အရမ်းရင်းနှီးတဲ့ သူငယ်ချင်းလေးက ကိုယ့်ကို အမြင်မကြည်တာ အူတိုလို့ပါ။

ဒါက သူငယ်ချင်းတွေကို အရမ်းချစ်တတ်သူတိုင်း ကြုံရတဲ့ကိစ္စ။ အချိန်အကြာကြီးထိ FA ဘဝနဲ့ နေလာတယ်။ သူငယ်ချင်းတွေနဲ့ပဲ အတူတူရှိနေတယ်။ တကယ်ချစ်တဲ့လူလည်း ရလာရော အဲ့ဒီတစ်ယောက်ကို သူငယ်ချင်းတွေက သဘောမကျကြဘူး။ ကိုယ့်ချစ်သူကလည်း သူ့ကို မနှစ်မြို့မှန်းသိသွားတော့ သူငယ်ချင်းတွေကိုလည်း အမြင်မကြည်ဖြစ်လာတယ်။ ချစ်သူနဲ့ သူငယ်ချင်းတွေကြားမှာ ကြားညပ်ပြီး နေရခက်တဲ့ကိစ္စကို ဘယ်လိုပြေလည်အောင် လုပ်ကြမလဲ။

၁။ သူငယ်ချင်းတွေကို ကျေးဇူးတင်

16.jpg 

ဘော်ဒါအစစ်ဆိုတာ ကောင်းလည်းအတူ ဆိုးလည်းအတူပဲ။ အတူတူဆိုးရင်သာ ဆိုးမယ်။ ကိုယ်တစ်ယောက်တည်းကွက်ပြီး ဆိုးနေရင်တော့ လက်ခံကြတာမဟုတ်ဘူး။ ကိုယ့်ချစ်သူမှာ သူတို့သဘောမကျစရာ တစ်ခုခုရှိနေလို့ ကန့်ကွက်တာ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ကို ဂရုစိုက်လို့သာ ပြောကြတာပေါ့။ အဲ့ဒီအတွက် သူငယ်ချင်းတွေကို ကျေးဇူးတင်လိုက်ပါ။

၂။ နားထောင်ကြည့်ပါဦး

ဘာဖြစ်လို့ သဘောမကျရတာလဲဆိုတဲ့ အကြောင်းပြချက်တော့ သူတို့မှာ ရှိမှာ သေချာတယ်။ အဲ့တာ ဘာလဲဆိုတာ အရင်နားထောင်ကြည့်ပါဦး။ ကျိုးကြောင်းခိုင်လုံရဲ့လားဆိုတာ သိရအောင်လုပ်ရမယ်။

၃။ အူတိုလို့

21.jpg 

အရမ်းရင်းနှီးတဲ့ သူငယ်ချင်းလေးက ကိုယ့်ကို အမြင်မကြည်တာ အူတိုလို့ပါ။ ကိုယ်က ရည်းစားမရှိဘဲ အချိန်ကြာကြာနေခဲ့တော့ သူ့ကို အချိန်ပေး ဂရုစိုက်နိုင်တယ်လေ။ အခု ရည်းစားရသွားတော့ အရင်လိုမျိုး သူ့ကို ဂရုမစိုက်နိုင်တော့တဲ့အခါ အူတိုပြီးတော့လည်း ကိုယ့်ချစ်သူကို အမြင်မကြည်ဖြစ်တတ်ပါတယ်။

၄။ ပြန်ဂရုစိုက်ပေးလိုက်ပါဦး

သူငယ်ချင်းတွေကို ပလစ်ထားတာ ၊ လျှော်ထားတာ များနေပြီလားလို့ ပြန်စဉ်းစားကြည့်ဦး။ ကိုယ့်ဘက်က ပျက်ကွက်တာတွေအတွက် အချိန်ပြန်ပေးသင့်တယ်လေ။ ရည်းစားရမှ သူငယ်ချင်းတွေကို ခေါက်ပစ်လိုက်တာကတော့ တကယ့်သူငယ်ချင်းအစစ်မဟုတ်လို့ဘဲ။

၅။ အကြံတောင်းပါ

20.jpg 

" ဟုတ်ပြီ... နင်တို့ကို ငါနားလည်တယ်။ ဒါပေမဲ့ ငါ သူ့ကိုလည်းချစ်တယ်။ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ငါ့ကိုပြောပြပါ" လို့ သူတို့ကို ပြောကြည့်ပါ။ ပြေရာပြေကြောင်းလည်း ဖြစ်သွားတာပေါ့။ အဲ့လိုသာ ပြောလိုက်ရင် သူငယ်ချင်းတွေက အားတက်သရော ကူညီကြလောက်ပါရဲ့။

Share

Loading Next Article...
က္က