို့ သူက ဆုံးဖြတ်ခဲ့တာပါ။

 

McDaniel ဟာ ကျွန်အဖြစ်မှလွတ်မြောက်လာတဲ့မိဘကနေ မွေးဖွားခဲ့သူပါ။ Gone With the Wind ဇာတ်ကားမှာလည်း "Mammy" (လူဖြူကလေးတွေကို ထိန်းကျောင်းပေးရတဲ့ လူမည်းအမျိုးသမီး) အဖြစ်နဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ McDaniel ကို အိမ်အကူ၊ ထမင်းချက် စတဲ့ နေရာတွေမှာ ပါဝင်သရုပ်ဆောင်ရတာကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူလူထုအခွင့်အရေးဆိုင်ရာ အဖွဲ့တွေက မကြာခဏ ဝေဖန်ကြတယ်။ ဒါကို " ကျွန်မကတော့ အိမ်အကူလုပ်ပြီး တစ်ပတ်ကို ၇ ဒေါ်လာပဲရမှာထက် အိမ်အကူနေရာက သရုပ်ဆောင်ပြီး ဒေါ်လာ ၇၀၀ ရမမယ့်အလုပ်ကို လုပ်မယ်" လို့ McDaniel က ဆိုရှာတယ်။

 

နောက်ထပ် လူမည်းသရုပ်ဆောင်တစ်ဦး အော်စကာမရခင် အချိန်ထိအောင် သူမဟာ ဆယ်စုနှစ်များစု အိမ်အကူ/ထမင်းချက် နေရာကနေ သရုပ်ဆောင်နေခဲ့ရပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ လူမည်းသရုပ်ဆောင် Sidney Poitier ဟာ အော်စကာဆုရ ဒုတိယမြောက်လူမည်းဖြစ်လာခဲ့တယ်။ McDaniel ဟာ ၁၉၅၂ ခုနှစ် (အသက် ၅၂ နှစ်အရွယ်)မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဟောလိဝုဒ်ကို ပြောင်းလဲပစ်ခဲ့တဲ့ အမျိုးသမီးတွေထဲမှာ တစ်ဦးအပါအဝင်လည်း ဖြစ်ခဲ့ပြီး Gone With the Wind ဇာတ်ကားဟာလည်း ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်လောက်အောင် လွမ်းမောတသဖွယ်ကောင်းတဲ့ ရုပ်ရှင်တစ်ခု ဖြစ်နေဆဲပါပဲ။

Source : Jezebel


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က